ရာသီခွင်အလိုက် ချစ်သူအပေါ် ဂရုစိုက်ကြောင်း ပြသတတ်ပုံလေးတွေ
lifestylemyanmar.com
|
2022-01-17

ကျွန်တော်တို့အားလုံးဟာ ကိုယ့်ရဲ့မေတ္တာကို ပုံစံအမျိုးမျိုးဖြင့် ပြသလေ့ရှိပါတယ်။ လူတိုင်းမှာ သူတို့ဘယ်လို ဂရုစိုက်ကြောင်း၊ ဘယ်လို ပံ့ပိုးပေးပြီး အကာအကွယ်ပေးနိုင်ကြောင်း ပြသတဲ့ ကိုယ်ပိုင်နည်းလမ်းတွေရှိကြပါတယ်။ တကယ်လို့ သင်ဟာ သင့်လက်တွဲဖော်က ဘာ့ကြောင့် တနည်းတဖုံ ပြုမှုသလဲဆိုတာကို နားလည်ဖို့ ခက်ခဲနေရင် သူတို့ရဲ့ ရာသီခွင်လက္ခဏာက သင့်အား ချစ်ခြင်းမေတ္တာဘာသာစကားကို ဆုံးဖြတ်ရာတွင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

၁။ Aries (မတ်လ ၂၁ မှ ဧပြီလ ၁၉)

ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်နှင့်ပတ်သတ်လို့ ဂရုစိုက်တဲ့အခါ သူတို့ကို အရမ်းကာကွယ်ပေးလေ့ရှိပါတယ်။ Aries တွေကလည်း တစ်စုံတစ်ယောက်ကို ဂရုစိုက်တဲ့အခါ သူ့အတွက် ရန်ဖြစ်ရတဲ့အထိ ကာကွယ်ပေးပါလိမ့်မယ်။ သူတို့က သင့်နောက်မှာ ရှိနေတယ်ဆိုတာကို သေချာပေါက် သိစေချင်ကြပါတယ်။

၂။ Taurus (ဧပြီ ၂၀ မှ မေ ၂၀)

သင့်ကို သူတို့ ဂရုစိုက်ကြောင်းပြသဖို့ အရမ်းထိမိပြီး ခံစားရတဲ့ နည်းလမ်းနဲ့ အချစ်တွေ သွန်းလောင်းပေးမှာဖြစ်ပါတယ်။ သူတို့က သင့်ကို ပံ့ပိုးပေးလိမ့်မယ်၊ သင့်ကို အများကြီး အာရုံစိုက်ပေးပြီး သင့်ဘဝအသေးစိတ်အချက်အလက်တွေကို မှတ်သားထားမှာဖြစ်ပါတယ်။

Taurus တွေက သင့်ကို ဂရုစိုက်တဲ့အခါ သင့်အတွက် ၂၄နာရီ တစ်ပတ် ရှိနေမှာဖြစ်ပါတယ်။ သူတို့က သင့်အတွက် ချက်ပြုတ်ပေးတာမျိုး၊ မုန့်ဖုတ်ပေးတာမျိုး၊ ပန်းစည်းပေးပို့တာမျိုးဖြင့် သူတို့ရဲ့အချစ်ကို ပြသပေးမှာ ဖြစ်ပါတယ်။ ပွေ့ဖက်ခြင်း (သို့) ဆံပင်လေးတွေကို သပ်တင်ပေးခြင်းကလည်း သူတို့ရဲ့ ဂရုစိုက်တတ်သော အမှုအရာတစ်ခုဖြစ်ပါတယ်။

၃။ မေထုန်ရာသီ (မေ ၂၁ မှ ဇွန် ၂၁)

သူတို့က စွန့်စားခန်းတွေကို အမြဲတမ်းသွားချင်ပြီး အချိန်ကောင်းတွေကို သင်နဲ့အတူ ကုန်ဆုံးချင်ပါလိမ့်မယ်။ သင်ဝမ်းနည်းတဲ့အခါ ရယ်စရာတွေနှင့်အတူ သင့်ကို အားပေးဖို့ ကြိုးစားပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့အခက်ခဲဆုံးနေ့ရက်တွေဆိုရင် သင့်အနားမှာ တောက်တဲ့လို ကပ်နေတတ်ပြီး သင့်ကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ပါဘူး။

