ဇူလိုင် ၁ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-07-01

တနင်္ဂနွေ - ကံတွေ တက်နေပြီး ကြံစည်လုပ်ကိုင်တာတွေလည်း အဆင်ပြေလွယ်ကူနေမယ်။ အကြီးအကဲတွေ နဲ့ မိတ်ဆွေတွေဆီက အကူအညီကောင်းတွေ ရတတ်တယ်။ အလုပ်မှာလည်း အောင်မြင်မှု ရမယ့်နေ့ဖြစ်တယ်။ ငွေရေးကြေးရေးကလည်း အလွယ်တကူနဲ့ ရမယ်။ ငွေကြေးလာဘ်လာဘ ပွင့်လန်းမယ်။ အစိုးရအာဏာပိုင်နဲ့ ပတ်သက်တာတွေ ဒီနေ့မှာ လုပ်ရင် အောင်မြင်မယ်။ အိမ်တွင်းရေး၊ မေတ္တာရေးတွေတော့ ကံအားနည်းနေမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ကြီးကဲသူ (သို့) ဖခင်ကို စားချင်တာ ဝယ်ကျွေးပေးပါ။

ကောင်း

တနင်္လာ - ဒီနေ့မှာ စိတ်လက်ပေါ့ပါး ပျော်ရွှင်ရတာ များမယ်။ ကိုယ့်ဖာသာ နေရင်အကောင်း၊ လူအများစုတွေနဲ့ ပတ်သက်မိရင်တော့ စိတ်ရှုပ်ရလိမ့်မယ်။ အပေါ်ယံလူတွေကြောင့် ကိုယ့်မှာ ထိခိုက်ရတတ်တယ်။ အလုပ်ကိစ္စ၊ စီးပွားရေးပိုင်းမှာ အနှောင့်အယှက် များမယ်။ အတိုက်အခိုက်တွေ ကြုံရမယ်။ ငွေကြေးအတွက်နဲ့ စကားများရ ငြင်းခုံရတာတွေ ဖြစ်လာနိုင်တယ်။ ခရီးတွေတော့ သွားလို့ ကောင်းမယ်။ မိခင်၊ အမျိုးသမီးအကြီးအကဲတွေက ကူညီမစမယ့်နေ့ ဖြစ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်လက်မချမ်းမသာ ဖြစ်ရမယ်။ ပူပန်ရတတ်တယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကိတ်မုန့်တွေ ကပ်လှူပြီး ဆုတောင်းပါ။

သင့်

အင်္ဂါ - ကိုယ့်ဖာသာ နေရင်းနဲ့ကို ပြဿနာနဲ့ တည့်တည့်တိုးမိတဲ့နေ့မျိုး ဖြစ်မယ်။ အလကားနေရင်း စွပ်စွဲခံရတာ တိုက်ခိုက်ခံရတာတွေ ကြုံရတတ်တယ်။ မတော်တဆဘေးလည်း သတိထားရမယ်။ ထစ်ခနဲရှိ စိတ်တွေ မြန်ပြီး တဇွတ်တိုး လုပ်မိတတ်တယ်။ သည်းမခံနိုင်စရာတွေ ကြုံရကြားရတတ်တယ်။ အလုပ်ကိစ္စမှာ လုပ်လက်စတွေ မပြတ်တာ၊ ရှုပ်ထွေးတာတွေ များမယ်။ ငွေကြေးကိစ္စ ကြန့်ကြာတတ်တယ်။ ညီအစ်ကိုမောင်နှတွေကြားဖြစ်ဖြစ် မိတ်ဆွေတွေကြားမှာ ဖြစ်ဖြစ် အငြင်းပွားရတတ်တယ်။ မေတ္တာရေးမှာတော့ ကံတွေ ကောင်းပြီး စန်းပွင့်နေမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နီးစပ်ရာ ညောင်ပင်မှာ ရေ ၈ ခွက် သွန်းလောင်းပေးပါ။

ညံ့

ဗုဒ္ဓဟူး - မိတ်ဆွေအသိုင်းအဝိုင်းဆီက အကူအညီတွေ ရမယ်။ ကိုယ့်အပေါ် ကောင်းတဲ့သူတွေနဲ့ ဆုံဆည်းမယ်။ ကိုယ်တိုင် အဆင်မပြေတာတွေ ရှိရင် ဘေးပတ်ဝန်းကျင်ဆီက အကူအညီ ရလွယ်မယ်။ ခရီးကောင်းတွေလည်း သွားလာရကိန်း ရှိတယ်။ ဒါပေမယ့် တစ်နေ့လုံးမှာ အကြောင်းပေါင်းစုံနဲ့ ခေါင်းနောက်မယ်။ စိတ်ကူးတွေ များပြီး ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုး ဖြစ်မယ်။ အလုပ်အကိုင်၊ ငွေကြေးကံတော့ ကောင်းမယ်။ စပ်တူရှယ်ယာမျိုး အောင်မြင်လွယ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ နားလည်မှု လွဲတတ်တယ်။ စိတ်ရှုပ်ရတာတွေ များမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အိုဗာတင်းတစ်ခွက် လှူပြီး ဆုတောင်းပေးပါ။

သင့်


MPT IPTV သို့သွားရန်နှိပ်ပါ

ရာဟု - ဆွေမျိုးသားချင်းတွေ၊ မိသားစုထဲတွေထဲမှာ ပျော်စရာသတင်းကိစ္စတွေ ကြားရမယ်။ သူတို့တွေဆီကပါ အကူအညီတွေ ရတတ်တယ်။ လက်ဆောင်ပစ္စည်းတွေ ဝင်တတ်တယ်။ အပျော်အပါး၊ အသွားအလာ များမယ့် နေ့မျိုး ဖြစ်တယ်။ စိတ်တွေ ဂဏှာမငြိမ်ဘဲ အိမ်မကပ်ချင်ဘဲ ဖြစ်နေမယ်။ လုပ်ချင်တာတွေ များပြီး လုပ်ဖြစ်တာ နည်းမယ်။ အလုပ်တွေတော့ အဆင်ပြေလွယ်ကူမယ်။ မေတ္တာရေးမှာ အထင်လွဲအမြင်လွဲတွေ ဖြစ်လာနိုင်တယ်။ ဒီနေ့ ညနေ ၅ ခွဲနဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ အိမ်ခြေရာမဲ့ကလေးတွေကို မုန့်ပဲသရေစာ ဝယ်ကျွေးပါ။

သင့်

ကြာသပတေး - ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေ ဆောင်ရွက်အောင်မြင်မယ်။ အဓိဌာန်တွေဘာတွေ လုပ်နေရင် ထူးခြားမှု ကြုံတတ်တယ်။ ဆရာသမားကောင်း၊ ပညာကောင်း ရတတ်တယ်။ ခရီးကောင်းတွေလည်း သွားလာရတတ်တယ်။ ကိုယ့်ကို  ကူညီဝိုင်းဝန်းမယ့်သူတွေ အသင့် ရှိနေမယ်။ အလုပ်မှာ ခက်ခက်ခဲခဲကိစ္စတွေ ပေါ်လာတတ်တယ်။ ငွေအဝင် နည်းတတ်တယ်။ မေတ္တာရေးမှာ စိတ်အခန့်မသင့်စရာတွေ ခဏခဏ ဖြစ်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဗယာကြော် ၅ ခု ကပ်လှူပြီး ယတြာပြုပေးပါ။

သင့်

သောကြာ - စိတ်ရောလူပါ အလိုလိုနေရင်း မလန်းဆန်းဘဲ ထိုင်းမှိုင်းနေတတ်တယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ အသိုင်းအဝိုင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ အကြောင်းမဲ့ ရန်များတာ၊ အပြောအဆိုခံရတာတွေ ဖြစ်မယ်။ ကိုယ်ဘာပြောပြော အရေးမလုပ်ခံရဘဲ ဖြစ်နေမယ်။ တစ်နေ့တာ အလုပ်ကိစ္စတွေမှာ စိတ်သောက များတတ်ပြီး သူများတာဝန်တွေပါ ဝင်ကူရတတ်တယ်။ ခရီးကိစ္စ၊ အပျော်အပါးကိစ္စတွေ ပေါ်လာရင် သတိထားထိန်းရမယ်။ သွားလာရင်းနဲ့ ပြဿနာ ပေါ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း ဒွိဟဖြစ်စရာတွေ ပေါ်လာမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သံဃာသုံးကုဋီတွေကို သန့်ရှင်းပေးပါ။

ညံ့

စနေ - စိတ်ရောလူပါ မအားလပ်နိုင်အောင် အလုပ်တွေ များလာတတ်တယ်။ ကိုယ်ရေးကိုယ်တာကိစ္စအပြင် သူများကိစ္စတွေပါ လျှောက်လုပ်ပေးရတတ်တယ်။ သူများကိစ္စနဲ့တင် အချိန်ကုန်လူပန်း ဖြစ်တတ်တယ်။ အလုပ် စီးပွားကံတော့ ကောင်းမယ်။ အကူအညီတွေ ရလွယ်မယ်။ လူကြီးသူမတွေက ကိုယ့်ဘက်က ရပ်တည်ပေးမယ်။ အစိုးရကိစ္စတွေ ဆောင်ရွက်အောင်မြင်မယ်။ ငွေများများစားစား ဝင်တတ်တယ်။ မေတ္တာရေး သာယာမှု ရမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အာလူးကြော်နဲ့ ဆွမ်းကပ်ပြီး ယတြာပြုပေးပါ။

ကောင်း

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..