ဇန်နဝါရီ ၂၆ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-01-26

တနင်္ဂနွေ - အလကားနေရင်း ပူပန်စရာတွေ တွေးတောနေမိတတ်တယ်။ တစ်နေ့လုံးမှာ လုပ်ကိုင်ကြံစည်သမျှ အပေါက်အလမ်း မတည့်တာက များနေမယ်။ အကြီးအကဲတွေနဲ့လည်း ဘယ်လိုမှ အဆင်မပြေဘဲ ဖြစ်နေမယ်။ အလုပ်မှာ ကံကောင်းတတ်ပေမယ့် တခါပြန်မက ကြိုးစားပေးမှ အဆင်ပြေမယ်။ တာဝန်ကြီးတွေ ထမ်းပေးရပြီး မနိုင်မနင်းတွေ လုပ်ကိုင်ရတတ်တယ်။ ကျန်းမာရေး ချူချာမယ်။ မေတ္တာရေးမှာတော့ ကံတွေ ကောင်းနေမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ် ယတြာအဖြစ် ကြီးကဲသူတစ်ဦးကို ပုဆိုးနဲ့ ကန်တော့ပါ။

ညံ့

တနင်္လာ - ပျော်ရွှင်ဝမ်းမြောက်စရာတွေ၊ ကြည်နူးစရာတွေ ကြုံတွေ့ရမယ့်နေ့မျိုး ဖြစ်တယ်။ တစ်ခုထက်မကတဲ့ အခွင့်အရေးတွေလည်း ရလာတတ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာလည်း အထောက်အပံ့ အကူအညီတွေ ရရှိပြီး အဆင်ပြေပြေ ဖြစ်လာမယ်။ လုပ်ငန်းစီးပွားကံဇာတာ ကောင်းမယ်။ ကိုယ့်ကို နေရာပေး၊ မျက်နှာသာပေး ဆက်ဆံလာကြမယ်။ လူငယ်တွေဆိုရင် စန်းပွင့်တတ်တယ်။ ဒါပေမယ့် နှလုံးသားရေးမှာတော့ မျှော်လင့်သလို ဖြစ်မလာဘဲ ခံစားရတတ်တယ်။ အပေါင်းအသင်း သတိထားရမယ်။ အပေါင်းအသင်းကြောင့် စိတ်ညစ်လိမ့်မယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရေသပ္ပါယ် ကုသိုလ်ပြုပြီး ဆုတောင်းပေးပါ။

ကောင်း

အင်္ဂါ - ဒီနေ့မှာ ရပ်ဝေးမြေခြားသွားလာစရာတွေ ပေါ်လာတတ်တယ်။ ပြည်ပခရီး၊ နိုင်ငံရပ်ခြားကိစ္စတွေ စီစဉ် ဆောင်ရွက်နေရင် ထူးခြားတတ်တယ်။ မျှော်လင့်ချက်တွေ ပြည့်ဝလာနိုင်တယ်။ မိတ်ဆွေအပေါင်းအသင်းက ကူညီမစလိမ့်မယ်။ တစ်ယောက်တည်း အဆင်မပြေတဲ့ကိစ္စတွေကို အများနဲ့တွဲဖက် ပေါင်းစပ်လိုက်ရင် လွယ်ကူ အောင်မြင်သွားတတ်တယ်။ အလုပ်မှာတော့ နောက်ဆုတ်ရတာ၊ သည်းခံရတာတွေ ဖြစ်မယ်။ ငွေကြေးကိစ္စမှာ စောင့်ဆိုင်းပေးရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အညံ့ ရှိလာနိုင်တယ်။ မကြာခဏ ဆူပူငြင်းခုံနေရမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့ပူပူလေးတစ်ခွက် ကပ်လှူပြီး ဆုတောင်းပါ။

သင့်

ဗုဒ္ဓဟူး - မကောင်းတာတွေချည်း တဇွတ်တိုး လုပ်ချင်စိတ် များလာမယ့်နေ့ ဖြစ်တယ်။ အဆိုးကို အကောင်းမြင် အကောင်းကို အဆိုးထင်တာတွေ ဖြစ်လာမယ်။ ရူးရူးမိုက်မိုက်ကိစ္စတွေ လုပ်မိတတ်တယ်။ ကိုယ့်ကိုကိုယ်လည်း သတိနဲ့ ထိန်းချုပ်ရမယ်။ အလုပ်မှာ အနှောင့်အယှက် များမယ်။ လူအများနဲ့ ဆက်ဆံရတဲ့အလုပ်တွေဆိုရင် ပိုပြီး ဂရုစိုက်ရလိမ့်မယ်။ ငွေအတွက်နဲ့ စိတ်ပူရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်စရာတွေ ရှိမယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ရေနေသတ္တဝါတွေကို အစာကျွေးပြီး ယတြာပြုပေးရမယ်။

