ဇန်နဝါရီ ၂၀ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-01-20

တနင်္ဂနွေ - ကိုယ်ပိုင်လုပ်ငန်းမှာ ဖြစ်စေ၊ ဝန်ထမ်းပဲ ဖြစ်စေ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးကောင်းတွေ ရလာပြီး ကံကောင်း၊ စိတ်ချမ်းသာရမယ်။ အလုပ် နေရာသစ် ပြောင်းလဲတာ၊ လုပ်ငန်းသစ်တွေ တိုးချဲ့ကြည့်တာမျိုးလည်း အဆင်ပြေ အောင်မြင်လိမ့်မယ်။ မိတ်ဆွေ၊ ဆရာသမားတွေကြောင့် စိတ်ချမ်းသာ အဆင်ပြေမယ်။ ငွေကြေးကံ အတော်သင့် အဆင်ပြေမယ်။ အကြိတ်အနယ်တော့ ပြောဆိုရမယ်။ မေတ္တာရေးမှာတော့ အားနည်းနိုင်တယ်။ ဒီနေ့ မွန်းတည့် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သံဃာတော်ကို ဆေးဝါးလှူဒါန်းပြီး ဆုတောင်းပါ။

ကောင်း

တနင်္လာ - ဘာပဲလုပ်လုပ် ကိုယ်ပိုင်စိတ်ကူးအကြံနဲ့သာ လုပ်ပါ။ သူတပါးအကြံအတိုင်း လိုက်လုပ်ရင် အမှားတွေ များမယ်။ ခက်ခဲဆုံးရှုံးမှုတွေ ဖြစ်တတ်တယ်။ မိတ်ဆွေတွေ၊ အသိုင်းအဝိုင်းတွေကြောင့် ကိုယ့်မှာ နစ်နာရကိန်း ရှိတယ်။ အလုပ်မှာ အနှောင့်အယှက် များမယ်။ လွယ်ကူချောမွေ့မှု နည်းမယ်။ ငွေအတွက်လည်း စကားတွေ များရတတ်တယ်။ ဒီနေ့မှာ ခရီးတွေတော့ ကောင်းတယ်။ ခရီးထွက်တာ၊ ခရီးစဉ် ရေးဆွဲတာတွေ ကောင်းမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တကျက်ကျက် ဖြစ်ပြီးမှ ပျော်ရွှင်ရမယ်။ လူငယ်တွေ စန်းပွင့်ကိန်း ရှိနေလိမ့်မယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ မိခင် (သို့) အဒေါ်ကို ကန်တော့ပြီးမှ အလုပ်စတင်ပါ။

သင့်

အင်္ဂါ - ဒီနေ့မှာ အသွားအလာ အနေအထိုင် ဆင်ခြင်ရမယ်။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်တယ်။ သွေးထွက် သံယိုတွေ ကြုံရတတ်တယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ခင်မင်ရင်းနှီးသူတွေနဲ့ ကတောက်ကဆ ဖြစ်လွယ်မယ်။ စိတ်တိုစရာတွေ ဒေါသကြီးစရာတွေ ကြုံရတတ်တယ်။ အတတ်နိုင်ဆုံး စိတ်ကို ထိန်းပါ။ အလုပ်အကိုင်ကိစ္စတွေ ဒီနေ့ မရေမရာ များမယ်။ လုပ်ချင်တာတွေက တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတတ်တယ်။ ငွေရလမ်းတွေ နည်းပြီး ဟိုကျန်ဒီကျန် ဖြစ်တတ်တယ်။ နှလုံးသားရေးမှာတော့ စိတ်ချမ်းသာရမယ်။ ချစ်သူဆီက အကူအညီတွေ ရမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ကိုယ်အင်္ဂါမသန်စွမ်းသူကို စားချင်တာ ဝယ်ကျွေးပါ။

ညံ့

ဗုဒ္ဓဟူး - စိတ်ထဲမှာ မတင်မကျတွေ၊ ခိုးလို့ခုလု ဖြစ်စရာတွေ များမယ်။ တစ်ခုခုကို ပြောမယ်လုပ်မယ် ကြံတိုင်း စိတ်ထဲ စနောင့်စနင်းတွေ ဖြစ်ပြီး မပြတ်မသားလည်း ဖြစ်ရတတ်တယ်။ စိတ်ကူးတွေ ထွေပြားပြီး ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ဖြစ်ဘဲ အချိန်ကုန်သွားမယ်။ အလုပ်မှာ သူတပါးက ကူညီမှ အထမြောက်အောင်မြင်မယ်။ ကိုယ့်ဖာသာလုပ်ရင် လက်စမသတ်နိုင်ဘဲ ဖြစ်မယ်။ ငွေကြေးကံ အဆင်ပြေရုံ ရှိမယ်။ ရစရာပေးစရာကိစ္စတွေက တစ်ဝက်တစ်ပျက်နဲ့ ဖြစ်နေလိမ့်မယ်။ မေတ္တာရေးမှာ ကတောက်ကဆ များမယ်။ နားလည်မှုတွေ လွဲလိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူပေးပါ။

သင့်

ရာဟု - အကြောင်းပေါင်းစုံနဲ့ ငွေကုန်ကြေးကျ များတတ်တယ်။ ငွေရှာခက်သလောက် ပြန်ကုန်ဖို့ လွယ်နေမယ်။ အလုပ်အကိုင်နဲ့ ပတ်သက်လို့ အကြီးအကဲက ငြိုငြင် ဖိအားပေးတာမျိုး ခံရတတ်တယ်။ အလုပ်ခွင်ထဲမှာလည်း စိတ်မကြည်လင်စရာတွေ ဖြစ်မယ်။ ဒါပေမယ့် အဲဒီလိုတွေကြားထဲကပဲ အလုပ်ကို အဆင်ပြေပြေ လုပ်နိုင်မယ်။ စိတ်များတာ၊ အာရုံများတာကိုတော့ သတိပြုပါ။ နှလုံးသားရေးမှာ အချင်းချင်း ရန်ဖြစ် စကားများရတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် အိမ်ဘုရားစင်ကို သန့်ရှင်းရေး လုပ်ပေးပါ။

သင့်

ကြာသပတေး - ဒီနေ့မှာ အစစအရာရာ အေးအေးချမ်းချမ်း ဖြစ်နေမယ်။ ဘာသာရေး၊ အလှူအတန်းကိစ္စတွေနဲ့ ပါဝင်ပတ်သက်ရတတ်တယ်။ အဓိဋ္ဌာန်ပြုတာ၊ ပုတီးစိပ်တာတွေ လုပ်ရင် ဆုတောင်းပြည့်လွယ်မယ်။ အလုပ်ကိစ္စ စီးပွားရေးဘက်မှာတော့ ညံ့နိုင်တယ်။ လွယ်ကူတဲ့ အလုပ်တွေက ကိုယ့်ကျမှ ကြံဖန် ခက်နေလိမ့်မယ်။ အများနဲ့ စပ်တူရှယ်ယာ လုပ်တာတွေ ပျက်တတ်တယ်။ ငွေကြေးကိစ္စမှာတော့ အဆင်ပြေလိမ့်မယ်။ ငွေဝင်ကိန်းရှိတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာ ဖြစ်လွယ်မယ်။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ ပြီးသွားလိမ့်မယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုန်းကြီးတစ်ပါးကို ဆွမ်းကပ်ပြီး လိုရာဆုတောင်းပေးရမယ်။

သင့်

သောကြာ - ကံဇာတာ အားနည်းတဲ့ရက်မျိုး ဖြစ်လို့ အကြံအစည် ရည်ရွယ်ချက်တွေက အလွဲအချော် များမယ်။ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရမယ်နေ့မျိုး ဖြစ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အတိုက်အခံ အနှောင့်အယှက်တွေ များမယ်။ အေးအေးချမ်းချမ်းရယ်လို့ မလုပ်ရဘဲ လုပ်ငန်းခွင်မှာ စိတ်ညစ်စရာတွေ များပြီး ငွေကြေးအရ အဖတ်မတင်တာ၊ စကားအခြေအတင် ဖြစ်ရတာတွေ များမယ်။ ခရီးတွေဘာတွေများ စီစဉ်တာမျိုး လုပ်ထားရင် ပျက်တတ်တယ်။ လမ်းခရီး စိတ်ဆင်းရဲရမယ်။ နှလုံးသားရေးမှာတော့ ပုံမှန်အတိုင်းပဲ ရှိလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြားကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ခြေမသန်သူကို အစားအစာ လှူပေးပါ။

ညံ့

စနေ - အလုပ်အကိုင်၊ စီးပွားရေး ကောင်းမယ့်နေ့ ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ရေးကိုယ်တာ ဖြစ်ဖြစ် အလုပ်ပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ ကိုယ့်ကို ရန်လိုအမုန်းပွားသူတွေ ရှိနေတတ်တယ်။ ပြဿနာရှာ တိုက်ခိုက်တာကိုလည်း ကြုံရတတ်တယ်။ ခရီးတွေ ဖြစ်နိုင်ရင် ရှောင်ပါ။ ခရီးဝေး ထွက်တာမျိုးတွေ သတိထားပါ။ လမ်းခရီးသွားရာမှာ အဆင်မပြေ ဖြစ်တတ်တယ်။ ငွေကြေးပိုင်းမှာ ကံကောင်းနိုင်တယ်။ ရစရာတွေ ဝင်စရာတွေ ရှိလာလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စန်းပွင့်မယ်။ စိတ်ချမ်းသာ ကြည်နူးစရာတွေ ဖြစ်မယ်။ အကူအညီလည်းရမယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အလင်းတိုင် ၁၀ တိုင်ပူဇော်ပါ။

ကောင်း

#lotaya_horoscope




Some text some message..