ပိုးဟပ်တွေကိုအိပ်မက်မက်တဲ့အခါဘာဖြစ်တတ်သလဲ
popolay.com
|
2018-12-26




၁။ ပိုးဟပ်အကြီးကြီးကိုအိပ်မက်မက်တဲ့အခါ





ဒါကတော့အိပ်မက်ထဲမှာပိုးဟပ်ဘယ်လောက်ကြီးလဲဆိုတဲ့အရွယ်အစားအပေါ်မူတည်နေပါတယ်။အိပ်မက်ထဲပေါ်လာတဲ့ ပိုးဟပ်ကကြီးလေ တကယ့်လက်တွေ့ဘဝမှာ သင့်ကြွယ်ဝချမ်းသာမှုပမာဏပိုများလေလေဖြစ်ပါလိမ့်မယ်။


၂။အိမ်ထဲမှာ ပိုးဟပ်တွေအများကြီးရောက်နေတယ်လို့မြင်မက်လျှင်





အိပ်မက်ထဲမှာပိုးဟပ်တွေအများကြီးရောက်နေတယ်လို့မြင်မက်တာဟာ သင့်ခန္ဓာကိုယ်မှာ ပလိပ်ရောဂါနဲ့အဖျားရောဂါ စွဲကပ်လာတော့မယ်ဆိုတဲ့ သင်္ကေတပဲဖြစ်ပါတယ်။


၃။အိပ်ရာထဲမှာ ပိုးဟပ်တွေ့တယ်လို့မြင်မက်တဲ့အခါ





အိပ်ရာထဲမှာ ပိုးဟပ်ကိုမြင်တွေ့ရတယ်လို့အိပ်မက်မက်တဲ့အခါ မကြာခင် တစ်ခုခုပေါ်ကပြုတ်ကျတဲ့ ထိခိုက်ဒဏ်ရာရတော့မှာလို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါမှမဟုတ်တစ်စုံတစ်ယောက်ရဲ့ ခြိမ်းခြောက်တာကိုဖိဖိစီးစီးခံရတော့မယ်လို့ နိမိတ်ပြခြင်းပဲဖြစ်ပါတယ်။


၄။ ပိုးဟပ်က သင့်ကိုတိုက်ခိုက်လာတယ်လို့အိပ်မက်မက်တဲ့အခါ





ပိုးဟပ်တွေက သင့်ကိုတိုက်ခိုက်လာတယ်လို့အိပ်မက်မက်တာဟာ လက်တွေ့လောကမှာ သင်ကိုယ်တိုင်ရှောင်လွှဲနေတဲ့ပြဿနာကို မဖြစ်မနေရင်ဆိုင်ဖြေရှင်းရတော့မယ်လို့ ဆိုလိုရင်းပဲဖြစ်ပါတယ်။


၅။ ပိုးဟပ်တွေကို သတ်လိုက်ရတယ်လို့အိပ်မက်မက်ရင်





ပိုးဟပ်တွေကိုသတ်နေရတယ်လို့အိပ်မက်မက်ရင် ဒါဟာကောင်းတဲ့လက္ခဏာပါ။ မကြာခင်မှာ သင်ရည်မှန်းထားတဲ့အရာအားလုံးအကောင်အထည်ပေါ်ပြီးအောင်မြင်မှု ပန်းတိုင်ကိုအရောက်လှမ်းနိုင်တော့မှာဖြစ်ပါတယ်။


၆။ ပိုးဟပ်တွေကိုစားနေရတယ်လို့အိပ်မက်မက်ရင်





ပိုးဟပ်တွေကိုစားနေရတယ်လို့အိပ်မက်မက်ရင် သင့်ဘဝမှာမကြာခင် ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်ပွားတော့မယ်လို့အဓိပ္ပါယ်ရပါတယ်။ ဒီပြောင်းလဲခြင်းဟာ ကောင်းသောပြောင်းလဲခြင်းပါ။


၇။ ပျံသန်းနေတဲ့ ပိုးဟပ်တွေကိုမြင်မက်ရင်





ပျံသန်းနေတဲ့ ပိုးဟပ်တွေကိုမြင်မက်တာဟာ မကြာခင်မှာ သင်ကိုယ်တိုင်ပြုခဲ့တဲ့အကျိုးရလဒ်အနေနဲ့အောင်မြင်မှုအငွေ့အသက်တွေကိုခံစားရတော့မှာဖြစ်ပြီး ထိပ်ရောက်ခဲ့ရင်တောင်မပျော်ရွှင်ရဘူးဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။


၈။ သေနေတဲ့ပိုးဟပ်တွေကိုအိပ်မက်မြင်မက်လျှင်





သေနေတဲ့ပိုးဟပ်တွေကိုအိပ်မက်မြင်မက်တာဟာ သင်မကြာခင် သင့်အတွက်သင့်တင့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အသစ်၊ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းအသစ်တွေရရှိတော့မှာဖြစ်ပါတယ်။




Some text some message..