
တနင်္ဂနွေ - ဒီနေ့မှာ ဘယ်ကိစ္စမဆို ကိုယ်တိုင်သွားလာ၊ လုပ်ကိုင်တာ ကောင်းမယ်။ သူများလွှဲလိုက်တာနဲ့စာရင် ကိုယ်တိုင် ကြိုးစားရယူတာက ပိုအဆင်ပြေတတ်တယ်။ အကြီးအကဲတွေ၊ အာဏာပိုင်တွေဆီကပါ အကူအညီ ရလွယ်မယ်။ မျက်နှာကောင်းရတာ၊ နောက်ကွယ်က အကူအညီပေးတာမျိုး ကြုံရမယ်။ အလုပ်မှာ အခက်အခဲ ရှိတတ်ပေမယ့် ဖြေရှင်းနိုင်မယ်။ ငွေအတွက်တော့ သောကရောက်ရမယ်။ မိတ်ဆွေအပေါင်းအသင်း အားကိုးလို့ မရဘဲ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ညစ်ရတာလေးတွေ ရှိမယ်။ အနှောင့်အယှက်တွေ ကြုံမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူပြီး ယတြာပြုပေးပါ။
သင့်
တနင်္လာ - တစ်နေ့လုံးမှာ စိတ်ပူပန်သောကရောက်စရာတွေ များတတ်တယ်။ ကိုယ်တိုင်က အမှားအယွင်းတွေ လုပ်မိလို့လည်း ဖြေရှင်းရတတ်တယ်။ ခရီးကိစ္စတွေ စီစဉ်ထားရင် ပျက်တတ်တယ်။ လမ်းခရီးမှာ အဆင်မပြေမှု များတတ်တယ်။ အလိုလိုနေရင်း ကိုယ့်ကို အမြင်မကြည်တာ၊ ရန်လိုတာတွေ ခံရတတ်တယ်။ အလုပ်ကိစ္စတွေ လိုရင်းမရောက်ဘဲ ဖြစ်နေမယ်။ ကြီးကဲသူတွေကြောင့် စိတ်ညစ်ရမယ်။ မေတ္တာရေးမှာတော့ အဆင်ပြေနေမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ လမ်းဘေးခွေးတွေကို အစာချကျွေးပြီး ယတြာပြုပေးရမယ်။
ညံ့
အင်္ဂါ - ရည်ရွယ်တာတွေ မဖြစ်ဘဲ မမျှော်လင့်တာတွေနဲ့ချည်း ကြုံရမယ့်နေ့ ဖြစ်တယ်။ စိတ်ထဲ မတင်မကျတွေ၊ ဒွိဟတွေ အရမ်းများပြီး စိတ်တွေလည်း ရှုပ်ထွေးနေမယ်။ အကြီးအကဲတွေက ကိုယ့်အပေါ် အမြင်မကြည်မလင် ဖြစ်လိမ့်မယ်။ ရန်လည်း များတတ်လို့ သည်းခံလိုက်တာ ကောင်းမယ်။ အလုပ်ကိစ္စတွေမှာတော့ အသင့်အတင့် ကံကောင်းမယ်။ ငွေလည်း ဝင်ကိန်း ရှိတယ်။ အစုအဖွဲနဲ့ ပေါင်းလုပ်တာတွေမှာ အကျိုးရှိမယ်။ စိတ်ထဲ ပြတ်သား ရဲရင့်ဖို့တော့ လိုမယ်။ အချစ်ရေး၊ အိမ်ထောင်ရးမှာ ကတောက်ကဆ ဖြစ်ရတတ်တယ်။ အငြင်းပွားရတတ်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နှင်းဆီ (သို့) စွယ်တော်ညွှန့် ကပ်လှူပေးပါ။
သင့်
Super Lan သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - မိသားစုအသိုင်းအဝိုင်းရဲ့ကောင်းကျိုးကို ခံစားရမယ်။ ဆွေမျိုးသားချင်းတွေဆီက အကူအညီတွေ ရပြီး စိတ်ချမ်းသာရမယ်။ မိသားစုထဲက မပြေလည်မှုတွေကိုလည်း ဖြေရှင်းနိုင်မယ်။ ငွေကြေးလာဘ်လာဘတွေပါ ရရှိတတ်တယ်။ သတင်းကောင်းတွေ ကြားရလိမ့်မယ်။ အလုပ်မှာ အချိန်အတော်ကြာ ရုန်းကန်ထားတဲ့ကိစ္စတွေ လမ်းစပေါ်မယ်။ ဒါပေမယ့် စိတ်ပင်ပန်းလူပင်ပန်းတော့ ဖြစ်မယ်။ ငွေဝင်ခါနီးတိုင်း စိတ်ညစ်စရာတွေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တကျက်ကျက်နဲ့ စကားတွေ များတတ်တယ်။ အချင်းချင်း အပြစ်မြင်လွယ်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အိုဗာတင်း ၁ ခွက် ကပ်လှူပါ။
