အောက်တိုဘာ ၇ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-10-07

တနင်္ဂနွေ - ဒီနေ့မှာ ကျန်းမာရေး ကျဆင်းတတ်တယ်။ သာမန်လူတွေ ဖျားနာတာ၊ ထိခိုက်တာတွေ ဖြစ်တတ်ပြီး ရောဂါဝေဒနာ အခံရှိသူတွေဆို ပိုဂရုစိုက်ရမယ်။ စိတ်ရောလူပါ ထိုင်းမှိုင်းလေးလံတာတွေ ခံစားရတတ်တယ်။ အလုပ်အကိုင်၊ ငွေကြေးကိစ္စမှာ စိတ်သောကတွေ များမယ်။ အလုပ်များပြီး တာဝန်တွေ ပြုံကျလာတတ်တယ်။ အလုပ်များသလောက် ငွေသိပ်မရဘဲ စိတ်ပင်ပန်းရတတ်တယ်။ မေတ္တာရေးမှာ ဆိုးကောင်း ဒွန်တွဲနေလိမ့်မယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့သက်ကြီးရွယ်အိုကို အားဆေး လှူပေးပါ။

ညံ့

တနင်္လာ - ကိုယ့်အတွက်သာမကဘဲ တပါးသူတွေအတွက်ပါ စိတ်ပူပန်စရာတွေ ပေါ်လာမယ်။ သူများကိစ္စတွေ သူများအကြောင်းအရာတွေအတွက် အချိန်ကုန်ရတတ်တယ်။ အထက်လူကြီးတွေ၊ သြဇာအာဏာရှိသူတွေနဲ့ အငြင်းပွားစရာတွေ ဖြစ်တတ်တယ်။ အစိုးရကိစ္စတွေ ဆောင်ရွက်ရင် အဆင်မပြေ ဖြစ်မယ်။ ဥပဒေပြင်ပကိစ္စ၊ တရားမဝင်ကိစ္စတွေ လုံး၀ ရှောင်သင့်တယ်။ အလုပ်စီးပွားကံလေးတော့ ကောင်းမယ်။ ငွေကြေးကံသင့်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းနိုင်တယ်။ လူငယ်တွေ နှလုံးသားရေးမှာ စိတ်တိုင်းကျ ဖြစ်လာမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံကြော် ကပ်လှူပြီး ဆုတောင်းပေးပါ။

သင့်

အင်္ဂါ - စပ်တူရှယ်ယာအလုပ်တွေက အကျိုးပေးမယ့်နေ့ ဖြစ်တယ်။ အများနဲ့ ပေါင်းစပ်လုပ်ကိုင်တဲ့ စီးပွားရေးမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရတတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုရင်လည်း တိုးတက်ဖြစ်ထွန်းမှုတွေ မြင်တွေ့ရပြီး လုပ်ချင်ဖြစ်ချင်တဲ့ အနေအထားမျိုးကို ဖန်တီးလာနိုင်မယ်။ ငွေကြေးကံ ပွင့်လန်းမယ့်နေ့ ဖြစ်တယ်။ ရှာလို့ဖွေလို့ ကောင်းနေမယ်။ ဒါပေမယ့် မိသားစုထဲမှာက စိတ်ဝမ်းကွဲစရာတွေရော မသင့်မြတ်တာတွေရော ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဝမ်းနည်းစရာတွေ ကြုံရတတ်တယ်။ လက်တွဲဖော် ကျန်းမာရေး ညံ့တတ်တယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အမွှေးနံ့သာ ၃ တိုင် ပူဇော်ပါ။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - အလုပ်တွေ သိပ်မကောင်းဘဲ မျှော်လင့်သလို ဖြစ်မလာတတ်တဲ့နေ့ ဖြစ်တယ်။ ငွေကြေးကိစ္စတွေမှာ အရှုပ်အရှင်းတွေ၊ မရိုးမသားကိစ္စတွေ ပေါ်ပေါက်တတ်တယ်။ အများနဲ့ ပေါင်းစပ်လုပ်ကိုင်တာတွေမှာ လွဲချော် မှားယွင်းမှုတွေ များမယ်။ အကျိုးတူအလုပ်တွေ ပျက်တတ်တယ်။ အဆက်အသွယ်ကောင်းတွေ ရပေမယ့် သိပ် အသုံးမတည့်ဘဲ ဖြစ်နေမယ်။ ပစ္စည်းပျောက်၊ ငွေပျောက် ဖြစ်တတ်တယ်။ မေတ္တာရေးမှာ ကံခေတတ်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ လက်ဖက်ထမင်းနဲ့ ဘုရားကို ဆွမ်းကပ်ပြီး ဆုတောင်းပါ။

သင့်

ရာဟု - လုပ်ချင်တာလေးတွေ အတော်များများ လုပ်ဖြစ်ကိုင်ဖြစ်လိမ့်မယ်။ အလုပ်မှာ လက်ရှိအလုပ်တွေထက် အရင် လုပ်ဖူးတဲ့၊ အစောပိုင်းက ကြိုးစားထားတဲ့ အလုပ်တွေက အခြေအနေ ပြန်ပေးလာမယ်။ စီးပွားရေးထက် ပညာရေး၊ လေ့လာရေးပိုင်းမှာ ပိုကောင်းနိုင်တယ်။ ငွေကြေးစီးပွားကံ ထူးခြားတယ်။ ရပေါက်ရလမ်းအသစ်တွေ ပေါ်ပေါက်လာနိုင်တယ်။ ဒါပေမယ့် ကိုယ့်ရပိုင်ခွင့်တွေအတွက် အခြေအတင် ပြောဆိုရတာမျိုး ရှိတတ်တယ်။ အချစ်ရေးမှာ စိတ်အားထက်သန်စရာကိစ္စလေးတွေ ဖြစ်လာမယ်။ စကားများတတ်ပေမယ့် ပြန်ပြေလည်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေရင်အေး ကပ်လှူပြီးတော့ ဆုတောင်းပါ။

သင့်

ကြာသပတေး - တစ်နေ့လုံးမှာ ဘေးကျပ်နံကျပ်အခြေအနေတွေနဲ့ မကြာခဏ ကြုံရတတ်တယ်။ သူများကိစ္စ၊ ကိုယ်နဲ့မဆိုင်တာတွေကြောင့် အချောင် ကြားညပ်တတ်တယ်။ ငွေအသုံးအစွဲ လက်လွန်မိတတ်လို့ ဝင်ငွေနဲ့ ထွက်ငွေကို သေချာစိစစ်ရမယ်။ အလုပ်ကိစ္စတွေမှာ အကြံအစည် ပျက်မယ်။ အလွဲအချော်တွေ များလိမ့်မယ်။ အလုပ်တစ်ခုမက တွဲလုပ်ပေးရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အားကိုးဖော် ရတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဗောဓိညောင်မှာ ရေ ၉ ခွက် လောင်းပြီး ယတြာပြုပေးပါ။

ညံ့

သောကြာ - ဒီနေ့မှာ စိတ်တွေ များပြီး ဖြစ်ချင်တာတွေ ရှုပ်နေတတ်လို့ အကောင်းရောအဆိုးပါ ကြုံရလိမ့်မယ်။ အသွားအလာတွေ များလာမယ်။ အိမ်မကပ်ဘဲ ဖြစ်နေမယ်။ ဟိုပြောင်းဒီပြောင်းတွေလည်း လုပ်မိတတ်တယ်။ အလုပ်မှာတော့ သူ့အလိုလို အဆင်ပြေတာ များမယ်။ ကိုယ့်ဘက်က ကြိုးစားရင် ပိုပြီးတော့ ကောင်းလိမ့်မယ်။ ငွေရေးကြေးရေးလည်း ကံကောင်းတတ်တယ်။ ဒါပေမယ့် အပျော်အပါးကိစ္စတွေ ရှိရင် သတိနဲ့ ထိန်းချုပ်ရမယ်။ အပေါင်းအသင်းတွေက အကျိုးပြုလာလိမ့်မယ်။ မေတ္တာရေးမှာ အထစ်အငေါ့တွေ အရမ်းများမယ့်နေ့ဖြစ်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သီလရှင်တွေကို ဆွမ်းဆန်လောင်းလှူပါ။

သင့်

စနေ - အိုးအိမ်နေရာကိစ္စတွေ ပြောဆိုဆောင်ရွက်ရင် အောင်မြင်မယ်။ ညှိနှိုင်းမရ ဖြစ်နေတဲ့ကိစ္စတွေ ဒီနေ့မှာ ပြောဆိုကြည့်လို့ ရသွားနိုင်တယ်။ အလုပ်စီးပွားကံ အားနည်းတယ်။ ရသင့်သလောက် မရဘဲ ဖြစ်တတ်တယ်။ ငွေကြေးလာဘ်လာဘ ဝင်ကိန်း ရှိပေမယ့် လက်ထဲ ငွေမမြဲဘဲ ခက်ခဲတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းရဲ့ အကူအညီတော့ ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံညံ့တတ်တယ်။ အဆင်မပြေ ဖြစ်လွယ်မယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သောက်တော်ရေ ကိုယ်တိုင် ကပ်လှူပေးပါ။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..