အင်္ဂါသက်ရောက်မှာ ဘာဖြစ်တတ်သလဲ၊ ဘယ်လို ယတြာချေမလဲ
lotaya.mpt.com.mm
|
2022-07-27

မြန်မာ့ရိုးရာဗေဒင်မှာ လူတိုင်း ဖြတ်သန်းရတဲ့ အင်္ဂါသက်ရောက်ဆိုတာ ရှိပါတယ်။ အင်္ဂါသက်ရောက်ကာလမှာ ဘာတွေ ဖြစ်တတ်သလဲ၊ ဘယ်လို ရင်ဆိုင်ရမလဲ၊ ဘာယတြာ ချေသင့်သလဲ ဆိုတာ ဗေဒင်ဗဟုသုတအဖြစ်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

နေ့နံအလိုက် အင်္ဂါသက်ရောက်တဲ့အသက်ပိုင်းများ

သက်ရောက်ဗေဒင်အရ နေ့သားသမီးအားလုံးဟာ အောက်ပါအသက်ပိုင်းခြားတွေမှာ အင်္ဂါသက်ရောက်ကာလကို ဖြတ်သန်းရပါတယ်။


အင်္ဂါသက်ရောက်တဲ့နှစ်မှာ ဘာတွေ ဖြစ်တတ်သလဲ

မြန်မာ့ရှေးမူဗေဒင်အရ အင်္ဂါသက်ရောက်ချိန်ကို ကျွဲသားအဖ ၊ ရန်ဖြစ်ကြလို့ အဖသေဆုံးကိန်းအဖြစ် ခေါ်ဆိုပြီး အင်္ဂါသက်ရောက်တဲ့နှစ်မှာ ကိုယ့်အောက်ငယ်သူတွေက ဆန့်ကျင်တာ၊ ဘေးဒုက္ခရောက်အောင် လုပ်တာတွေနဲ့ စိတ်ဆင်းရဲကိုယ်ဆင်းရဲပြီး စိတ်နှလုံး ပူလောင်ရတာတွေ ဖြစ်တတ်တယ်လို့ အဟော ရှိပါတယ်။ ဒါတင်မကဘဲ အင်္ဂါသက်ရောက်နှစ်မှာ စီးပွားရှာတာ၊ ကုန်ရောင်းကုန်ဝယ်တာတွေ လုပ်ရင်လည်း မအောင်မမြင် ဖြစ်လိမ့်မယ် ၊ ရတနာ၊ ရွှေငွေတွေ ဝယ်မိရင် မကောင်းဘူး လို့ သတိပေးဟောဆိုထားပါတယ်။

ခေတ်သစ်ဗေဒင်အရဆိုရင်လည်း အင်္ဂါသက်ရောက်နှစ်ကို ဖြတ်သန်းတဲ့အခါ သည်းခံနိုင်စွမ်းတွေ လျော့လာပြီး စိတ်တိုလွယ်၊ ဒေါသထွက်လွယ်လာမယ်၊ အဲသလို ဒေါသရှေ့ထားပြီး စိတ်လိုက်မာန်ပါ လုပ်မိရင် အမှားတွေ ပို များသွားမယ်လို့ အဟော ရှိပါတယ်။ ဒီလိုနှစ်မျိုးမှာ စိတ်လျှော့ဖို့၊ သည်းခံစောင့်ကြည့်ဖို့နဲ့ ဖြစ်လာသမျှတိုင်းကို ရောင့်ရဲစိတ်နဲ့ သတိနဲ့ ရင်ဆိုင်ဖို့ကိုလည်း မြန်မာ့ဗေဒင်မှာ အကြံပြုထားပါတယ်။

အင်္ဂါသက်ရောက်မှာ ဘယ်သူတွေ ပိုညံ့တတ်သလဲ

တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး (ရာဟု) နေ့ဖွားတွေဟာ အင်္ဂါသက်ရောက် ကာလမှာ သူများထက် ပိုသတိထားရမှာ ဖြစ်ပြီး ခိုက်ရန်တွေ၊ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မြန်မာမွေးနှစ်ကို ၇ နဲ့စားလို့ (ဝ) ကြွင်းတဲ့သူတွေကတော့ ခွဲစိတ်ကုသမှုတွေ၊ မတော်တဆ ထိခိုက်မှုတွေ၊ ဆေးမှားအစာမှားတာတွေ ဖြစ်ပွားတတ်ပါတယ်။ ဒါတင်မကဘဲ သောကြာနဲ့ စနေနေ့ဖွားတွေကလည်း အင်္ဂါသက်ရောက်ဟာ ဘုမ္မိလေး ဖြစ်လို့ ဂရုစိုက်ဖို့ လိုပါတယ်။

အင်္ဂါသက်ရောက်တဲ့နှစ်မှာ ဘယ်လို ယတြာချေမလဲ

မြန်မာ့ရှေးမူဗေဒင်အရ အင်္ဂါသက်ရောက်ကို ဖြတ်သန်းချိန်မှာ အဆိုးအညံ့တွေ လွတ်ကင်းစေဖို့အတွက် ဘုရား ရွှေချတာနဲ့ ခြေလေးချောင်းသား မစားဖို့ မှာထားပြီး မျက်မှောက်ခေတ်မြန်မာ့ဗေဒင်မှာတော့  မိဘ ၊ ဆရာစတဲ့ ကြီးကဲသူတွေကို စားစရာတွေ၊ ငွေကြေးတွေနဲ့ ကန်တော့ဖို့၊ ပေါင်မုန့်နို့ဆမ်း (သို့) ပေါင်မုန့်ထောပတ်သုတ်ကို ဘုရား လှူဖို့ ၊ စနေထောင့်မှာ ထီးဖြူ ၁၂ လက် လှူဖို့ကို ယတြာအနေနဲ့ လမ်းညွှန်ထားပါတယ်။

အင်္ဂါသက်ရောက်မှာ ဘေးရန်ကင်းစွာ ဖြတ်သန်းနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..