စက်တင်ဘာ ၂၂ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-09-22

တနင်္ဂနွေ - လူရောစိတ်ပါ မလန်းဆန်းဘဲ တစ်နေ့လုံးမှာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘဲ ဖြစ်နေလိမ့်မယ်။ တစ်နေ့တာအတွင်း ကြံစည်အားထုတ်သမျှတွေကလည်း အထစ်အငေါ့တွေ အရမ်း များနေမယ်။ အလုပ်တွေ ကောင်းမလိုနဲ့ စိတ်ညစ်နေရလိမ့်မယ်။ ဘေးက အနှောင့်အယှက်တွေလည်း များနေမယ်။ ငွေကြေးအတွက်နဲ့ စိတ်သောက များမယ်။ တစ်နေ့တာ မေတ္တာရေးကိစ္စမှာတော့ အကောင်း၊ အဆိုးလေးတွေ ယှဉ်တွဲလိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သက်ကြီးရွယ်အိုတစ်ဦးကို အိုဗာတင်း လှူပေးပါ။

ညံ့

တနင်္လာ - စိတ်တိုစိတ်ဆတ် လွယ်တဲ့နေ့ ဖြစ်လို့ သည်းခံစိတ်ရှည်ဖို့ လိုမယ်။ အကြီးအကဲတွေ၊ အုပ်ချုပ်သူတွေ နဲ့ မသင့်မမြတ် ဖြစ်တတ်တယ်။ ကိုယ့်ဘက်က အမှားမပါအောင် သတိထားရမယ်။ အလုပ်ကိစ္စမှာ အဆင်ပြေဖို့ ရှိတယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်မယ့်နေ့လည်း ဖြစ်တယ်။ လုပ်ပိုင်ခွင့်တွေလည်း ရလိမ့်မယ်။ ငွေရေးကြေးရေးကံလည်း ကောင်းနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်တိုင်းကျမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သက်သက်လွတ်ကြာဆံကြော် လှူဒါန်းပေးပါ။

ကောင်း

အင်္ဂါ - ဒီနေ့မှာ အခက်အခဲနဲ့ အောင်မြင်မှု ဒွန်တွဲနေမယ်။ ဘယ်ကိစ္စမဆို အခက်အခဲ မကင်းဘဲ ဖြစ်နေမယ်။ ဒါပေမယ့်လည်း ကျော်ဖြတ်သွားနိုင်မယ်။ ကိုယ့်အရည်အချင်းတွေ ထုတ်ပြနိုင်မယ်။ လုပ်ရည်ကိုင်ရည်တွေပါ ကောင်းနေလိမ့်မယ်။ အလုပ်မှာ စိတ်ညစ်စရာတွေကြားကပဲ အဆင်ပြေအောင် လုပ်သွားနိုင်မယ်။ ငွေကြေးကံ ပွင့်လန်းပြီး ကျေနပ်စရာ ဖြစ်မယ်။ မေတ္တာရေးမှာ ချစ်သူ၊ လက်တွဲဖော်ကြောင့် စိတ်ဆင်းရဲစရာ ဖြစ်လိမ့်မယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒူးရင်းယို ကပ်လှူပြီးတော့ ဆုတောင်းပါ။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - ရပ်နီးရပ်ဝေးက အဆက်အသွယ်တွေနဲ့ ပြန်ချိတ်မိမယ်။ မတွေ့တာ၊ မဆုံတာကြာသူတွေနဲ့လည်း ပြန် ဆုံရတတ်တယ်။ ကိုယ့်အတွက် အရေးပါ၊ အကျိုးဖြစ်ထွန်းစေမယ့် သတင်း၊ အချက်အလက်တွေ ရလာမယ်။ ဒါပေမယ့် ဒီနေ့မှာ စိတ်ထဲ မကြည်မသာ ဖြစ်ရတာတွေလည်း ကြုံရလိမ့်မယ်။ ခါးပိုက်နှိုက်၊ သူခိုးနဲ့ ကြုံတတ်လို့ သွားလာစားသောက်မှုတွေကို ဂရုစိုက်ရမယ်။ အသွားမတော်တစ်လှမ်းလို အမှားအယွင်းတွေ ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပူပန်ကြောင့်ကျစရာလေးတွေ ဖြစ်မယ်။ အလုပ်မှာ အလွဲအချော်တွေ များမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ လက်ဖက်ရည် ကပ်လှူပေးပါ။

