၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၉.၁၀.၂၀၂၂ မှ ၁၅.၁၀.၂၀၂၂ အထိ)
lotaya.mpt.com.mm
|
2022-10-09

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကံဇာတာ ပွင့်လန်းလာမယ်။ အလုပ်ထဲမှာ မျက်နှာကောင်းရလာနိုင်တယ်။ အခွင့်အရေးတွေကလည်း ကိုယ့်လက်ထဲ ရောက်လာမယ်။ လူပင်ပန်း၊ စိတ်ပင်ပန်းရတာတွေ ရှိနေတဲ့ကြားက အောင်မြင်မှုတွေလည်း မြင်တွေ့ရမယ်။ ငွေကြေးရပိုင်ခွင့်တွေ တိုးလာမယ်။ ရပေါက်ရလမ်းသစ်တွေ ပေါ်မယ်။

ကျန်းမာရေး - အကြောအချဉ် မကောင်းတာ၊ ဒူးနာ၊ ရင်တုန်တာတွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးမှာ ကံကောင်းဖို့ များတယ်။ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ကြား ပျော်ရွှင်ဖွယ်ကာလလေး ဖြစ်လာမယ်။ ပျိုရွယ်သူတွေ စန်းပွင့်ပြီး စိတ်ချမ်းသာရမယ်။ အပျော်အပါးတွေ များပြီး အိမ်တွင်းရေးပါ သာယာနိုင်တယ်။ လူမှုဆက်ဆံရေးမှာ အများကိစ္စတွေ လုပ်ရမယ်။ သူများအတွက် ပူနေမယ်။

ကံကောင်းစေတဲ့ အရောင် - အပြာဖျော့ ၊ ခရမ်းနုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း -  ၆ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္ဂနွေ

ယတြာ - ဘုရားမှာ ကျွဲကောသီး အမွှာတွေ ခွာပြီး ကပ်လှူပါ။ သောက်တော်ရေပါ တွဲပြီး လှူဒါန်းပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အရင်အပတ်ထက် ကံပိုကောင်းမယ့်သီတင်းပတ် ဖြစ်တယ်။ လုပ်ငန်းကိုင်ငန်းတွေ အရှိန်ရပြီး အလုပ်သစ် စတင်တာတွေလည်း အောင်မြင်ကိန်း ရှိတယ်။ ကူညီမလိုနဲ့ နှောင့်ယှက်တတ်သူတွေ ပေါ်လာမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လမ်းကိုသာ မှန်မှန်လျှောက်သွားပါ။ ငွေကြေး ကံကောင်းပြီး များများစားစား ဝင်တတ်တယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးကင်းကျန်းမာမယ်။ ဖျားနာလည်း ခဏနဲ့ ပြန်ကောင်းမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံသိပ်မကောင်းဘဲ ဖြစ်နေမယ်။ လက်တွဲဖော်ရဲ့ကျန်းမာရေး အားနည်းတတ်တယ်။ နှစ်ကိုယ်ကြား ခဏတာ ဝေးကွာရတတ်တယ်။ ကြီးကဲသူတွေက ကြားဝင်လာနိုင်တယ်။ လူမှုရေးပိုင်းမှာ မလိမ့်တပတ် လုပ်သူတွေ များနေတတ်တယ်။ ဘယ်သူ့ကိုမဆို သတိနဲ့ ပေါင်းသင်းဆက်ဆံပါ။

ကံကောင်းစေတဲ့ အရောင် - အဖြူဖျော့ ၊ အနီတောက်တောက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ တနင်္ဂနွေ

ယတြာ - နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းမှာ အသက်လွတ်ကြာဆံကြော် ဆွမ်းချိုင့် ပို့ပြီး လှူဒါန်းပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေက သေချာ အကွက်ချစီစဉ်တိုင်း ဖြစ်မလာဘဲ ပျက်သွားတတ်တယ်။ လုပ်ငန်းစီးပွား မတည်ငြိမ်ဘဲ ယိမ်းယိုင်လာနိုင်တယ်။ အရမ်း ထိခိုက်တာမျိုး မရှိသည့်တိုင် သေချာဂရုစိုက် လုပ်ဖို့ လိုလာမယ်။ ငွေအလွှဲအပြောင်းတွေ၊ ပေးချရယူတာတွေ ဂရုစိုက် လုပ်ရမယ်။ ငွေကြေးဆုံးရှုံးနစ်နာမှုတချို့ ဖြစ်လာနိုင်တယ်။

ကျန်းမာရေး - သာမန်ထက် ကျန်းမာရေး နိမ့်ပါးတတ်ပေမယ့် သိပ်အညံ့ကြီး မဟုတ်ဘဲ ပြန်ကောင်းမယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာက အနည်းငယ် အားနည်းမယ်။ သူတပါးက ကြားဝင်နှောင့်ယှက်တတ်တယ်။ ကိုယ့်မေတ္တာရေးမှာ ပါဝင်ပတ်သက်သူ များလေ အာရုံနောက်ရလေ ဖြစ်မယ်။ ပြဿနာ သိပ်မကြီးပေမယ့် လျှော့တော့ မတွက်သင့်ပါ။ လူမှုရေးမှာတော့ ကူညီဖေးမမယ့်သူတွေ ပေါ်လာမယ်။