Gemini တွေအနေနဲ့ ဂရုစိုက်ကြောင်း ပြသမယ့် အကြီးမားဆုံးနည်းလမ်းတစ်ခုက သင့်အား စွန့်စားခန်းသို့ ခေါ်ဆောင်သွားခြင်း (သို့) အမှတ်တရ အတွေ့အကြုံတွေပေးခြင်း ဖြစ်ပါတယ်။ သူတို့က သင်နဲ့ နာရီပေါင်းများစွာ စကားပြောပြီး သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။

၄။ Cancer (ဇွန် ၂၂ မှ ဇူလိုင် ၂၂)

သူတို့က သင့်ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေမှာ အမြဲတစေ ပါဝင်ပတ်သတ်လိုကြပါလိမ့်မယ်။ သူတို့က မင်းကို အချစ်တွေနဲ့ သွန်းလောင်းပေးနိုင်အောင် မင်းအနားမှာ ရှိနေချင်ကြပါတယ်။

ကရကဋ်တွေက တစ်စုံတစ်ယောက်ကို တကယ်ဂရုစိုက်တဲ့အခါ အနားမှာ အချိန်တိုင်း ရှိချင်နေတတ်ပါတယ်။ သူတို့က ချစ်ရသူရဲ့ပြဿနာတွေကို နားထောင်ပေးချင်ပါတယ်၊ ချစ်ရသူရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုပေးချင်ပါတယ်။ သူတို့ဘဝက ချစ်ရသူနဲ့အတူဆိုရင် ဘယ်လောက်ပိုကောင်းလဲဆိုတာ သိစေချင်ကြပါတယ်။

၅။ Leo (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂)

တစ်စုံတစ်ယောက်ကို သူတို့ ဂရုစိုက်တဲ့အခါ သူတို့ရဲ့ သာမာန် ရက်ရောမှုက ကြီးကြီးမားမား ဖြစ်လာပါတယ်။ သူတို့က သင့်ကို အဖိုးတန်တဲ့ လက်ဆောင်တွေ ပေးရပါလိမ့်မယ်။ လက်ဆောင်တွေပေးခြင်းဖြင့် သူ့ရဲ့ ဂရုစိုက်မှု ၊ချစ်ခြင်းမေတ္တာကို ပြသပါလိမ့်မယ်။ သူတို့က သင်လိုအပ်တဲ့အခါတိုင်း သင့်အတွက် ရှိနေပေးမှာ ဖြစ်ပါတယ်။

၆။ Virgo (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)

သူတို့က ဂရုစိုက်ကြောင်း ဖွင့်မပြောတတ်ကြပေမယ့် သူတို့ရဲ့ ပံ့ပိုးမှုနဲ့ ဂရုစိုက်ကြောင်း သေချာပေါက်ပြပါလိမ့်မယ်။ ကန်ရာသီဖွားတွေဟာ တစ်စုံတစ်ယောက်ကို နှစ်သက်ပြီး ဂရုစိုက်ပြီဆိုရင် တိုက်ရိုက်ပြောပြလိမ့်မှာ မဟုတ်ပေမယ့် အကူအညီပေးခြင်းဖြင့် သူတို့ရဲ့ ဂရုစိုက်မှုကို ပြသပါလိမ့်မယ်။ သူတို့က သင်ပြဿနာတစ်ခုခုကြုံလာရင် သင့်ကို ကူညီဖို့ အရာအားလုံးကို ပစ်ချပါလိမ့်မယ်။

၇။ Libra (စက်တင်ဘာ 23 မှ အောက်တိုဘာလ 23)

သူတို့က ကိုယ့်ဘဝအသေးစိတ် အချက်အလက်တွေကို ဂရုစိုက်တဲ့သူတွေနဲ့ စကားပြောရတာကို နှစ်သက်ကြပါတယ်။ သူတို့က သင့်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံတွေ မျှဝေပေးမှာ ဖြစ်ပြီး သင့်အားလိုလားမှုနဲ့ တန်ဖိုးထားမှုတို့ကို ခံစားရစေမှာ ဖြစ်ပါတယ်။

