ဇန်နဝါရီ ၂၁ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-01-21

တနင်္ဂနွေ - ဒီနေ့မှာ လူရောစိတ်ပါ မလန်းဆန်းဘဲ ဖြစ်နေမယ်။ ဘာအကြောင်းမှ မရှိဘဲနဲ့ကို စိတ်တွေ ထိုင်းမှိုင်း လေးလံနေတတ်တယ်။ ကျန်းမာရေးအရလည်း အားနည်းသလို ခံစားရတတ်တယ်။ ရောဂါဝေဒအနာ အခံရှိရင် ပိုသတိပြုရမယ်။ အလုပ်မှာ ခါတိုင်းထက် အသည်းအသန်တွေ လုပ်ရတတ်ပြီး အကျိုးအမြတ်ကျတော့ သိပ်ပြီး မကောင်းဘဲ ဖြစ်နေမယ်။ ငွေရေးကြေးရေးအတွက်နဲ့ စကားတွေ များရတတ်တယ်။ အလုပ်ပင်ပန်းမှု များမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ထဲ မပြတ်မသားတွေ ဖြစ်မယ်။ သံသယတွေ၊ ဒွိဟတွေလည်း များလာမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတစ်ဦးကို ဆန် ၆ လုံး လှူပြီး ယတြာပြုပေးရမယ်။

ညံ့

တနင်္လာ - တစ်နေကုန် အသွားအလာများ၊ လှုပ်ရှားမှု များနေတတ်တယ်။ လူက လှုပ်လှုပ်ရှားရှား မရှိရင်တောင် စိတ်လှုပ်ရှားစရာတွေ သိပ်များလာတတ်တယ်။ အလုပ်အကိုင်ကံဇာတာ ကောင်းမယ်။ စီးပွားရေး ကောင်းမယ့် နေ့လည်း ဖြစ်တယ်။ ငွေကြေးကံတွေလည်း ပွင့်နေမယ်။ အလုပ်မှာ နေရာ၊ အခွင့်ထူးတွေ ရရှိခံစားရလိမ့်မယ်။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ ငြိနိုင်တာ၊ ဥပဒေနဲ့ မလွတ်တာတွေကို ကျပ်ကျပ် ရှောင်ရမယ်။ မဟုတ်ရင်တော့ ပြဿနာက ကိုယ့်ဆီတည့်တည့် ဝင်လာလိမ့်မယ်။ နှလုံးသားရေးမှာ စိတ်ချမ်းသာမယ်။ စန်းတွေ ပွင့်လာမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံကြော် ကပ်လှူပြီး ယတြာပြုပေးရမယ်။

ကောင်း

အင်္ဂါ - အခက်အခဲတွေ ဘယ်လောက်များများ ရင်ဆိုင်ဖြတ်ကျော် အောင်ပွဲခံမယ့်နေ့ ဖြစ်တယ်။ အလုပ်အကိုင် အဆင်ပြေပြီး အဆက်အသွယ်ကောင်းတွေလည်း ပိုရမယ်။ လုပ်ချင်တဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော် လုပ်ပြနိုင်မယ်။ စီးပွားသစ်၊ လုပ်ငန်းသစ်တွေလည်း တိုးချဲ့ကြည့်နိုင်တယ်။ ငွေကြေးကံလည်း ကောင်းနေမယ်။ ဒါပေမယ့် မိသားစုတွင်း စိတ်ဆင်းရဲစရာတွေ ပေါ်လာတတ်တယ်။ နှလုံးသားရေးကံလည်း အညံ့ ရှိနေတယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးပါ။

ကောင်း

ဗုဒ္ဓဟူး - လူငယ်တွေအဖို့ အပျော်အပါးကိစ္စတွေကို သတိထားရမယ့်နေ့ ဖြစ်တယ်။ လူရွယ်လူကြီးတွေကတော့ သတင်းကောင်းတွေ ကြားရတတ်သလို အဆက်အသွယ်ကောင်းတွေလည်း ပေါ်လာတတ်တယ်။ ဒါပေမယ့် ဒီနေ့မှာ ခရီးဝေးတွေ စထွက်တာ၊ အသွားအလာတွေ များတာမျိုး သတိပြုရမယ်။ လမ်းခရီး စိတ်ညစ်စရာတွေ များတတ်တယ်။ အလုပ်မှာ အတက်အကျ များမယ်။ ကောင်းလိုက်ညံ့လိုက်တွေ မကြာခဏ ကြုံရမယ်။ ဝင်ငွေ သိပ်မကောင်းဘဲ ထွက်ငွေကျ များလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တကျက်ကျက်နဲ့ ဖြစ်လာလိမ့်မယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လိမ္မော်ရည် ကပ်လှူပြီးတော့ ယတြာပြုပေးပါ။

သင့်

ရာဟု - မိတ်ဆွေအပေါင်းအသင်းရဲ့ အကူအညီတွေ ရလာမယ်။ ကိုယ်တစ်ယောက်တည်း ရင်မဆိုင်နိုင်တာကို သူတို့ အကူအညီနဲ့ ဖြတ်သန်းနိုင်မယ်။ အလုပ်ကိစ္စမှာ အခက်အခဲတွေ မကင်းပေမယ့် အသာလေး ဖြတ်ကျော် အောင်မြင်လိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် အတော်လေး ပြောဆိုရလိမ့်မယ်။ ငွေကြေးကိစ္စ ကံကောင်းမယ်။ မျှော်လင့်တာထက် ပိုအဆင်ပြေမယ်။ နှလုံးသားရေးမှာတော့ စိတ်ခုစရာ ရှိမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အမွှေးတိုင် ၈ တိုင် ကပ်လှူပါ။

ကောင်း

ကြာသပတေး - မကြာခဏ စိတ်ပျက်စရာတွေ၊ အာရုံနောက်စရာတွေ များမယ့်နေ့ဖြစ်တယ်။ ကံဇာတာပိုင်းမှာ ညံ့တတ်တဲ့နေ့ ဖြစ်လို့ အလုပ်အကြံအစည် ရည်မှန်းချက်တွေလည်း အထမမြောက်ဘဲ ခက်ခဲပင်ပန်းလိမ့်မယ်။ အလုပ်အကိုင်ကိစ္စမှာ တခါတည်းနဲ့ မပြီးပြတ်ဘဲ စိတ်ရှုပ်စရာတွေ ပေါ်လာမယ်။ ငွေကြေးကိစ္စမှာ မပြတ်သားရင် စိတ်ပင်ပန်းရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ ကောင်းမယ်။ အကူအညီကောင်းတွေ ရရှိမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတစ်ဦးကို ပေါင်မုန့်တစ်ထုပ် လှူဒါန်းလိုက်ပါ။

ညံ့

သောကြာ - သူများကြားဝင်မိတာ၊ သူများကိစ္စ ဝင်ပါမိတာတွေ ရှောင်ရမယ်။ မဟုတ်ရင် သူများပြဿနာတွေက ကိုယ့်ခေါင်းပေါ် ကျလာတတ်တယ်။ ဒီနေ့မှာ သွားလာလှုပ်ရှားမှု များမယ်။ ပျော်ပါးသွားလာမှုတွေ များသူဆိုရင် ပြဿနာပါ တွဲပါလာလိမ့်မယ်။ လူငယ်တွေ နှလုံးသားရေးမှာ အထစ်အငေါ့ များမယ်။ အချင်းချင်း စကားများပြီး အခြေအတင် ဖြစ်ရတတ်တယ်။ အလုပ်ကိစ္စမှာတော့ ကိုယ့်ဘက်က နည်းနည်း အားစိုက်ရုံနဲ့ အဆင်ပြေမယ်။ ငွေဝင်ပေမယ့် အကြိတ်အနယ်တော့ ပြောဆိုရလိမ့်မယ်။ သတင်းမှားတွေ၊ ပေါက်ကရတွေ သတိပြုရလိမ့်မယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ နန်းကြီးသုပ်တစ်ပွဲ ကပ်လှူပါ။

သင့်

စနေ - ဒီနေ့မှာ တစ်ယောက်တည်း ကြံစည်အားထုတ် လုပ်ကိုင်တာထက် မိတ်ဆွေရင်းချာတွေနဲ့ တိုင်ပင်ပြီးမှ လုပ်တာ ကောင်းမယ်။ မဟုတ်ရင် ကိုယ်မျှော်မှန်းသလို မဖြစ်ဘဲ ခက်ခဲသွားတတ်တယ်။ အလုပ်အကိုင်ရေးမှာ ပင်ပန်းစိတ်ရှုပ်စရာတွေ ဖြစ်လာတတ်တယ်။ အလုပ်မှာ စိတ်မပါတာ၊ စိတ်ကုန်သွားတာတွေလည်း ဖြစ်မယ်။ ငွေဝင်ပေမယ့် ပြန်ထွက်ဖို့ လွယ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ခဏခဏ ပြဿနာတွေ ရှာမိလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လီမွန်တီးတစ်ခွက် ကပ်လှူပါ။

သင့် 

#lotaya_horoscope




Some text some message..