သြဂုတ် ၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-08-05

တနင်္ဂနွေ - ကိုယ်စိတ်နှစ်ပါး ပင်ပန်းမှု များမယ့်နေ့ ဖြစ်တယ်။ ကိုယ်လုပ်ကိုင်ကြံစည်သမျှတွေကလည်း ဒီနေ့မှာ အလွဲအချော်တွေ၊ ဆုံးရှုံးမှုတွေ ဖြစ်တာ များမယ်။ စိတ်တိုင်းမကျစရာတွေ ကြုံရမယ်။ အကြီးအကဲ၊ ဖခင် (သို့) သြဇာအာဏာရှိသူတွေနဲ့ အခြေအတင် ဖြစ်ရတတ်တယ်။ တစ်နေ့တာ အလုပ်ကိစ္စတွေကလည်း တခါတည်း မပြီးမပြတ်ဘဲ ဖြစ်မယ်။ အလုပ်နှစ်မျိုးမက လျှောက်လုပ်နေရမယ်။ ငွေဝင်ပေမယ့် စိတ်ညစ်ပြီးမှ ဝင်လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြောင့်ကျမှုလေးတွေ မကင်းဘဲ ဖြစ်မယ်။ ဒါပေမယ့် အဆင်ပြေနေလိမ့်မယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သက်ကြီးဝါကြီးတစ်ဦးကို စားချင်တာလေး ကျွေးပါ။

ညံ့

တနင်္လာ - အသွားအလာတွေ များလာမယ့်နေ့မျိုး ဖြစ်တယ်။ ကိုယ့်အကြောင်းအရာ မဟုတ်တဲ့သူတပါးကိစ္စ၊ သူများပြဿနာတွေထဲ အချောင်ဝင်ပါမိတတ်တယ်။ သူများတာဝန်ကို ကိုယ့်ခေါင်းပေါ် တင်မိသလို ဖြစ်မယ်။ အလုပ်အကိုင်၊ စီးပွားကံဇာတာ ကောင်းပေမယ့် စိတ်များနေလို့ ရသင့်သလောက် မရဘဲ ဖြစ်တတ်တယ်။ ငွေ ဝင်ပြီးမှ လက်ထဲ မမြဲဘဲ သုံးဖြုန်းမိလိမ့်မယ်။ မေတ္တာရေးမှာ ကတောက်ကဆ များမယ်။ နားလည်ရခက်မယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ငါးလွှတ်တာ (သို့) ငါးစာကျွေးတာမျိုး ကုသိုလ်ပြုပါ။

ကောင်း

အင်္ဂါ - ရပ်ဝေးမြေခြားအလုပ်တွေ ထူးခြားတတ်တယ်။ ပြည်ပထွက်ဖို့ ကြိုးစားနေရင် ဒီနေ့မှာ သတင်းကောင်း ကြားရတတ်တယ်။ လူမျိုးခြား၊ ဘာသာခြားတွေက ကူညီမစမယ်။ အဝေးကလူတွေက အကူအညီ ပေးမယ်။ အလုပ်မှာ ကြောင့်ကျစရာလေးတွေ ရှိပေမယ့် ထင်သလောက် မဆိုးတာ တွေ့ရမယ်။ ငွေဝင်စရာရှိတာတွေက နည်းနည်း ကြာလိမ့်မယ်။ အစုအဖွဲ့၊ အသင်းတွေနဲ့ ပေါင်းစပ်လုပ်ကိုင်ရတာတွေမှာ အောင်မြင်မှု ရတတ်တယ်။ စိတ်ရှုပ်စရာလေးတွေတော့ ခံစားရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာတွေ ရှိနိုင်တယ်။ ညံ့နေမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့ပူပူလေးတစ်ခွက် ကပ်လှူဆုတောင်းပါ။

သင့်


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - တစ်နေ့လုံး ဘာလုပ်လုပ် အဆင်မပြေတာတွေ ဖြစ်နေမယ်။ ကြံစည်လုပ်ကိုင်သမျှတွေက အလုပ်မဖြစ် မအောင်မြင်ဘဲ ဒီတိုင်းပစ်ထားရတတ်တယ်။ အလုပ်အကိုင်၊ စီးပွားကံ အားနည်းနိုင်တယ်။ ငွေအပေးအယူတွေ သတိထား လုပ်ရမယ်။ အလုပ်မှာ အတိုက်အခိုက် မကင်းဘဲ လုပ်ရမယ်။ စိတ်အေးချမ်းသာ မရှိဘဲ လုပ်နေရပြီး အကျိုးအမြတ်ကလည်း နည်းတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စန်းပွင့်ပြီး ပျော်ရွှင်ရတတ်တယ်။ မိတ်ဆွေတွေဆီကလည်း အကူအညီကောင်းတွေ ရလိမ့်မယ်။ အခက်အခဲရှိရင် သူတို့နဲ့ တိုင်ပင်လုပ်သင့်တယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ အဝတ်အစားဟောင်းတွေ စွန့်လှူပြီး ယတြာပြုပါ။

ညံ့

ရာဟု - ဒီနေ့မှာ ဘယ်ကိစ္စမဆို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်လို့ မရဘဲ အများအကူအညီ၊ မိတ်ဆွေရဲ့ ပံ့ပိုးမှုတွေ ရမှသာ အဆင်ပြေလိမ့်မယ်။ အရင်က လက်စမသတ်ခဲ့တဲ့၊ မပြီးမပြတ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြီးတော့ ဖြေရှင်းရကိန်း ရှိတယ်။ တစ်နေ့လုံးမှာ စိတ်ရောလူပါ မလန်းဆန်းဘဲ ညစ်နေတတ်တယ်။ အလုပ်အကိုင်ရေး၊ ငွေရေးကြေးရေးတွေမှာလည်း အဆင်မပြေမှုတွေ များနေတတ်တယ်။ မေတ္တာရေးကံလေးတော့ ကောင်းမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ကိုယ်စောင့်နတ်တွေကို ရည်ရွယ်ပြီး အမွှေးတိုင် လှူပါ။

ညံ့

ကြာသပတေး - သွားရင်းလာရင်း စိတ်ညစ်စရာနဲ့ ပက်ပင်းတိုးမိတတ်တဲ့နေ့ ဖြစ်တယ်။ သူများကိစ္စတွေကြားမှာ ကိုယ်ပါ ရောပြီး အာရုံနောက်ရတတ်တယ်။ စေတနာက ဝေဒနာ ဖြစ်ရတတ်ပြီး မသိတတ်သူတွေကြောင့်လည်း စိတ်ဆင်းရဲရတတ်တယ်။ တစ်နေ့တာ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာတော့ ပုံမှန်ထက် ကောင်းမွန်တတ်တယ်။ ဒါပေမယ့် ဘာလုပ်လုပ် စိတ်ထဲ မအေးချမ်းဘဲ ပူစရာလေးတစ်ခုခုတော့ ကြုံရလိမ့်မယ်။ အေးရာအေးကြောင်း မလုပ်ရဘဲ ဖြစ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေမယ်။ လူငယ်တွေ ပျော်စရာ ကြုံလိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ နန်းကြီးသုပ် ကပ်လှူပေးပါ။

သင့်

သောကြာ - မိတ်ဆွေအသိုင်းအဝိုင်းရဲ့အကူအညီတွေ ရမယ်။ မိတ်ဆွေရဲ့အကျိုးကျေးဇူးကို ခံစားရတတ်တယ်။ အသွားအလာကိစ္စ၊ ခရီးကိစ္စတွေ ကောင်းတယ်။ ဒါပေမယ့် အလုပ်ကိစ္စနဲ့ သွားလာတာမျိုးတော့ အဆင်မပြေဘဲ ဖြစ်မယ်။ တစ်နေ့တာ ငွေကြေးစီးပွားပိုင်းမှာ အောင်မြင်မှု ရမယ်။ အလုပ် တိုးချဲ့တာ၊ အသစ် လျှောက်တာမျိုး ကံကောင်းနိုင်တယ်။ ဒီနေ့မှာ ဝင်ငွေကောင်းသလောက် ထွက်ငွေလည်း စွတ်များနေတတ်တယ်။ အသုံးအစွဲကို သတိပြုရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အညံ့များတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးရမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူပြီး ယတြာပြုပေးပါ။

ကောင်း

စနေ - အခက်အခဲတွေကြားက အဆင်ပြေမှုတွေလည်း မြင်တွေ့ရမယ်။ တစ်ရက်တာအတွင်း အလုပ်အကိုင်နဲ့ ငွေကြေးပိုင်းမှာ အခက်တွေ့တာ များမယ်။ ကြီးကဲသူတွေနဲ့ မသင့်မမြတ် ဖြစ်ရတတ်တယ်။ တတ်နိုင်သမျှ သူတို့ နဲ့ ဘာမှ မဖြစ်တာ ကောင်းမယ်။ ငွေဝင်ငွေထွက် မြန်ဆန်နေမယ်။ ငွေကြေးဇယား အရှုပ်အရှင်းတွေ ရှိတတ်လို့ ကြိုတင် သတိထားလုပ်ရမယ်။ လူမှုရေး အညံ့လည်း ရှိတယ်။ မေတ္တာရေးမှာလည်း ကြားလူ နှောင့်ယှက်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ နာနတ်သီးတွေ ကပ်လှူပေးပါ။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..