ကံကောင်းစေတဲ့ အရောင် - အနီ ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ အင်္ဂါ

ယတြာ - ဘုရားမှာ စပယ်ပန်း ၈ ကုံး မကြာခဏ ကပ်လှူပြီး ဆုတောင်းပေးပါ။


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - စီးပွားရေးမှာ အတိုက်အခိုက်တွေ ပေါများလာမယ်။ လုပ်ငန်းနဲ့ပတ်သက်လို့ စဉ်းစားရခက်တာ၊ ဆုံးဖြတ်ရ တွေဝေစရာတွေ ဖြစ်လာနိုင်တယ်။ အလုပ်တစ်ခုမက ပေါ်လာလို့ လုပ်ပေးရမယ်။ အချိန် နည်းနည်းနဲ့ အသည်းအသန်လုပ်ရတာတွေလည်း ဖြစ်လာမယ်။ ငွေကြေးပိုင်းမှာလည်း စိတ်တိုင်းမကျစရာတွေ များနေမယ်။

ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေး အားနည်းချူချာလွယ်မယ်။ တစ်ခုခုဆို သေချာကုသပေးရမယ်။

လူမှုအိမ်ထောင် -  မေတ္တာရေးမှာ လက်တွဲဖော်ဆီက အကူအညီ ရတာ၊ သူ့ရဲ့ ကောင်းသတင်း ကြားရတာတွေ ဖြစ်လာမယ်။ ပျိုရွယ်သူတွေလည်း ထက်မြက်တဲ့ချစ်သူမျိုးနဲ့ ဆုံဆည်းရတတ်တယ်။ ချစ်သူကြောင့် အကူအညီရ စိတ်ချမ်းသာရမယ်။ လူမှုဆက်ဆံရေးပိုင်းမှာ အသိုင်းအဝိုင်းကောင်း ရှိနေမယ်။ ကူညီပံ့ပိုးမယ့်သူ ပေါများမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ

ယတြာ - ဒီအပတ်မှာ နီးစပ်ရာ မြစ်၊ ချောင်း၊ ကန်က ရေသတ္တဝါတွေကို ရည်စူးပြီး အစာကျွေးပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - ဘာအလုပ်မှ စိတ်မဝင်စားသလို ဖြစ်လာတတ်တယ်။ လုပ်နေကျတွေ လုပ်ငန်းတာဝန်ကိုလည်း စိတ်မပါတော့ဘဲ ဖြစ်နေမယ်။ အလုပ် ပြောင်းချင်သလို၊ နေရာ ရွှေ့ချင်သလိုတွေ ဖြစ်မယ်။ လုပ်ငန်းစီးပွားတွေ သိပ် မကောင်းဘဲ အခက်အခဲတွေနဲ့ ဖြတ်သန်းရမယ်။ ဒါပေမယ့် သိပ်အညံ့ကြီး မဟုတ်ဘဲ အကူအညီ ရရှိမယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ကျန်းမာဘေးကင်းမယ်။ ဒါပေမယ့် စိတ်ရှုပ်စရာတော့ များလိမ့်မယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ တစ်ဖက်သားရဲ့ကူညီစောင့်ရှောက်မှုတွေ ရရှိမယ်။ လက်တွဲဖော်က ကိုယ့်အတွက် အရေးပါတဲ့သူ ဖြစ်လာမယ်။ လူငယ်တွေ နှလုံးသားရေးမှာ ကံကောင်းပေမယ့် ကိုယ်တိုင်က စိတ်မတည်မငြိမ် ဖြစ်နေတတ်တယ်။ လူမှုရေးမှာ လူပေါင်းမှားလို့ ကိုယ်ပါ ခံရတာမျိုး ဖြစ်နေမယ်။

ကံကောင်းစေတဲ့ အရောင် - ခရမ်းပြာရောင် ၊ အဝါရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ

ယတြာ -  တန်ခိုးကြီး ဘုရားစေတီတစ်ဆူရဲ့ ရာဟုထောင့်မှာ တံခွန်အနီ ၃ လုံး ကပ်လှူပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာလည်း လုပ်ငန်းစီးပွားတွေ အခြေအနေ ဆက်ကောင်းနိုင်တယ်။ ကိုယ်တိုင်က စိတ် မများ၊ အာရုံ မများဖို့ပဲ လိုမယ်။ စိတ်ဂဏှာမငြိမ်ဘဲ အာရုံများနေရင် အခွင့်ကောင်းတွေ လက်လွှတ်ရလိမ့်မယ်။ အကျိုးတူစီးပွား၊ စပ်တူရှယ်ယာကိစ္စတွေမှာ ပွပေါက်တိုးမယ်။ ငွေကြေးကံဇာတာလည်း ကောင်းမွန်တတ်တယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးကင်းမယ်။ ထူးထူးခြားခြား ကျန်းမာရေး အညံ့ မရှိနိုင်ပါ။

