သြဂုတ် ၁၇ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-08-17

တနင်္ဂနွေ - ဒီနေ့ကတော့ ကိုယ့်အတွက်ရော သူများအတွက် စိတ်ပူစရာတွေ များနေတတ်တယ်။ တစ်နေ့လုံး သူများအရေးကိစ္စတွေနဲ့ အချိန်ပေးရတတ်ပြီး ဘေးပယောဂကြောင့်ပါ ကိုယ်မှာ စိတ်ရောလူပါ ပင်ပန်းရမယ်။ အလုပ်အကိုင်ကံလေး ကောင်းမယ်။ ငွေလည်း အထိုက်အလျောက် ဝင်ကိန်း ရှိတယ်။ ကိုယ်လုပ်ထားတာတွေ အဆင်ပြေပြေ ဖြစ်လာမယ်။ မိသားစုကိစ္စ ပျော်စရာတွေ ဖြစ်မယ်။ မေတ္တာရေးမှာလည်း စိတ်ချမ်းသာမှုရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကျောက်ကျော ၆ ခု ကပ်လှူပြီး ယတြာပြုပါ။

သင့်

တနင်္လာ - အလုပ်အကိုင်စီးပွားရေးမှာ ထူးခြားမှုတွေ ကြုံလာတတ်တယ်။ ကိုယ့်အတွက် အခွင့်ကောင်းတွေရော နေရာကောင်းတွေပါ ပေါ်လာတတ်တယ်။ လုပ်ငန်း ပြောင်းချင်သူ၊ အလုပ်သစ် စတင်ချင်သူတွေ ဒီနေ့မှာ စပြီး ကြိုးစားနိုင်တယ်။ အပျော်အပါးကိစ္စ၊ အသွားအလာကိစ္စတွေတော့ လျှော့ရမယ်။ မိသားစုအိမ်တွင်းရေးကိစ္စတွေ စိတ်ရှုပ်ရတတ်တယ်။ ငွေကြေးကံတော့ ကောင်းလိမ့်မယ်။ မေတ္တာရေးကံ အားနည်းပြီး စိတ်ပျက်ရတတ်တယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အသက်လွတ် ကြာဆံကြော်နဲ့ ဆွမ်းကပ်ပါ။

ကောင်း

အင်္ဂါ - စိတ်ကူးအကြံအစည်တွေ အထမြောက်အောင်မြင်လွယ်တဲ့နေ့ ဖြစ်တယ်။ လုပ်ချင်တာ ဖြစ်ချင်တာတွေ ရှိရင် ရဲရဲကြီး အကောင်အထည်ဖော်ပါ။ အောင်မြင်ဖို့ အခွင့်အလမ်း များမယ်။ စွန့်စားရတဲ့၊ ဘေးရန်မကင်းတဲ့ အလုပ်တွေမှာ ကံကောင်းအောင်မြင်တတ်တယ်။ တစ်နေ့တာ ငွေကြေးစီးပွားကံတော့ မရေမရာ ဖြစ်နေမယ်။ လုပ်သာလုပ်ပြီး အကျိုးမခံစားရဘဲ ဖြစ်မယ်။ ဝင်ငွေထက် ထွက်ငွေ အရမ်းများမယ်။ လူလိမ်လူကောက်တွေ သတိထားရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောင့်အယှက် များမယ်။ လက်တွဲဖော်အတွက် ပူပန်ရမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ဆီချက်ခေါက်ဆွဲ ကပ်လှူပါ။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - တစ်နေ့လုံးမှာ အိုးအိမ်၊ မိသားစုအတွင်း အဆင်မပြေမှုလေးတွေ ဖြစ်လာမယ်။ အချင်းချင်းတွေကြား အမြင်မတူဘဲ ဖြစ်မယ်။ သူများကိစ္စတွေမှာ ဝင်ပါမိရင် အချောင်ဒုက္ခများမိမယ်။ ဘေးကျပ်နံကျပ် ဖြစ်နေမယ်။ အပေါင်းအသင်း သတိပြုရမယ်။ မိတ်ဆွေတွေကြောင့်လည်း နစ်နာရတတ်တယ်။ ဘယ်သူ့ကိုမှ ကျောချပြီး ယုံ လို့မရဘဲ ဖြစ်နေမယ်။ အလုပ်မှာ မပြီးမပြတ်တာတွေ ဖြစ်မယ်။ နှလုံးသားရေးကံလေးတော့ ကောင်းနေမယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားကျောင်းဆောင်မှာ သန့်ရှင်းရေးလုပ်ပေးရမယ်။

ညံ့

ရာဟု - ခရီးကိစ္စတွေ၊ မဖြစ်မနေ သွားလာရမယ့်ကိစ္စတွေ ပေါ်လာတတ်တယ်။ ခရီးထွက်ဖြစ်ရင်လည်း ခရီးစဉ် အဆင်မပြေမှုတွေနဲ့ ကြုံရလိမ့်မယ်။ စိတ်လက်မချမ်းသာဘဲ သွားလာရမယ်။ တစ်နေ့တာ အလုပ်အကိုင်ရေးမှာ အားမလိုအားမရတွေ ဖြစ်မယ်။ တစ်ဝက်တစ်ပျက်နဲ့ အလုပ်တွေ ရပ်သွားတတ်တယ်။ ငွေကြေးကိစ္စ မရေမရာ များမယ်။ မသေချာဘဲ စောင့်ဆိုင်းရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော ပုံမှန်အတိုင်း ရှိနေလိမ့်မယ်။ ဒီနေ့ ညနေ ၄ နဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ နွမ်းပါးသူတွေကို စားစရာ ပေးကမ်းပါ။

ညံ့

ကြာသပတေး - တစ်နေ့လုံးမှာ ဘာကိုမှန်းမသိဘဲ အလိုမကျမှုတွေ များမယ်။ ဘာကိုမှ ယတိပြတ် မဆုံးဖြတ် မစဉ်းစားနိုင်ဘဲ ခေါင်းတွေ နောက်နေတတ်တယ်။ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း လုပ်ချင် ဖြစ်နေမယ်။ ဂဏှာမငြိမ်ဘဲ ဟိုသွားဒီသွားတွေ များလာမယ်။ အလုပ်ကံလေး ကောင်းပေမယ့် အများနဲ့ပေါင်းလုပ်တာက ပို ကောင်းမယ်။ ငွေတော့ ဝင်မယ်။ အိမ်တွင်းရေး တကျက်ကျက် ဖြစ်တတ်ပြီး မေတ္တာရေးမှာ စိတ်ပျက်နေမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သကြားဆွမ်း ကပ်လှူပေးပါ။

သင့်

သောကြာ - စန်းပွင့်သလို ဖြစ်နေမယ်။ အမျိုးသမီးတွေဆို ပိုထူးခြားမယ်။ လိုအင်ဆန္ဒတွေ ပြည့်ဝတတ်တယ်။ လိုချင်တာတွေလည်း လက်ထဲ ရောက်လာမယ်။ ရပ်ဝေးကနေ သတင်းကောင်း၊ လက်ဆောင်ကောင်းတွေပါ ရရှိတတ်တယ်။ အများကြားမှာ နာမည်ကြီးသလို ဖြစ်နေမယ်။ မိတ်ဆွေအပေါင်းအသင်းက ကူညီပေးလာမယ်။ အလုပ်မှာ ခက်ခဲပင်ပန်းစရာလေးတွေ ရှိပေမယ့် ဖြတ်ကျော်နိုင်မယ်။ မြုပ်နေတဲ့ငွေတွေ ပြန်ပေါ်တတ်တယ်။ ချစ်မေတ္တာရေးမှာတော့ စိတ်ညစ်စရာတွေ ခဏခဏ ဖြစ်မယ်။ မိသားစုအတွက် ရတက်မအေး ဖြစ်လာမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သံပရာရည် ၃ ခွက် ကပ်လှူပြီး ဆုတောင်းပါ။

ကောင်း

စနေ - အဘက်ဘက်က အဆင်မပြေမှုတွေ စုပြုံကျလာတတ်တယ်။ ကျန်းမာရေးကလည်း မကောင်းချင်သလို ခံစားရမယ်။ နေမကောင်းချင်၊ ဖျားချင်ချင် ဖြစ်မယ်။ လူကြီးတွေနဲ့ ပေါင်းလုပ်နေရသူတွေ ဒီနေ့မှာ အမှားတွေ မပါအောင် သတိထားပါ။ အုပ်ချုပ်ရေး၊ အာဏာပိုင်နဲ့ ဆက်နွယ်သူတွေ ဂရုစိုက်ရမယ်။ အလုပ်ကိစ္စအတွက်နဲ့ ပူပန်သောက များရတတ်တယ်။ လုပ်ချင်တဲ့ကိစ္စတွေအားလုံး နှောင့်နှေးမယ်။ သည်းညည်းခံပေးနေရလိမ့်မယ်။ မေတ္တာရေးမှာ ထင်တာနဲ့ ဖြစ်တာက တခြားစီ ကြုံရမယ်။ နှစ်ဦးကြားမှာလည်း အနှောင့်အယှက် ရှိတတ်တယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့သက်ကြီးရွယ်အိုတွေကို စားစရာ လှူပါ။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..