သင့်

ရာဟု - ကံစမ်းဉာဏ်စမ်းအလုပ်တွေမှာ ထူးခြားတတ်တယ်။ စိတ်ကူးအကြံအစည်တွေကို အကောင်အထည် ဖော်နိုင်လာမယ်။ အရင်တုန်းက ပတ်သက်ဖူးသူတွေနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံတတ်တယ်။ ဒါပေမယ့် ကောင်းတဲ့ ဆုံဆည်းခြင်း မဟုတ်လို့ သတိနဲ့ ဆက်ဆံရမယ်။ ပြဿနာဟောင်းတွေ ကိုယ့်ဆီ တစ်ကျော့ပြန်လာတတ်တယ်။ ငွေကြေးစီးပွားကိစ္စမှာ အခက်အခဲ များတတ်တယ်။ မေတ္တာရေးမှာလည်း အနှောင့်အယှက်တွေ များတတ်တယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သုံးတော်ရေကုသိုလ် ယူပေးပါ။

သင့်

ကြာသပတေး - ဒီတစ်နေ့လုံးမှာ ဘာပဲလုပ်လုပ် တခါတည်းနဲ့ မပြီးပြတ်ဘဲ အခါခါ ပြန်လုပ်နေရတတ်တယ်။ သူများကိစ္စ၊ သူများပြဿနာတွေထဲမှာလည်း ကြားဝင်ပါမိတတ်တယ်။ စိတ်ညစ်စရာတွေချည်း ကြုံရတတ်လို့ ကံအားနည်းတဲ့နေ့ ဖြစ်တယ်။ အလုပ်အကိုင်၊ ငွေကြေးကိစ္စမှာ မပြတ်မသားနဲ့ တွေဝေစဉ်းစားစရာ များမယ်။ ကိုယ့်နေရာ၊ အိုးအိမ်ဌာနမှာ မပျော်သလို ခံစားရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေနေမယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ခေါက်ဆွဲကြော် ကပ်လှူပြီး ယတြာပြုပါ။

ညံ့

သောကြာ - မိတ်ဆွေအပေါင်းအသင်းကံ အားကောင်းနေတယ်။ ကိုယ့်ကို ကူညီဝိုင်းဝန်းမယ့်သူ ပေါများမယ်။ စိတ်ထဲ မတင်မကျ ဖြစ်စရာတွေ ပေါ်လာမယ်။ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလိုတွေ ဖြစ်နေတတ်တယ်။ တစ်နေ့လုံးမှာ ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘဲ ယောင်ဝါးဝါး ဖြစ်နေတတ်တယ်။ အလုပ်အကိုင်ကံဇာတာ အတော်သင့် ကောင်းမယ်။ ငွေလည်း ရမယ်။ မေတ္တာရေးမှာတော့ နားလည်မှု မရဘဲ ကန့်လန့်တိုက်မိနေမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒိန်ချဉ်တစ်ခွက် ကပ်လှူပြီး ယတြာပြုပေးပါ။

သင့်

စနေ - စိတ်ထဲ အနည်းငယ် မွန်းကြပ်ရတာတွေ ခံစားရလိမ့်မယ်။ မိတ်ဆွေကြောင့် အဆင်ပြေရသလို မိတ်ဆွေ အပေါင်းအသင်းကြောင့်ပဲ စိတ်ညစ်ရတာတွေ ဖြစ်မယ်။ အထီးကျန်သလို၊ တစ်ယောက်တည်း ဖြစ်နေသလိုတွေ ခံစားမိတတ်တယ်။ အလုပ်တွေကလည်း အချိန်မီ မပြီးတာ၊ တာဝန်တွေ စုပြုံကျနေတာမျိုး ဖြစ်နေလိမ့်မယ်။ ငွေကြေးကံ အားနည်းမယ်။ အတော်လေး ကြိုးစားယူရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာ ရှိနိုင်တယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ရွှေရင်အေး ကပ်လှူရမယ်။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..