၈။ Scorpio (အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၁)

ဂရုစိုက်တယ်လို့ တည့်တည့်ပြောလို့ မဖြစ်နိုင်ပေမယ့် အကြံဉာဏ်တွေပေးကာ နားထောင်ပေးခြင်းဖြင့် ဂရုစိုက်မှု ပြသပါလိမ့်မယ်၊ သူတို့က သင့်ကို ဘာပဲဖြစ်ဖြစ် ကာကွယ်ပေးပါလိမ့်မယ်။ သင့်မှာ ခက်ခဲတဲ့နေ့တွေရှိတယ်ဆိုရင် သူတို့က သင့်ကို ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲနဲ့ အံ့အားသင့်စေမှာပါ (ဒါမှမဟုတ် )သင့်ကို ဂရုစိုက်ပေးပြီး ခွန်အားပေးပါလိမ့်မယ်။

၉။ Sagittarius (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁)

သူတို့ဟာ ချစ်ရသူတွေကို အရမ်းအလေးအနက်ထားပြီး အားပေးစကားတွေ၊ ပွင့်လင်းမြင်သာမှုတွေနဲ့ အနားမှာ ရှိနေပေးတတ်ကြပါတယ်။ တစ်ယောက်ယောက်ကို သူတို့ဂရုစိုက်တဲ့အခါ အနားကပ်လာပါလိမ့်မယ်။ ကော်ဖီဆိုင်အသစ်တွေကို ခေါ်သွားတာမျိုး၊ ကြိုတင်စာရင်းသွင်းတာမျိုးဖြင့် သင့်ကို အထူးခံစားရစေဖို့အတွက် ဂရုစိုက်ပေးပါလိမ့်မယ်။ ခက်ခဲမှုတွေ (သို့) ရှုပ်ထွေးမှုတွေရှိနေချိန်မှာတောင် သူတို့အပေါ် မှီခိုနိုင်တယ်ဆိုတာကို သိစေချင်ကြပါတယ်။

၁၀။ Capricorn (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉)

သူတို့အလေးထားတဲ့ သူတွေအပေါ်မှာ သစ္စာရှိကြပါတယ်။ သူတို့က သင့်ကို ကူညီပေးချင်ပေမယ့် သူတို့ကိုယ်သူတို့ ဖော်ပြဖို့ ခက်တဲ့အတွက် အကြံဉာဏ်နဲ့ ပံ့ပိုးမှုတွေ အများကြီးပေးခြင်းဖြင့် ဂရုစိုက်တတ်ကြပါတယ်။ အနည်းငယ်ရှက်တတ်ပြီး အာစေးထည့်ထားတတ်ကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ သူတို့က သင့်ကို ဂရုစိုက်မှာပါ။

၁၁။ Aquarius (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈)

သူတို့က သင့်အနီးအနားမှာ ရှိနေတတ်ကြပြီး တစ်ချိန်လုံး လေးနက်တဲ့ စကားတွေ ပြောဆိုနေပါလိမ့်မယ်။ သင်စိတ်ဆိုးနေရင် သင့်ဆီက အပြုံးရဖို့ အစွမ်းကုန် ကြိုးစားပါလိမ့်မယ်။ ပြီးတော့ သင့်ကို ဘယ်တော့မှာ မစွန့်လွှတ်ပါဘူး။ သင်တစ်ယောက်တည်း လုပ်ရတာ မနှစ်သက်တဲ့အရာတွေဆိုရင် သူတို့ကူညီပေးပါလိမ့်မယ်။

၁၂။ Pisces (ဖေဖော်ဝါရီ 19 မှ မတ်လ 20)

Pisces က သင်တွေ့ဖူးသမျှမှာ စာနာမှုနဲ့ ဂရုတစိုက်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ဂရုစိုက်ကြောင်းရှာဖွေဖို့ ခက်ခဲမှာ မဟုတ်ပါဘူး။ သူတို့ဆီကနေ ပြင်းထန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပုံမှန်ထက်ပိုသော ဂရုစိုက်မှုတွေကို ခံစားရနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-themindsjournal.




Some text some message..