
တနင်္ဂနွေ - ဒီနေ့မှာ အနားကလူတွေနဲ့ ပြောဆိုဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်တယ်။ အိမ်သူအိမ်သားချင်း စကားများတတ်ပြီး အိမ်ပူအိမ်ဆူသလိုတွေ ဖြစ်လာမယ်။ တစ်နေ့တာ အလုပ်ကိစ္စမှာ စိတ်ရှုပ်စရာ များလာမယ်။ ငွေကြေးအရလည်း သည်းခံရ စောင့်ဆိုင်းရတာတွေ ဖြစ်မယ်။ တစ်နေ့လုံးမှာ သွားလာလည်ပတ်စရာကိစ္စတွေ ပေါ်လာမယ်။ တစ်နေရာတည်း အငြိမ်မနေရဘဲ ဖြစ်နေမယ်။ အိတ်ထဲက ငွေတွေ၊ ဖုန်းတွေ ပျောက်တတ်တယ်။ မေတ္တာရေးမှာ စိတ်ညစ်စရာတွေ ပေါ်လာနိုင်တယ်။ အချင်းချင်းကြား ဘေးလူတွေကြောင့် ပြဿနာ ဖြစ်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဘူးသီးကြော်နဲ့ မုန့်ဟင်းခါး ကပ်လှူပေးပါ။
သင့်
တနင်္လာ - အလုပ်စီးပွားကံ အားနည်းတဲ့နေ့ ဖြစ်တယ်။ အလုပ်နဲ့ပတ်သက်လို့ ပင်ပန်းရုန်းကန်ရတာ များမယ်။ အကျိုးအမြတ်ခံစားခွင့်ကတော့ နည်းပါးနေမယ်။ အလုပ်အတွက် စိတ်သောကတွေလည်း ရောက်ရလိမ့်မယ်။ ကိုယ်တိုင်ကလည်း စိတ်အိုက်စရာကိစ္စတွေထဲ ကြားညပ်မိနေတတ်တယ်။ အတိုက်အခိုက်လေးတွေ ရှိမယ်။ နိုင်ငံရပ်ခြားအလုပ်ကိစ္စတွေတော့ ထူးခြားတတ်တယ်။ လမ်းစပေါ်မယ်။ မေတ္တာရေးမှာ စိတ်ပျက်ရတတ်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ပေါင်မုန့်ကြက်ဥကြော် ဘုရားမှာ လှူပြီး ဆုတောင်းပေးပါ။
သင့်
အင်္ဂါ - ဒီနေ့မှာ ကိုယ်ရောစိတ်ပါ ညစ်နွမ်းစရာတွေ များမယ်။ အလကားနေရင်း ရန်ရှာတာ၊ အတိုက်အခံ ပြုတာ ခံရတတ်တယ်။ ခိုက်ရန်ပြဿနာတွေ ရင်ဆိုင်ရတတ်တယ်။ အလုပ်ကိစ္စတွေကတော့ အခက်အခဲတွေကြားက အတော်အတန် အဆင်ပြေသွားနိုင်တယ်။ ငွေကြေးကိစ္စမှာ ပြောရဆိုရ ငြင်းခုံရတာတွေ ဖြစ်မယ်။ ငွေဝင်ခါနီး စိတ်ညစ်ရလိမ့်မယ်။ မတော်တဆမှုတွေ သတိပြုရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အာရုံနောက်ရလိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ အိမ်က စက်ပစ္စည်းအပျက်တွေ ရှိရင် စွန့်ထုတ်ပစ်ပါ။
ညံ့
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - အလုပ်တွေ ကောင်းပြီး စီးပွားဖြစ်မယ့်နေ့မျိုး ဖြစ်တယ်။ အစုစပ်ရှယ်ယာတွေ၊ အများနဲ့ စပ်ပြီး လုပ်တဲ့ အကျိုးတူအလုပ်တွေ အောင်မြင်ထွန်းကားနိုင်တယ်။ ကိုယ်တိုင်ကလည်း လုပ်ရဲကိုင်ရဲ ဖြစ်နေမယ်။ အလုပ်တွေ တစ်ခုပြီးတစ်ခုလည်း ဆက်တိုက် လုပ်ရတတ်တယ်။ အောက်လူငယ်သားတွေ၊ ကိုယ့်ထက် ငယ်သူတွေကြောင့် စိတ်ညစ်ရတတ်တယ်။ မတော်တဆ ထိခိုက်မှုတွေလည်း ဖြစ်တတ်တယ်။ ငွေကြေးကံဇာတာ ကောင်းလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ နှစ်ဦးကြား စိတ်ချမ်းသာမှုတွေ ရမယ်။ လူလွတ်တွေဆို စန်းပွင့်နေလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လိမ္မော်ရည် ကပ်လှူပြီးတော့ ယတြာပြုပါ။
ကောင်း
ရာဟု - မထင်မှတ်တဲ့ ကံကောင်းခြင်းတွေ ကြုံရတတ်တဲ့နေ့ ဖြစ်တယ်။ ကြံစည်လုပ်ကိုင်အားထုတ်တာတွေ အောင်မြင်တာ များမယ်။ တစ်နေ့တာအတွင်း အလုပ်ကိစ္စ၊ ငွေကြေးပိုင်းတွေမှာ စိတ်တိုင်းကျ ဖြစ်လာနိုင်တယ်။ သူများကိစ္စအတွက် စိတ်ပူပန်ရတာလေးတွေတော့ ရှိမယ်။ ကျန်းမာရေး နည်းနည်း အားနည်းသွားတတ်တယ်။ ရောဂါဝေဒနာအခံရှိရင် ဂရုစိုက်သင့်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ပျော်ရွှင်စရာတွေ ဖြစ်လာမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရေသပ္ပါယ်ပြီးတော့ လိုရာဆုတောင်းပေးပါ။
ကောင်း
ကြာသပတေး - အလုပ်တွေ တိုးချဲ့ရင် အဆင်ပြေအောင်မြင်မယ့်နေ့ဖြစ်တယ်။ ရှိရင်းစွဲအလုပ်တွေပါ အခုထက် တိုးတက်လာဖို့ ရှိတယ်။ ကိုယ်တိုင်ကလည်း ယုံကြည်မှုအားထုတ်မှုတွေ ပိုကောင်းလာလိမ့်မယ်။ သူတပါးဆီက အကူအညီထက် ကိုယ့်ကိုကိုယ် အားကိုးတာ ပိုကောင်းမယ်။ ငွေကြေးကိစ္စမှာ အတိုက်အခံတွေကြားကပဲ ဝင်ဖို့ ရှိနေတယ်။ ရပြီဆိုရင်လည်း အထုပ်အထည်နဲ့ ဝင်လာတတ်တယ်။ ဒီနေ့မှာ မိသားစုအိမ်တွင်းရေး စိတ်ညစ်စရာ ပေါ်လာတတ်တယ်။ မေတ္တာရေးမှာလည်း စိတ်ပျက်ဝမ်းနည်းစရာတွေ၊ ပဋိပက္ခတွေ ဖြစ်တတ်လို့ သတိထားပါ။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်သကြားဆမ်းပြီး လှူဒါန်းပေးရမယ်။
ကောင်း
သောကြာ - ဒီနေ့မှာ ကြီးကဲသူတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ ကျန်းမာရေးလည်း အနည်းနဲ့အများ အညံ့ ရှိလာနိုင်တယ်။ ဒါပေမယ့် ပြောဆိုဆောင်ရွက်တဲ့ကိစ္စတွေ အတော်များများ အောင်မြင်တာ များမယ်။ အလုပ်ကံ စီးပွားကံ အားနည်းနိုင်တယ်။ လုပ်ရင်းနဲ့ လွဲတာ၊ လိုရင်း မရောက်တာ၊ မရိုးမသားကိစ္စတွေ ကြုံရတာ ရှိမယ်။ ငွေကြေးကိစ္စမှာလည်း စိတ်ရှုပ်ရတာ များလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံဇာတာ သင့်တယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သံပရာရည် ကပ်လှူပေးရမယ်။
သင့်
စနေ - ဒီနေ့ကတော့ လိုအင်ဆန္ဒနဲ့ ဖြစ်လာတာနဲ့ တခြားစီ ကြုံရတဲ့နေ့မျိုး ဖြစ်မယ်။ ဘာတွေ ဘယ်လိုပဲ စီစဉ် အကွက်ချထားပါစေ၊ နည်းနည်းလေးတော့ လွဲချော်သွားလိမ့်မယ်။ တစ်နေ့လုံးမှာ သူများကိစ္စတွေထဲ ကြားဝင် ပါမိရင် ကိုယ်ပါ အချောင်နစ်နာတတ်တယ်။ အလုပ်အကိုင်တွေ ကောင်းမလိုလိုနဲ့ ထင်သလောက် မဖြစ်တာမျိုး ကြုံရမယ်။ ငွေကြေးရယူလိုမှုတွေမှာ အဆင်မပြေ ဖြစ်မယ်။ မိတ်ဆွေအပေါင်းအသင်းတော့ အကျိုးပေးမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကူဖော်လောင်ဖက် ရမယ်။ လူငယ်တွေ နှလုံးသားရေးမှာ ကံကောင်းတတ်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ မသန်စွမ်းတစ်ဦးကို စားချင်တာ ကျွေးပြီး ကုသိုလ် ယူပါ။
ညံ့
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope