သင့်ရဲ့ ရာသီခွင်လက္ခဏာပေါ်အခြေခံပြီး သင်ချစ်မိသွားနိုင်တဲ့ ယောကျ်ားအမျိုးအစား
lifestylemyanmar.com
|
2022-02-28

ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းက ယောကျ်ားလေး အမျိုးအစားတစ်ချို့ကိုပဲ ဘာ့ကြောင့်ချဉ်းကပ်လေ့ရှိကြသလဲ?(သို့) တခြားသူတွေထက် ထပ်တူယောကျ်ားမျိုးကိုပဲ အချိန်တိုင်း ဘာ့ကြောင့် ရွေးချယ်ဖြစ်ကြသလဲဆိုတာ တွေးကြည့်ဖူးပါသလား?

အမျိုးသမီးတိုင်းမှာ type တစ်ခုစီရှိကြပြီး အများစုက ကိုယ့်စိတ်ကူးထဲက အမျိုးသားဆီကနေ ကိုယ်လိုချင်တဲ့အရာကို သိထားပြီးဖြစ်သော်လည်း ကိုယ့်ခင်ပွန်းဖြစ်လာနိုင်တဲ့ ပါတနာဆီမှာ ကိုယ်ရှာသင့်တဲ့ စရိုက်လက္ခဏာများစွာကို မသိကြပါဘူး။ ဒါ့ကြောင့် သင်က ဘယ်လိုယောကျ်ားလေးမျိုးကို ရှာနေတာပဲဖြစ်ဖြစ်၊ ဘယ်လိုအချစ်မျိုးကို ရှာနေတာပဲဖြစ်ဖြစ်၊ သင့်အဖြေတွေက သင့်ကြယ်တွေထဲမှာ ရှိနေနိုင်ပါတယ်။ နက္ခတ်ဗေဒင်ပညာက သင့်ကိုယ်ရည်ကိုယ်သွေး၊ ရွေးချယ်မှုတွေနဲ့ အကျိုးစီးပွားများစွာကို လွှမ်းမိုးထားပါတယ်၊ သင့်ရာသီခွင် လက္ခဏာတွေက ဘဝလက်တွဲဖော်ဆီမှာ ကိုယ်ရှာဖွေနေတဲ့ အရည်အသွေးတွေအပေါ် ကြီးမားတဲ့ သြဇာသက်ရောက်မှုရှိပါတယ်။

ဒါဆို သင်ဘယ်သူနဲ့ ဒိတ်နိုင်ချေအများဆုံးလဲ? သင်အကြိုက်တွေ့မယ့် ယောကျ်ားမျိုးကို သိဖို့ အောက်မှာဆက်ဖတ်ကြည့်လိုက်ပါ။

၁။ Aries (မတ် ၂၁ မှ ဧပြီ ၁၉)

ရုပ်ရည်ကြည့်ကောင်းပြီး ကြင်နာတတ်တဲ့ အမျိုးသားဆိုရင် ကြွေပါတယ်

ဟုတ်ပါတယ်၊ သင်ဟာ ဆွဲဆောင်မှုရှိပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိသူပါ။ သင့်အနေနဲ့လည်း ရုပ်ရည်ကြည့်ကောင်းပြီး ကြင်နာတတ်တဲ့ အမျိုးသားဆိုရင် ကြွေပါတယ်။ ဒါပေမယ့် ဒီကောင်လေးမျိုးတွေက သင်အမြဲမဖြည့်ဆည်းပေးနိုင်တဲ့ အာရုံစိုက်မှုနဲ့ စွမ်းအင်တွေကို တောင်းဆိုတတ်ပါတယ်။

၂။ Taurus (ဧပြီ ၂၀ မှ မေ ၂၀)

စိတ်အားထက်သန်ပြီး ဆုံးဖြတ်ချက် ခိုင်မာတဲ့ အမျိုးသားကို ချစ်မိနိုင်ပါတယ်

သင်က အရမ်းခေါင်းမာပြီး အလျှော့မပေးတတ်သူဖြစ်တာကြောင့် သင်နဲ့ ထပ်တူထပ်မျှ စိတ်အားထက်သန်ပြီး ခေါင်းမာတတ်တဲ့ ယောကျာ်းမျိုးဆိုရင် ကြွေပါတယ်။ ဒါပေမယ့် သတိထားပါ။ အပေးအယူလုပ်ဖို့ ဆန္ဒမရှိရင် သဘောထား ကွဲလွဲမှုများစွာ ဖြစ်လာနိုင်ပါတယ်။

၃။ Gemini (မေ ၂၁ မှ ဇွန်လ ၂၀)

သြဇာတိက္ကမနှင့် ပြည့်စုံပြီး စွန့်စားတတ်တဲ့ အမျိုးသားမျိုးကို ကြိုက်နိုင်ပါတယ်။

သင့်လိုပဲ စိတ်ခံစားမှု အားကြီးတဲ့ ယောကျ်ားလေးတွေက သင့်ကို ဆွဲဆောင်နေတဲ့သူတွေပါ။ သင်က စွန့်စားရတာကို နှစ်သက်တဲ့အပြင် စွန့်စားတတ်ပြီး သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ အမျိုးသားတွေဆိုရင် ကြွေပါတယ်။ သင့်လိုပါပဲ။ ဒါပေမယ့် သူတို့က အသိဉာဏ်မရှိကြဘူး (သို့) သင့်အတွက် လုံလောက်တဲ့ ဉာဏ်မရှိဘူးဆိုရင် သင့်အနေနဲ့ သူတို့ကို ချက်ချင်း ဖြတ်ပစ်တာမျိုး လုပ်မိပါလိမ့်မယ်။

၄။ Cancer (ဇွန် ၂၁ မှ ဇူလိုင် ၂၂)

စိတ်ဓါတ်တည်ငြိမ်တဲ့သူဆိုရင် ချစ်မိနိုင်ပါတယ်။

သင်ဟာ ထိရှလွယ်တဲ့ စိတ်ဓါတ်ရှိသူဖြစ်ပါတယ်။ ကိုယ့်ခံစားချက်တွေကို နားလည်ပေးပြီး ခိုင်မာတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အမျိုးသားကိုသာ ချစ်မြတ်နိုးပါလိမ့်မယ်။ သင်ဟာ ဟိုဟိုဒီဒီ လျှောက်သွားတာမျိုးမကြိုက်ဘဲ ကိုယ်နဲ့အိမ်မှာ အချိန်ကုန်ဆုံးရတာ အဆင်ပြေတဲ့ ယောကျ်ားမျိုးကို ချစ်ပါလိမ့်မယ်။

၅။ Leo (ဇူလိုင် 23 မှ သြဂုတ် 22)

တီထွင်ကြံဆတတ်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ အမျိုးသား

သင်ဟာ ဝင့်ကြွားမှုအနည်းငယ်မရှိဘဲ မရှင်သန်နိုင်ပါဘူး။ ဉာဏ်ရည်ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အမျိုးသားတွေက သင့်အတွက် ပြီးပြည့်စုံသူတွေ ဖြစ်ပေမယ့် သူတို့ဟာ သင့်ပြိုင်ဘက်တွေ မဖြစ်သင့်ပါဘူး။ သူတို့ရဲ့ ဉာဏ်ပညာ၊ ချစ်ခြင်းမေတ္တာတွေနဲ့ သင့်ဘဝမှာ အကောင်းမြင်စိတ်တွေ ပေါင်းထည့်ပေးမယ့်သူတစ်ယောက်ကို သင်လိုချင်မိပါလိမ့်မယ်။

၆။ Virgo (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)

အနုပညာသမားတှကေို ကွှပေါတယျ။

သင်ဟာ ကိုယ်ချစ်ရသူတွေကို အမြဲတမ်းပံ့ပိုးပေးချင်ပါတယ်။ ဒါပေမယ့် သူ သင့်ကို သူ့ကိုယ်ရေးကိုယ်တာ လက်ထောက်လို မဆက်ဆံမိအောင် သတိထားပါ။ ဘာလို့လဲဆိုတော့ သင်ကလည်း ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေနဲ့ ထိုက်တန်တာကြောင့်ပါ။

၇။ Libra (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂)

ယုံကြည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ အမျိုးသားတွေကို ကြိုက်ပါတယ်။

သင်ဟာ ချစ်စရာကောင်းပြီး ဉာဏ်ထက်မြက်တဲ့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသားမျိုးကို ကြွေပါတယ်။ ဒါပေမယ့် သူ့ရဲ့ တက်ကြွလွန်းတဲ့ စိတ်ဓါတ်က သင့်ကို အရမ်းပင်ပန်းစေနိုင်ပါတယ်။

၈။ Scorpio (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

ဘာပဲဖြစ်ဖြစ် အမြဲရှိနေပေးမယ့်သူကို ချစ်မိနိုင်ပါတယ်။

သင်ဟာ တစ်ခါတစ်ရံမှာ စိတ်ဓါတ်ကျပြီး အပြောင်းအလဲမြန်နိုင်ပါတယ်။ သင့်ရဲ့ စိတ်အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့လူတစ်ယောက်ကို လိုချင်ပြီး သင့်အတွက် အမြဲရှိနေပေးစေချင်ပါတယ်။

၉။ Sagittarius (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁)

ပွင့်လင်းမြင်သာပြီး ဉာဏ်ရည်ထက်မြက်တဲ့သူတစ်ယောက်ပါ။

သင့်ရဲ့ စွန့်စားလိုတဲ့ နှလုံးသားက ဉာဏ်ရည်ထက်မြက်ပြီး စိတ်သဘောထားကြီးတဲ့၊ သင်လုပ်ဆောင်သမျှ စွန့်စားမှုတွေမှာ သင့်ရဲ့ အကောင်းဆုံးအဖော်ဖြစ်ပေးနိုင်တဲ့ အမျိုးသားတွေကို ကြွေပါတယ်။

၁၀။ Capricorn (ဒီဇင်ဘာ 22 မှ ဇန်နဝါရီ 19)

သစ္စာရှိပေး၊ ချစ်ခင်ပေးပြီး ဖေးမကူညီတတ်သူ တစ်ယောက်ကိုပါ။

သင်က အလုပ်ကြိုးစားတယ်၊ ရိုးသားတယ်။ အမှီအခိုကင်းပါတယ်၊ ဒါ့ကြောင့် သင့်ကို ပံ့ပိုးပေးနိုင်တဲ့၊ သစ္စာရှိပြီး သင့်ရဲ့တံတိုင်းတွေကို ဖြိုဖျက်ပစ်နိုင်လောက်အောင် ချစ်ဖို့ကောင်းတဲ့ ယောကျာ်းမျိုးက သင့်အတွက် ဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်လာရင် ကြံ့ခိုင်တဲ့ စိတ်ခံစားမှုရေဒါရှိခြင်းက သင့်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

၁၁။ Aquarius (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈)

ကိုယ့်ကိုယ်ကို ခိုင်မာတဲ့စိတ်ရှိပြီး အကြောက်တရားကင်းမဲ့တဲ့ အမျိုးသား ။

သင့်မှာ လူတိုင်းနဲ့ အလွယ်တကူ ရောနှောနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ပြီးတော့ ဒီအရည်အသွေးကြောင့် လူတိုင်းက သင့်ကို သဘောကျပါတယ်။ သဘာဝအားဖြင့် လက်တွဲဖော်အမျိုးသား ရွေးချယ်မှုနဲ့ ပတ်သတ်လာရင် သင့်လိုပဲ အကြောက်တရားကင်းမဲ့တဲ့ အနုပညာသမားတွေ၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းသိတဲ့ အမျိုးသားတွေဆိုရင် ချစ်မိနိုင်ပါတယ်။ တက်ကြွတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး သင့်ရဲ့လွတ်လပ်တဲ့ စိတ်ဓါတ်ကို ရင်ဆိုင်နိုင်သော confident man တစ်ယောက်က သင့်အတွက် ဖြစ်ပါတယ်။

၁၂။ Pisces (ဖေဖော်ဝါရီ 18 မှ မတ်လ 20)

တီထွင်ဖန်တီးမှုနဲ့ လက်တွေ့ဆန်တဲ့ အမျိုးသားတစ်ယောက်ပါ။

သင်ဘယ်လောက်ပဲ စိတ်ကူးယဉ်ထားပါစေ၊ လက်တွေ့ဆန်ပြီး သင့်အား တည်ငြိမ်မှု ပေးစွမ်းမယ့် အမျိုးသားတွေက သင့်ကို အမြဲတမ်းဆွဲဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ သူက သင့်လိုပဲ တီထွင်ဖန်တီးနိုင်စွမ်းကို တန်ဖိုးထားသင့်ပါတယ်။

Lifstyle_Myanmar

LM_Nandar

Source-themindsjournal.




Some text some message..