ညံ့

ရာဟု - အကြီးအကဲ၊ အာဏာပိုင်၊ ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်လာရင် အထူးသတိထား ဆောင်ရွက်ပါ။ ပေါ့တီးပေါ့ဆနဲ့ အလွယ်လမ်း လိုက်မိရင် ဖြစ်ဖြစ်၊ ဥပဒေဘောင်ပြင်ပ ရောက်နေရင်ဖြစ်ဖြစ် ပြဿနာ ပေါ်မယ်။ ရှင်းရခက်တတ်တယ်။ ဒီနေ့မှာ အတွေးအခေါ်အယူအဆတွေ လွဲချော်မယ်။ အငြင်းအခုံတွေ ဖြစ်တတ်တယ်။ အလုပ်ကိစ္စမှာလည်း အပျက်အစီး များတတ်တယ်။ အကြံအစည်တွေ ပျက်မယ်။ ငွေအတွက် စိတ်ညစ်ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ရွေးချယ်စရာတွေ ပေါ်လာမယ်။ ကြံဖန်ပြီး ပျော်စရာတွေ ဖြစ်တတ်တယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ရာဟုထောင့်မှာ ရေ ၈ ခွက် သပ္ပါယ်ပြီး ယတြာပြုပါ။

ညံ့

ကြာသပတေး - ဒီနေ့မှာ မျက်နှာပျက်စရာတွေ၊ ကိုယ့်သိက္ခာကို ထိပါးတာမျိုးတွေ ကြုံရတတ်တယ်။ ကိုယ်တိုင် မှန်ကန်အောင်သာ နေပါ။ ပြဿနာတွေက သူ့ဖာသာ ရှင်းသွားပါလိမ့်မယ်။ အလုပ်အကိုင်၊ စီးပွားရေးကိစ္စတွေ ကံကောင်းမယ်။ လုပ်ကိုင်ကြိုးစားလို့လည်း အခွင့်အလမ်းတွေ ရလာမယ်။ အကျိုးအမြတ်လည်း ကောင်းမယ်။ ဒီနေ့ ငွေကြေးကံဇာတာက လမ်းကြောင်းနှစ်ခုက ဝင်တတ်တယ်။ အတော်လေး စောင့်ခဲ့ရတဲ့ ငွေကြေးကိစ္စမျိုး အဆင်ပြေသွားတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာ ကျေနပ်စရာတွေ များနေပါလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ပျားလိမ္မော်သီး ၅ လုံး ကပ်ပါ။

ကောင်း

သောကြာ - မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်။ အဆက်အသွယ်ကောင်းတွေ ရရှိလာမယ်။ သတင်းကောင်းတွေလည်း ကြားရတတ်တယ်။ ဆွေမျိုးသားချင်းအသိုင်းအဝိုင်းက ကူညီမစမယ်။ နူတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းတွေ ကြုံတွေ့ရလိမ့်မယ်။ အလုပ်အကိုင်၊ စီးပွားရေး ထွန်းတောက်ပြီး အကြံကောင်းတွေ ရတတ်တယ်။ ငွေကြေးလာဘ်လာဘလည်း ရွှင်မယ်။ မေတ္တာရေးမှာတော့ ညံ့နေလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူပေးရမယ်။

ကောင်း

စနေ - ဒီနေ့မှာ ယာဉ်ကားကိစ္စ၊ ခရီးကိစ္စတွေအတွက် စိတ်ညစ်ရတတ်တယ်။ ကိုယ်က အတင်းကြိုးစားလေလေ လွဲချော်လေလေ ဖြစ်မယ်။ လုပ်ငန်းစီးပွားပိုင်းမှာလည်း တစ်ကြိမ်မက ကြိုးစားမှသာ အဆင်ပြေမယ်။ ငွေကြေး အရ နည်းတတ်တယ်။ အကြီးအကဲတွေနဲ့လည်း အခြေအတင် ဖြစ်ရတတ်တယ်။ ဒါပေမယ့် နေရာထိုင်ခင်းကိစ္စ၊ အိုးအိမ်ရှာ၊ ဆိုင်ခန်းရှာတဲ့ကိစ္စဆိုရင် ဒီနေ့မှာ စိတ်ကြိုက်တွေ့မယ်။ အဆင်ပြေမယ်။ လိုအင်တွေ ပြည့်ဝလာပြီး နေရာဌာနကောင်း ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တကျက်ကျက်နဲ့ စကားများစရာတွေ ဖြစ်မယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သက်ကြီးဝါကြီးတစ်ဦးကို နွားနို့တစ်ခွက် ဝယ်တိုက်ပါ။

သင့်

#lotaya_horoscope




Some text some message..