သင့်
ရာဟု - မိတ်ကောင်းဆွေကောင်းတွေနဲ့ ဆုံဆည်းရမယ်။ အဆက်အသွယ် ပြတ်တာ ကြာနေပြီဖြစ်တဲ့သူတွေနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတတ်တယ်။ ရပ်နီးရပ်ဝေးက လူတွေဆီက သတင်းကောင်း ကြားရမယ်။ တစ်နေ့လုံးမှာ စိတ်ရောလူပါ အေးရာအေးကြောင်း ဖြစ်နေမယ်။ အလုပ်မှာ စိတ်တိုင်းမကျပေမယ့် အခြေအနေက သိပ်အဆိုး မဟုတ်ဘဲ ဖြစ်မယ်။ ငွေတော့ နည်းနည်း ကျပ်မယ်။ နှလုံးသားရေးမှာ စိတ်နှလုံး မကြည်လင်စရာတွေ များမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ရွှေကြည်မုန့်တွေ ကပ်လှူပေးပါ။
သင့်
ကြာသပတေး - စိတ်ထဲ အလိုလိုနေရင်း လေးလံထိုင်းမှိုင်းနေတတ်တယ်။ လုပ်ကိုင်ကြံစည်သမျှ အလွဲအချော် များပြီး အဆင်မပြေတာတွေချည်း ဖြစ်နေတတ်တယ်။ အလုပ်ကိစ္စမှာ အတိုက်အခိုက်တွေ များမယ်။ ကိုယ့်ကိုပါ ရန်လို တိုက်ခိုက်မှုတွေ ကြုံရတတ်တယ်။ ဝေဖန်ပြစ်တင်တာတွေ ခံရတတ်တယ်။ အပျော်အပါးတွေ များမိခဲ့ရင် ဒီနေ့မှာ ပိုဆိုးတတ်တယ်။ အလုပ်တွေက အသည်းအသန် အပြေးအလွှား ဖြစ်နေမယ်။ ငွေရေးကြေးရေးမှာပါ စိတ်သောက ဖြစ်ရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကောင်းဆိုး ယှဉ်နေမယ်။ အာရုံနောက်ရလိမ့်မယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ တောင်းရမ်းသူတွေကို ပေါင်မုန့်တွေ ဝယ်ကျွေးလိုက်ပါ။
ညံ့
MPT IPTV သို့သွားရန်နှိပ်ပါ
သောကြာ - ဒီနေ့မှာ ကိုယ့်အရေးကိစ္စအပြင် သူများကိစ္စတွေအတွက်ပါ အချိန်ပေးပြီး လူပင်ပန်းခံရတတ်တယ်။ အလုပ်အကိုင်ကံလေးတော့ ကောင်းမယ်။ မျက်နှာကောင်းရတာ၊ လူကြားထဲ ကိုယ်က အသာစီးရတာမျိုးတွေပါ ကြုံရမယ်။ ငွေကြေးအရလည်း ကံပွင့်လာကိန်း ရှိတယ်။ ဒါပေမယ့် အိုးအိမ်ကိစ္စ၊ မြေယာကိစ္စ၊ အမွေကိစ္စတွေကို လုပ်ရင်တော့ အဆင်မပြေဘဲ လှည့်ပြန်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စန်းတွေ ပွင့်နေမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နို့ထမင်း ကပ်လှူပြီးတော့ လိုရာဆုတောင်းပါ။
ကောင်း
စနေ - ကံဇာတာ ကောင်းမွန်မယ့်နေ့ ဖြစ်ပြီး အညံ့တွေ ကြုံလာရင်တောင် အလွယ်တကူ ဖြတ်ကျော်နိုင်မယ်။ ငွေကြေးစီးပွား၊ အလုပ်အကိုင်တွေမှာ အထူးထင်ရှား အဆင်ပြေနိုင်တယ်။ အထက်လူကြီးတွေ၊ အစိုးရပိုင်းတွေ စတဲ့ အကြီးအကဲတွေဆီက လက်ကမ်းကြိုဆို ကူညီမှုတွေ ရလိမ့်မယ်။ ငွေကြေးကံလည်း ကောင်းလာနိုင်လို့ ပုံမှန်ဝင်ငွေအပြင် တခြားရလမ်းတွေပါ ပွင့်လာတတ်တယ်။ ဒါပေမယ့် နှလုံးသားရေးမှာတော့ စိတ်ညစ်နေမယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ သာသနာ့အလံတစ်လက် ဝယ်ပြီး ဘုရားမှာ ကပ်လှူပါ။
ကောင်း
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope