ဒီလပိုင်းမှာ ကျန်းမာရေး ဂရုစိုက်ရမယ့် နေ့နံနဲ့ နာမည်ရှင်များ
lotaya.mpt.com.mm
|
2022-02-16

ကိုဗစ်ကူးစက်မှုတွေ တကျော့ပြန် အဖြစ်များလာတဲ့အတွက် အခု ဖေဖော်ဝါရီနဲ့ လာမယ့် မတ်၊ ဧပြီလလယ်ထိ ကျန်းမာရေး ဂရုစိုက်ရမယ့် နေ့နံတွေ၊ နာမည်တွဲတွေကို ကြိုတင်သတိပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဒီလပိုင်းတွေမှာ ကျန်းမာရေး အားနည်းချူချာနိုင်တဲ့ နေ့နံတွေကတော့ …

(၁) ဗုဒ္ဓဟူးသားသမီးများ

(၂) စနေသားသမီးများ

(၃) အင်္ဂါသားသမီးများ ဖြစ်ပါတယ်။

နာမည်အရ ဂရုစိုက်ရမယ့် နာမည်တွဲတွေကတော့…

(၁) ဘယ်နေ့ဖွားမဆို စနေနံနဲ့ အဆုံးသတ်တဲ့နာမည်များ

(ဥပမာ - အောင်ထွန်း ၊ ကျော်ထက် ၊ ဇင်ထွန်း ၊ ဆွေထိုက် စသဖြင့်)

(၂) ဘယ်နေ့ဖွားမဆို ဗုဒ္ဓဟူးနံနဲ့ အဆုံးသတ်တဲ့နာမည်များ

(ဥပမာ ဖြိုးဝေ ၊ သန်းဝင်း ၊ ထွန်းလင်း ၊ ဇော်ဝေယံ စသဖြင့်)

ဖော်ပြပါ နေ့နံတွေ၊ နာမည်ရှင်တွေအနေနဲ့ ကျန်းမာရေးကို သူများထက် ပိုဂရုစိုက်ရမှာ ဖြစ်ပြီး တကယ်လို့များ တစ်ခုခု ဖြစ်လာခဲ့ရင် မပေါ့ဆဘဲ သေသေချာချာ ကုသမှု ခံယူဖို့၊ အလေးအနက်ထားဖို့ တိုက်တွန်းချင်ပါတယ်။

တကယ်လို့ မိမိရဲ့ မွေးနံနဲ့ နာမည်တွဲတွေဟာ ဖော်ပြပါစာရင်းထဲမှာ ပါဝင်နေမယ်၊ ရောက်ဆဲအသက်ကို (၈) နဲ့ စားလို့ (၄) ကြွင်း သို့မဟုတ် (၇) ကြွင်းနေမယ်ဆိုရင် ပိုပြီးတော့ ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအညံ့တွေကို ကြိုတင်ကာကွယ်ချင်ရင်တော့ ငှက်စာ ကျွေးတာ၊ ငှက်လွှတ်တာ စတဲ့ ကုသိုလ်ကောင်းမှုကို မကြာခဏ ပြုလုပ်ပေးရပါမယ်။ ဒါ့အပြင် ကျန်းမာရေး ချူချာနေတဲ့နွမ်းပါးသူတွေကို လိုအပ်တဲ့ ဆေးဝါး လှူဒါန်းတာ၊ အားဆေး၊ ဓာတ်စာ အစရှိတာတွေ လှူဒါန်းတာမျိုး လုပ်ပေးရပါမယ်။

တပြိုင်တည်းမှာပဲ အောက်ဖော်ပြပါ သက်တော်မြဲဂါထာတော်ကို နေ့စဉ် သက်စေ့ထက် တစ်ခေါက် ပို ရွတ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ များများ ရွတ်ဖတ်ပူဇော်နိုင်လေ ကောင်းလေပဲ ဖြစ်ပါတယ်။



သက်တော်မြဲဂါထာတော်

အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော။

ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ ။

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ

ဧတေန သစ္စဝဇ္ဖေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စုံနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope




Some text some message..