ဇန်နဝါရီ ၁၄ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-01-14

တနင်္ဂနွေ - တစ်နေ့လုံးမှာ စိတ်ရောလူပါ ထိုင်းမှိုင်းလေးလံတာ၊ စိတ်တွေ ရှုပ်ထွေးလွယ်တာ၊ အသွားအလာတွေ များလာတာမျိုး ကြုံတွေ့ခံစားရတတ်တယ်။ လုပ်ကိုင်ကြံစည်သမျှတွေလည်း ထင်သလို မဖြစ်ဘဲ စိတ်ပျက်မယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အနှောင့်အယှက်တွေ များမယ်။ ငွေကြေးကိစ္စနဲ့ စကားအခြေအတင် ဖြစ်လိမ့်မယ်။ အကြီးအကဲ၊ အာဏာပိုင်တွေနဲ့ ပြဿနာ မဖြစ်အောင် ရှောင်ရမယ်။ နှလုံးသားရေးမှာ ကောင်းဆိုးဒွန်တွဲမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတွေကို အလင်းတိုင်၊ ဓာတ်မီးတစ်ခုခု လှူပါ။

ညံ့

တနင်္လာ - ဘယ်ကိစ္စမဆို အခြေအတင်လေးတွေ ဖြစ်ပြီးမှ အဆင်ပြေမယ့်နေ့ ဖြစ်တယ်။ မျက်နှာပူစရာတွေနဲ့ အားနာစရာကိစ္စတွေ ကြုံရလိမ့်မယ်။ လူကြီးသူမတွေနဲ့လည်း စကားများရတာမျိုး ဖြစ်မယ်။ အစိုးရပိုင်းကိစ္စတွေ လုပ်နေရရင် ဒီနေ့မှာ စိတ်ညစ်ရတတ်တယ်။ အလုပ်တွေတော့ ကောင်းမယ်။ ငွေကြေးအရလည်း ကျေနပ်စရာ ဖြစ်မယ်။ ဝင်ငွေလမ်းကြောင်း ဖြောင့်လာမယ်။ ဒါပေမယ့် ဥပဒေနဲ့ မလွတ်ကင်းတာတွေ ကြပ်ကြပ် ရှောင်ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဝမ်းမြောက်စရာတွေ ဖြစ်လာမယ်။ ချစ်သူစုံတွဲတွေအဖို့ လိုအင်ဆန္ဒ ပြည့်ဝမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ကြာဆံကြော် ကပ်လှူပေးပါ။

ကောင်း

အင်္ဂါ - စပ်တူရှယ်ယာအလုပ်တွေက အကျိုးပေးမယ့်နေ့ ဖြစ်တယ်။ အများနဲ့ ပေါင်းစပ်လုပ်ကိုင်တဲ့ စီးပွားရေးမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရတတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုရင်လည်း တိုးတက်ဖြစ်ထွန်းမှုတွေ မြင်တွေ့ရပြီး လုပ်ချင်ဖြစ်ချင်တဲ့ အနေအထားမျိုးကို ဖန်တီးလာနိုင်မယ်။ ငွေကြေးကံ ပွင့်လန်းမယ့်နေ့ ဖြစ်တယ်။ ရှာလို့ဖွေလို့ ကောင်းနေမယ်။ ဒါပေမယ့် မိသားစုထဲမှာက စိတ်ဝမ်းကွဲစရာတွေရော မသင့်မြတ်တာတွေရော ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဝမ်းနည်းစရာတွေ ကြုံရတတ်တယ်။ အချင်းချင်း ပြဿနာတွေ ရှာမိတတ်တယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အမွှေးနံ့သာ ၃ တိုင် ပူဇော်ပါ။

ကောင်း

ဗုဒ္ဓဟူး - ကိုယ်ပိုင်အတွေးအခေါ် ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်ရမယ့်နေ့ ဖြစ်တယ်။ သူတပါးအကြံဉာဏ်ကို ယူမိရင် မျှော်လင့်သလို မဖြစ်ဘဲ လွဲချော်ရလိမ့်မယ်။ စကားအပြောအဆိုတွေ သတိပြုရမယ်။ စကားလွန်တာ၊ ကတိ ပျက်တာတွေကြောင့် စိတ်ညစ်ရတတ်တယ်။ အသွားအလာမှားလို့လည်း ပြဿနာ ဖြစ်တတ်တယ်။ အလုပ်ကိစ္စ ငွေကြေးကိစ္စမှာ လုံးလည်ချာလည်တွေ ဖြစ်နေမယ်။ နှလုံးသားရေးမှာလည်း အတိုက်အခံလေးတွေ ကြုံရမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ လက်ဖက်ထမင်းနဲ့ ဘုရားကို ဆွမ်းကပ်ပြီး ဆုတောင်းပါ။

သင့်

ရာဟု - လုပ်ချင်တာလေးတွေ အတော်များများ လုပ်ဖြစ်ကိုင်ဖြစ်လိမ့်မယ်။ အလုပ်မှာ လက်ရှိအလုပ်တွေထက် အရင် လုပ်ဖူးတဲ့၊ အစောပိုင်းက ကြိုးစားထားတဲ့ အလုပ်တွေက အခြေအနေ ပြန်ပေးလာမယ်။ စီးပွားရေးထက် ပညာရေး၊ လေ့လာရေးပိုင်းမှာ ပိုကောင်းနိုင်တယ်။ ငွေကြေးစီးပွားကံ ထူးခြားတယ်။ ရပေါက်ရလမ်းအသစ်တွေ ပေါ်ပေါက်လာနိုင်တယ်။ ဒါပေမယ့် ကိုယ့်ရပိုင်ခွင့်တွေအတွက် အခြေအတင် ပြောဆိုရတာမျိုး ရှိတတ်တယ်။ အချစ်ရေးမှာ စိတ်အားထက်သန်စရာကိစ္စလေးတွေ ဖြစ်လာမယ်။ စကားများတတ်ပေမယ့် ပြန်ပြေလည်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေရင်အေး ကပ်လှူပြီးတော့ ဆုတောင်းပါ။

ကောင်း

ကြာသပတေး - မိတ်ဆွေအပေါင်အသင်းကြောင့် စိတ်ရောလူပါ ဒုက္ခများရတတ်တယ်။ ကိုယ်တိုင်က ခက်ခဲတဲ့ နေ့မျိုး ဖြစ်သလို အနားကလူတွေကလည်း အားကိုးမရဘဲ ဖြစ်နေမယ်။ ဘာပဲလုပ်လုပ် အကြိမ်ကြိမ် လုပ်ကိုင် ရုန်းကန်ပြီးမှသာ သူများနဲ့တန်းတူ လိုက်နိုင်လိမ့်မယ်။ အလုပ်တွေကလည်း မရေမရာနဲ့ ဖြစ်မယ်။ နေရာဌာနနဲ့ အိုးအိမ်ကိစ္စတွေ လုပ်ရင် အဆင်မပြေဘဲ လက်လျှော့ရတတ်တယ်။ မေတ္တာရေးကံတော့ ကောင်းမွန်နိုင်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဗောဓိညောင်မှာ ရေ ၉ ခွက် လောင်းပြီး ယတြာပြုပေးပါ။

ညံ့

သောကြာ - ဒီနေ့မှာ စိတ်တွေ များပြီး ဖြစ်ချင်တာတွေ ရှုပ်နေတတ်လို့ အကောင်းရောအဆိုးပါ ကြုံရလိမ့်မယ်။ အသွားအလာတွေ များလာမယ်။ အိမ်မကပ်ဘဲ ဖြစ်နေမယ်။ ဟိုပြောင်းဒီပြောင်းတွေလည်း လုပ်မိတတ်တယ်။ အလုပ်မှာတော့ သူ့အလိုလို အဆင်ပြေတာ များမယ်။ ကိုယ့်ဘက်က ကြိုးစားရင် ပိုပြီးတော့ ကောင်းလိမ့်မယ်။ ငွေရေးကြေးရေးလည်း ကံကောင်းတတ်တယ်။ ဒါပေမယ့် အပျော်အပါးကိစ္စတွေ ရှိရင် သတိနဲ့ ထိန်းချုပ်ရမယ်။ မဟုတ်ရင် လိုအင်မပြည့်ဘဲ စိတ်ပဲ ညစ်ရလိမ့်မယ်။ နှလုံးသားရေးမှာ အထစ်အငေါ့တွေ များမယ့်နေ့ဖြစ်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သီလရှင်တွေကို ဆွမ်းဆန်လောင်းလှူပါ။

သင့်

စနေ - ကလေးမီးဖွားတဲ့သတင်း ကြားရရင်၊ အိမ်နားမှာ ကိုယ်ဝန်ဆောင်ရှိရင် ငွေကြေးကံကောင်းတတ်တယ်။ လိုအင်ဆန္ဒတွေ ပြည့်တတ်တယ်။ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေ ပေါ်ရင် ကိုယ်တိုင် ပါဝင် လုပ်ကိုင် ကူညီပေးပါ။ ကိုယ့်အတွက်ပါ ကံကောင်းမှု ရမယ်။ အလုပ်မှာ စိတ်ညစ်စရာလေးတွေ ရှိပေမယ့် ထင်သလောက် မဆိုးဘဲ ဖြစ်မယ်။ ငွေကြေးပိုင်းမှာ ကြန့်ကြာတာတွေ ဖြစ်မယ်။ မေတ္တာရေးမှာ ခဏခဏ စကားများရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သောက်တော်ရေ ကိုယ်တိုင် ကပ်လှူပေးပါ။

သင့်

#lotaya_horoscope




Some text some message..