ဇွန် ၃၀ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-06-30

တနင်္ဂနွေ - ဒီနေ့မှာ ခေါင်းမီးတောက်သလို အာရုံနောက်စရာတွေ တန်းစီ ကြုံရတတ်တယ်။ အကြီးအကဲတွေနဲ့ အာဏာပိုင်တွေကြောင့်လည်း ကိုယ်စိတ်နှစ်ပါး ပင်ပန်းရတတ်တယ်။ ဆူပူငေါက်ငန်းခံရတာတွေ ကြုံလိမ့်မယ်။ တစ်နေ့တာ အလုပ်တွေမှာ မရေမရာနဲ့ ဖြစ်နေမယ်။ စိတ်သောကနဲ့ လုပ်နေရမယ်။ အလုပ်တစ်ခုမက ယှဉ်တွဲပြီး လုပ်ရကိန်း ရှိတယ်။ ဝင်ငွေလမ်းနှစ်မျိုး ပေါ်တတ်တယ်။ သူတပါးရဲ့တာဝန်တွေကိုလည်း ဝင်ယူပေးရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတော့ သာယာအေးချမ်းမှု ရှိတယ်။ ဒါပေမယ့် မိသားစုထဲမှာ ပူပန်စရာတွေ ဖြစ်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ မီးသီး၊ မီးချောင်းအကျွမ်းအစုတ်တွေ စွန့်ပစ်ပေးရမယ်။

ညံ့

တနင်္လာ - ဟိုသွားဒီသွားနဲ့ ခရီးတွေ များလာတတ်တယ်။ စိတ်ကူးဆန္ဒတွေ ပြည့်ဝမယ်။ ပျော်ရွှင်စရာကိစ္စတွေနဲ့ ကြုံရတတ်တယ်။ မိခင် (သို့) အမျိုးသမီးမိတ်ဆွေတွေရဲ့ကူညီပံ့ပိုးမှု ရမယ်။ ငွေကြေးအရလည်း ကံကောင်းပြီး လာဘ်ရွှင်လာမယ်။ အလုပ်တွေ ကောင်းပေမယ့် ကိုယ်တိုင်က စိတ်များတတ်တာကိုတော့ သတိပြုပါ။ ခရီးကိစ္စ ပေါ်လာရင် ကောင်းတယ်။ မေတ္တာရေးကံတော့ အားနည်းတတ်တယ်။ စိတ်နှလုံး မချမ်းမြေ့စရာတွေ များမယ်။ ဒီနေ့  ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ မိခင် (သို့) အဒေါ်ကို စားချင်တာလေး ဝယ်ကျွေးပေးပါ။

ကောင်း

အင်္ဂါ - အသင်းအဖွဲ့နဲ့ ပတ်သက်တဲ့အလုပ်တွေ ကောင်းတယ်။ နိုင်ငံရပ်ခြား၊ ပြည်ပကိစ္စ၊ လူမျိုးခြားနဲ့ဆက်စပ်တဲ့ ကိစ္စတွေမှာ အဆင်ပြေလွယ်ကူမယ်။ တစ်နေ့တာ အလုပ်ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြာမှုလေးတွေ ဖြစ်မယ်။ ငွေရစရာပေးစရာတွေလည်း ကြာသွားတတ်တယ်။ အဝင်ထက် အထွက်များမယ့်နေ့လည်း ဖြစ်တယ်။ ငွေဝင်ရင် စိတ်ညစ်ပြီးမှ ဝင်မယ်။ မိတ်ဆွေတွေကြောင့် စိတ်ကသိကအောက် ဖြစ်မယ်။ ခရီးကိစ္စတွေလည်း ပေါ်လာမယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာ ခေါင်းခဲရ ပူပန်ရတာတွေ ဖြစ်တတ်တယ်။ ကြီးကဲသူတွေက နှောင့်ယှက်နိုင်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒိန်ချဉ် ၁ခွက် ကပ်လှူပြီး ယတြာပြုပေးရမယ်။

သင့်


Super Lan သို့သွားရန်နှိပ်ပါ

ဗုဒ္ဓဟူး - ကံအားနည်းတဲ့နေ့မျိုး ဖြစ်လို့ တစ်နေ့တာလုံးမှာ ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်မယ်။ စိတ်ရောလူပါ မကြည်မလင် ဖြစ်နေတတ်တယ်။ ဒီနေ့ အလုပ်ကိစ္စတွေမှာ အနှောင့်အယှက် များမယ်။ စိတ်သောက များရပြီး အကျိုးအမြတ်ကျ နည်းပါးတတ်တယ်။ ငွေအတွက်နဲ့ စကားအခြေအတင်တွေ ငြင်းခုံရကိန်း ရှိတယ်။ လူအများ နဲ့ ပတ်သက်တဲ့အခါ ကိုယ့်ကို ကျော်ခွတာ၊အသုံးချတာတွေ ခံရတတ်တယ်။ ဘယ်သူ့မဆို သတိနဲ့ ဆက်ဆံပါ။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံတွေ ကောင်းနေမယ်။ တစ်ဦးထက်မကတဲ့ သံယောဇဉ်ကိစ္စမျိုး ပေါ်လာမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရေသပ္ပါယ်တာ၊ ရောင်တော်ဖွင့်တာမျိုး လုပ်ပါ။

ညံ့

ရာဟု - စိတ်နှလုံး မကြည်မသာ ဖြစ်တတ်တယ်။ လူကလည်း မလန်းဘဲ စိတ်တွေပါ ထိုင်းမှိုင်းနေတတ်တယ်။ စိတ်နောက်ကိုယ်ပါ လျှောက်လုပ်ချင်စိတ်တွေ များနေတတ်တယ်။ လျှောက်လုပ်မိရင် အမှားတွေ များလိမ့်မယ်။ အလုပ်မှာ အတိုက်အခိုက်တွေ ပေါ်လာတတ်တယ်။ ကိုယ့်ကို ရန်လိုတာ၊ တိုက်ခိုက်တာတွေ လုပ်လာတတ်လို့ သတိနဲ့ ကြိုပြင်သင့်တယ်။ ငွေကြေးအပေးအယူတွေ သတိထားရမယ်။ မေတ္တာရေးမှာတော့ စန်းပွင့်တတ်တယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ညောင်ပင်ကြီးတစ်ပင်မှာ ရေ ၁၂ ခွက် သွန်းလောင်းပါ။

ညံ့

ကြာသပတေး - ကျန်းမာရေးပိုင်း အားနည်းတတ်တဲ့နေ့ ဖြစ်တယ်။ လူကောင်းတွေတောင် ရုတ်တရက် ညံ့နိုင်လို့ ရောဂါဝေဒနာအခံရှိသူတွေဆို ပိုသတိထားရမယ်။ အလုပ်အကိုင်ကံတွေ ကောင်းမယ့်နေ့ ဖြစ်ပြီး ငွေကြေးလည်း ဝင်လိမ့်မယ်။ ဒါပေမယ့် နေရာအပြောင်းအရွှေ့တွေတော့ ပေါ်လာတတ်တယ်။ မကြိုက်တဲ့နေရာကို သွားရကိန်း ရှိတယ်။ မလုပ်ချင်တာတွေ လုပ်ရတတ်တယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ ကံကောင်းပျော်ရွှင်လိမ့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ငှက်ပျောသီး ၂ လုံးပေါ် သကြားဖြူးပြီး ဘုရားမှာ ကပ်ပါ။

သင့်


MPT IPTV သို့သွားရန်နှိပ်ပါ

သောကြာ - စိတ်ကူးအကြံအစည်တွေ အထမြောက် အောင်မြင်မယ်။ တစ်နေ့လုံး နေလို့ထိုင်လို့လည်း သာယာ အဆင်ပြေနေတတ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အကူအညီကောင်းတွေ ရရှိမယ်။ လုပ်လို့ကိုင်လို့လည်း အကျိုးအမြတ် ရလွယ်မယ်။ ဒါပေမယ့် ငွေကုန်ကြေးကျ ဖြစ်စရာတွေလည်း ရှိနေမယ်။ ဘယ်လောက်ပဲ ဝင်ဝင် ငွေမမြဲဘဲ ဖြစ်မယ်။ နှလုံးသားရေးမှာ ဆူဆူပူပူနဲ့ ပြဿနာတွေ ဖြစ်လွယ်မယ်။ ပြီးတော့မှ ပြန်အဆင်ပြေမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သရက်သီးသုပ် ကပ်လှူပေးပါ။

ကောင်း

စနေ - ကိုယ့်အိမ်ကိုယ့်ရာ မိသားစုထဲမှာ ပူပန်ကြောင့်ကျစရာတွေ ပေါ်လာတတ်တယ်။ မိသားစုတွေအချင်းချင်း နားလည်မှု လွဲပြီး ပြဿနာလည်း ဖြစ်တတ်တယ်။ ကိုယ်တိုင်ကတော့ တစ်နေ့တာလုံးမှာ အရာရာကို ချင့်ချိန်ပြီး ထိန်းကျောင်းလုပ်နိုင်မယ်။ ဇွဲကောင်းကောင်းနဲ့ လုပ်ရမယ့်အလုပ်တွေမှာ အောင်မြင်မယ်။ ဒါပေမယ့် ကြီးကဲသူ၊ သြဇာရှိသူတွေနဲ့ ဆက်ဆံတဲ့အခါ သတိပြုရမယ်။ မလိုမုန်းထားခံရတတယ်။ ငွေကြေးကိစ္စ အခက်အခဲ ဖြစ်မယ်။ ငွေဝင်ပေမယ့် မမြဲဘဲ ဖြစ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်သောက များမယ်။ ခေါင်းရှုပ်ရလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့ပူပူလေး တစ်ခွက် ကပ်ပြီး ဆုတောင်းပေးပါ။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..