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးကဏ္ဍမှာ စိတ်သဘောထား မတိုက်ဆိုင်တာတွေ များလာနိုင်တယ်။ အချင်းချင်းတွေ မသင့်မြတ်ဘဲ တကျက်ကျက်နဲ့ ဖြစ်နေမယ်။ ဒါပေမယ့် အဆင်မပြေမှုတွေက ယာယီပဲ ဖြစ်ပြီး ခဏနဲ့ ပြေလည်သွားမယ်။ လူမှုဆက်ဆံရေးမှာ အကျိုးပြုမယ့်သူတွေ ရှိတယ်။ စိတ်တော့ နည်းနည်း ရှုပ်ရမယ်။

ကံကောင်းစေတဲ့ အရောင် - ခရမ်းရောင် ၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ တနင်္ဂနွေ

ယတြာ - ဆွမ်းခံကြွ သံဃာတော်တွေကို ပေါင်မုန့်နဲ့ ဝထ္ထုငွေတွေ တတ်နိုင်သလောက် ကပ်လှူပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ရပ်ဝေးကနေ အကျိုးစီးပွားတွေ ပေါ်လာနိုင်တယ်။ ကိုယ်လုပ်နေကျ အလုပ်တွေထက် တခြား အသစ်စမ်းသပ် ချဲ့ထွင်တဲ့အလုပ်တွေက အောင်မြင်တတ်တယ်။ လုပ်နေကျအရာတွေက လည်ပတ်မှု မမှန်ဘဲ အဆင်မပြေမှုတွေ ခဏခဏ ဖြစ်လာနိုင်တယ်။ ငွေကြေးကိစ္စမှာလည်း စောင့်ဆိုင်းသည်းခံရတာတွေ ဖြစ်မယ်။

ကျန်းမာရေး - အရိုးအကြောအဆစ်တွေ မကောင်းဘဲ ဖြစ်တတ်တယ်။ ဘေးဥပဒ်ကြီးတော့ မရှိနိုင်ပါ။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘဝင်မကျစရာတွေ မကြာခဏ ဖြစ်ပေါ်လာမယ်။ အချင်းချင်း အပြစ်တင်လွယ်တာ၊ စကားမှားတာတွေကြောင့် ရန်ဖြစ်ရတတ်တယ်။ ပြီးတော့လည်း ပြီးသွားမယ့်ပြဿနာတွေ ဖြစ်ပြီး ရေရှည်တော့ အဆင်မပြေတာမျိုး မဟုတ်ပါ။ လူမှုရေးမှာ အားကိုးရတဲ့မိတ်ဆွေကောင်းတွေနဲ့ ကြုံရမယ်။

ကံကောင်းစေတဲ့ အရောင် - တောက်ပတဲ့အနီရောင် ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ

ယတြာ - စေတီတစ်ဆူရဲ့ မွေးနံ (သောကြာ) ထောင့်မှာ သပြေ ၆ ညွှန့်နဲ့ ဇီး ၈ ညွှန့် ပူးတွဲ ကပ်လှူပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်တွေ ခါတိုင်းထက် ပိုများလာနိုင်တယ်။ လုပ်စရာတာဝန်တွေ တန်းစီနေလို့ မနေမနား လုပ်ကိုင်ရတတ်တယ်။ လုပ်ငန်းမှာလည်း အပြိုင်အဆိုင်တွေ ပေါ်လာမယ်။ အနှောင့်အယှက်ပြုသူနဲ့ အပြစ်ရှာဝေဖန်သူတွေ ကြုံရတတ်တယ်။ ငွေရေးကြေးရေးမှာလည်း စကားအခြေအတင်တွေ ပြောဆိုနေရမယ်။

ကျန်းမာရေး - နေထိုင်မကောင်း ဖြစ်လွယ်မယ်။ ဖြစ်ပြီဆို တော်တော်နဲ့ ပြန်မကောင်းဘဲ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးမှာ စိတ်ကသိကအောက် ဖြစ်စရာတွေ ပေါ်လာမယ်။ စဉ်းစားရခက်၊ တွေးရခက်တာတွေလည်း ဖြစ်လာတတ်တယ်။ နှစ်ဦးကြားမှာ မပြတ်မသားနဲ့ တအုံတနွေးနွေး ခံစားနေရမယ်။ ပွင့်လင်းရိုးသားရမယ့်ကာလ ဖြစ်တယ်။ လူမှုဆက်ဆံရေးမှာ အလှည့်အပတ်၊ အကွေ့အကောက်တွေ များမယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေအိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ အင်္ဂါ

ယတြာ - အိမ်ထဲက မဝတ်ဖြစ်၊ မသုံးဖြစ်တဲ့ ဖိနပ်ဟောင်း၊ အထည်ဟောင်းတွေ အမှိုက်ပုံမှာ စွန့်ပစ်ပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..