မေ ၁၃ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-05-13

တနင်္ဂနွေ - ဒီနေ့မှာ စိတ်ရှုပ်အာရုံနောက်စရာကိစ္စလေးတွေ ပေါ်လာတတ်တယ်။ ဒါပေမယ့် မပြောပလောက်လို့ နောက်ပိုင်းမှာ အေးဆေး ပြန်ဖြစ်သွားမယ်။ မိတ်ဆွေတွေ၊ ဆရာတွေဆီက အကူအညီ၊ အဆက်အသွယ်တွေ ရတတ်တယ်။ ဘာသာရေးကိစ္စ ဆောင်ရွက်နေရင် ထူးခြားမယ်။ တစ်နေ့တာ အလုပ်ကိစ္စတွေမှာ အားနည်းချက် ရှိလာနိုင်တယ်။ ပုံမှန်ထက် ခက်ခဲမယ်။ ငွေလည်း ကျပ်တတ်တယ်။ ရပ်ဝေးမြေခြားအလုပ်ကိစ္စမှာတော့ ကံတွေ ကောင်းလာမယ်။ ကျန်းမာရေး နည်းနည်း ညံ့နိုင်တယ်။ မေတ္တာရေးမှာ စိတ်ညစ်စရာ ပြဿနာတွေ ပေါ်မယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အိုးဘဲဥနဲ့ မုန့်ဟင်းခါး ကပ်ပါ။

သင့်

တနင်္လာ - အလိုလိုနေရင်း စိတ်ထွေ စိတ်လေးသလို ခံစားနေရတတ်တယ်။ ဘာလုပ်လုပ် အဆင်မပြေစရာတွေ များနေလို့ တစ်နေ့လုံးမှာ အားမလိုအားမရတွေလည်း ဖြစ်နေမယ်။ သည်းခံရ မျိုသိပ်ရတာတွေလည်း များမယ်။ အလုပ်မှာ အတိုက်အခိုက် ပေါ်လာတတ်သလို ကိုယ့်ကို ပြဿနာရှာတာတွေလည်း ခံရတတ်တယ်။ ငွေကြေးနဲ့ စီးပွားရေးတွေမှာ အပြေးအလွှားတွေ လုပ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ရှုပ်စရာ များမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့ကလေးတွေကို မုန့်ပဲသရေစာ ပေးကမ်းပါ။

ညံ့

အင်္ဂါ - သာမန်နဲ့မတူဘဲ စွန့်စားရတဲ့ အလုပ်တွေ၊ အန္တရယ်များတဲ့ အလုပ်တွေမှာ အောင်မြင်မှုတွေ ရလိမ့်မယ်။ တစ်နေ့တာလုံးမှာ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွနဲ့ အလုပ်တွေ အများကြီး လုပ်သွားနိုင်မယ်။ ငွေကြေးကံ စီးပွားကံလည်း အတော်လေး ထူးခြားကောင်းမွန်နိုင်တယ်။ ဒါပေမယ့် ဒီနေ့မှာ ခရီးသွားတာလာတာတွေတော့ အဆင်မပြေ ဖြစ်တတ်တယ်။ လမ်းခရီးမှာ စိတ်ညစ်ရတတ်တယ်။ မိသားစုထဲမှာ သတင်းကောင်း ကြားရနိုင်ပြီး အသိုင်းအဝိုင်းရဲ့ အကူအညီလည်း ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာမှုတွေ ရရှိမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ဇီးဖျော်ရည် လှူဒါန်းပေးရမယ်။

ကောင်း

ဗုဒ္ဓဟူး - ဒီနေ့မှာ စိတ်အနှောင့်အယှက်တွေကြားကပဲ လိုအင်ဆန္ဒတွေ ပြည့်ဝလာမယ်။ နာမည်ရမယ့်ကိစ္စတွေ မျက်နှာကောင်းရမယ့်အရေးတွေ ပေါ်လာမယ်။ ကိုယ့်နေရာ၊ ကိုယ့်လုပ်ပိုင်ခွင့်လည်း ပေါ်လွင်ထူးခြားလာမယ်။ အလုပ်စီးပွားကံတွေ တက်မယ်။ ငွေလည်း ဝင်ကိန်း ရှိတယ်။ ဒါပေမယ့် မိတ်ဆွေအပေါင်းအသင်းတွေကိုတော့ သတိထားရမယ်။ သူတပါးကြောင့် ကိုယ့်မှာ နစ်နာရတတ်တယ်။ အိုးအိမ်နေရာကိစ္စမှာ အဆင်မပြေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ပျက်ဝမ်းနည်းစရာတွေ ခံစားရမယ်။ လူလည်း ပင်ပန်းစိတ်ကုန်ရတတ်တယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပန်းသီးဖျော်ရည် ကပ်လှူပြီး ဆုတောင်းပါ။

ကောင်း

ရာဟု - ဒီနေ့မှာ ဘာပဲလုပ်လုပ် တစ်ယောက်တည်း ကြံစည်အားထုတ်ရင် အောင်မြင်လွယ်မယ်။ လူအများစုနဲ့ ပေါင်းစပ်ရောနှော လုပ်ကိုင်ရတော့ လိုရာမရောက်ဘဲ စိတ်ညစ်ရတတ်တယ်။ ပျော်စရာရွှင်စရာကိစ္စတွေရော အားတက်စရာသတင်းတွေရော ဒီနေ့မှာ ကြားသိရတတ်တယ်။ အရင် လုပ်ခဲ့တဲ့အလုပ်တွေကနေ ပြန်ပြီးတော့ အကျိုးပေးမယ်။ တစ်နေ့တာ အလုပ်တွေမှာလည်း အဆင်ပြေပြေ ဖြစ်မယ်။ နှလုံးသားရေးကံတော့ ညံ့နေမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် အိမ်ခြေရာမဲ့တွေကို မုန့်အာဟာရ လှူပါ။

ကောင်း

ကြာသပတေး - စိတ်ရောလူပါ ရွှင်လန်းတက်ကြွစရာတွေ များမယ်။ တစ်နေ့တာ အကြံအစည် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေလည်း အဆင်ပြေပြေ အောင်မြင်လွယ်လိမ့်မယ်။ ဒါပေမယ့် မိသားစုအရေးကိစ္စမှာ ကိုယ့် စေတနာတွေက ဝေဒနာ ဖြစ်လွယ်တတ်တယ်။ အထင်လွဲအမြင်လွဲတာ ခံရမယ်။ နောက်ကြောင်းမအေးရတာနဲ့ စိတ်ပူရတာတွေ ဖြစ်လိမ့်မယ်။ အလုပ်မှာ စိတ်တိုင်းမကျတာ၊ စိတ်ပျက်ရတာတွေ ဖြစ်မယ်။ ငွေကြေးအတွက်နဲ့ ပင်ပန်းရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကူအညီတွေ ရမယ်။ လက်တွေ့ကျကျ စဉ်းစားဖြစ်မယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ တစ်နေ့လုံးမှာ ဂုဏ်တော်ပွားများပြီး ဖြတ်သန်းလိုက်ပါ။

ကောင်း

သောကြာ - ဒီနေ့မှာ စကားအပြောအဆိုတွေ ဆင်ခြင်သတိပြုရမယ်။ လူငယ်တွေဆိုရင် အပျော်အပါးကိစ္စတွေနဲ့ သွားရေးလာရေးတွေ များပြီး ကိုယ်ပါ ဒုက္ခ များတတ်တယ်။ ကိုယ့်ငွေကြေး၊ ပစ္စည်းဥစ္စာတွေ ပျောက်ရှတတ်ပြီး ကုန်ပေါက်တွေလည်း များနေမယ်။ အလုပ်ကိစ္စမှာ အကောင်းအဆိုး သိပ်မရှိဘဲ ပုံမှန်လေးပဲ လုပ်ကိုင်နေရမယ်။ ငွေကြေးပိုင်းမှာလည်း မတင်မကျနဲ့ စိတ်မပိုင်းဖြတ်နိုင်ဘဲ ဖြစ်မယ်။ မေတ္တာရေးကံလေးတော့ ကောင်းလိမ့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ အောက်ပိုင်းမသန်သူကို စားစရာ လှူပါ။

ညံ့

စနေ - အကောင်းကြီးကနေ နေထိုင်မကောင်း၊ ဖျားနာလွယ်တတ်တယ်။ နဂိုတည်းက ကျန်းမာရေး မကောင်း၊ ချူချာတတ်ရင် ဒီနေ့မှာ ပိုဂရုစိုက်ရမယ်။ တစ်နေ့လုံးမှာ ဟိုဟာလုပ်ရနိုး၊ ဒီဟာလုပ်ရနိုးနဲ့ အချိန်တွေပဲ ကုန်ပြီး အလုပ် မဖြစ်ဘဲ ရှိနေမယ်။ လူငယ်တွေ နှလုံးသားရေးမှာ အမြင်မတူတာ၊ ဆန့်ကျင်ကွဲလွဲစရာတွေ ပေါ်လာပြီး အချင်းချင်း အဆင်မပြေ ဖြစ်တတ်တယ်။ အိမ်ထောင်ရှင်တွေမှာလည်း စိတ်ခုစရာလေးတွေ ဖြစ်လာနိုင်တယ်။ တစ်နေ့တာ အလုပ်တွေကတော့ အတော်အသင့် အဆင်ပြေနိုင်တယ်။ အိတ်စိုက်ရတာလေးတွေတော့ ရှိမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ လက်ဖက်ထမင်း ဆွမ်းကပ်လှူပါ။

သင့်

#lotaya_horoscope




Some text some message..