
တနင်္ဂနွေ - ဒီနေ့မှာ ဘာလုပ်လုပ် အနှောင့်အသွားမလွတ်သလို ဖြစ်နေမယ်။ ဒါပေမယ့် ကိုယ့်စိတ်တိုင်းကျတော့ ဖြစ်လာမယ်။ ကြီးကဲသူတွေက ကူညီပေးတတ်ပေမယ့် အောက်လူတွေ၊ ငယ်သူတွေနဲ့တော့ မသင့်မမြတ်တာ ဖြစ်တတ်တယ်။ လူအများနဲ့ပေါင်းလုပ်ရတဲ့ကိစ္စတွေမှာ အဆင်မပြေ ဖြစ်တာ များမယ်။ တစ်နေ့တာ အလုပ်နဲ့ ငွေကြေးပိုင်းမှာ စိတ်ပင်ပန်းလူပင်ပန်းတွေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကောင်းမွန်နိုင်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန်ဖြစ်တယ်။ ကြီးကဲသူ (သို့) ဖခင်ကို စားချင်တာလေး ဝယ်ကျွေးပါ။
သင့်
တနင်္လာ - စိတ်လက်မကြည်မသာ ဖြစ်လွယ်ပြီး ခေါင်းထဲမှာ တာဝန်တွေ ဖိစီးသလို ခံစားရမယ်။ တစ်နေ့လုံးမှာ ခရီးကိစ္စတွေ၊ အသွားအလာတွေ လုပ်ရင် အဆင်မပြေဘဲ စိတ်ညစ်ရလိမ့်မယ်။ အကြံအစည်တွေ ပျက်မယ်။ အလုပ်မှာ ကြီးကဲသူတွေနဲ့ အငြင်းအခုံ ဖြစ်ရတတ်တယ်။ လုပ်သာလုပ်ပြီး ဘာမှ မခံစားရသလို ဖြစ်တတ်တယ်။ ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုးနဲ့ မပြတ်မသား ဖြစ်မယ်။ မေတ္တာရေးမှာတော့ အတော်သင့် အဆင်ပြေမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ငွေ နှစ်ရာ၊ နှစ်ထောင် စသဖြင့် တတ်နိုင်တာ စွန့်ကြဲပါ။
ညံ့
အင်္ဂါ - လုပ်ချင်တာလေးတချို့ လုပ်ခွင့်ရလာမယ့်နေ့ ဖြစ်တယ်။ လူငယ်တွေကတော့ အချစ်ရေးမှာ ကံညံ့ပြီး စိတ်မကောင်း ဖြစ်စရာလေးတွေ ကြုံရတတ်တယ်။ နှလုံးသားရေးမှာ ကံခေတတ်တဲ့နေ့ ဖြစ်တယ်။ ဒီနေ့မှာ အလုပ်အကိုင်၊ ငွေကြေးနဲ့ ပတ်သက်လို့ အတော်သင့် အဆင်ပြေမယ်။ ငွေရပေါက်ရလမ်းတွေ ပေါ်လာမယ်။ ဒါပေမယ့် ဘယ်အရာမှ အချောင်မရနိုင်လို့ အတော်လေးတော့ ကြိုးစားရမယ်။ စိတ်ရှုပ်စရာတွေနဲ့ ကြုံရမယ်။ အိမ်တွင်းရေးမှာ စိတ်ညစ်စရာလေးတွေ ပေါ်လာနိုင်တယ်။ အိမ်မှာ နေချင်စိတ် နည်းပြီး သွားလာနေမိမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေရင်အေး ကပ်လှူပြီးတော့ ဆုတောင်းပေးပါ။
သင့်
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - မိတ်ဆွေအသိုင်းအဝိုင်းရဲ့ကောင်းကျိုးကို ခံစားရမယ့်နေ့ ဖြစ်တယ်။ အဆက်အသွယ်ကောင်းတွေပါ ရလာတတ်တယ်။ မိတ်ကောင်းဆွေကောင်းနဲ့ ကြုံဆုံရတတ်တယ်။ ရပ်နီးရပ်ဝေးကနေ သတင်းကောင်းတွေပါ ကြားသိရတတ်တယ်။ အလုပ်မှာတော့ စိတ်ပျက်စရာလေးတွေ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စ စိတ်သောကတွေ များမယ်။ ဒါပေမယ့် သေချာကြိုးစားလိုက်ရင် ဖြေရှင်းနိုင်မယ်။ မေတ္တာရေးမှာတော့ အားနည်းချက် ရှိနိုင်တယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူဆုတောင်းပါ။
သင့်
ရာဟု - စိတ်ထဲ တအုံတနွေးနွေးနဲ့ ခံစားရတာတွေ များလာတတ်တယ်။ တကယ်တမ်းမှာ ကြုံတွေ့ရတာတွေက သိပ်မဆိုးပေမယ့် ကိုယ်တိုင်က ခံစားမိတာတွေ များနေမယ်။ မိတ်ဆွေ၊ မိသားစု၊ အသိုင်းအဝိုင်းတွေကတော့ ကိုယ့်ဘက်က ရပ်တည်ကူညီပေးမယ်။ အဆင်မပြေမှုတွေလည်း ခဏနဲ့ ပြေလည်နိုင်တယ်။ အလုပ်အကိုင်ရေး ငွေရေးကြေးရေးတွေမှာ စိတ်ရှုပ်ရတာ များမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာပါ အာရုံနောက်ရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ အမွှေးတိုင် ၈ တိုင် ဘုရားမှာ ပူဇော်ပြီး ဆုတောင်းပါ။
သင့်
ကြာသပတေး - ကိုယ့်အရေးကိစ္စရော သူများကိစ္စတွေအတွက်ပါ စိတ်ထဲ မွန်းကြပ်ရ ပူလောင်ရတတ်တယ်။ မရောက်ဖူးတာတွေ ရောက်၊ မကြုံဖူးတာတွေလည်း ကြုံရတတ်တယ်။ တစ်နေ့လုံးမှာ ဘာလုပ်လုပ် ကိုယ်စိတ် နှစ်ပါးစလုံး ပင်ပန်းလွယ်နေမယ်။ အကြောင်းပေါင်းစုံနဲ့ သောကများမယ်။ အလုပ်တွေတော့ အတော်အသင့် အဆင်ပြေမယ်။ ငွေလည်း ဝင်မယ်။ မေတ္တာရေးမှာ စိတ်ကသိကအောက်တွေ ဖြစ်မယ်။ သံသယတွေ ဝင်မိမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ တောင်းရမ်းသူတွေကို ပေါင်မုန့်တွေ ဝယ်လှူပေးလိုက်ပါ။
ညံ့
သောကြာ - ကိုယ်ရေးကိုယ်တာရော အလုပ်အကိုင်မှာပါ ကံဇာတာတွေ တက်လာမယ်။ လုပ်သာကိုင်သာတွေ ပို ရှိလာပြီး လုပ်ခွင့်တွေလည်း တိုးလာမယ်။ လုပ်ငန်းအခြေအနေ အကောင်းဘက် ဦးတည်မယ်။ ငွေကြေးကံပါ ပွင့်လန်းလာမယ်။ အလုပ် ပိတ်ရက်ဆိုရင်တောင် အခွင့်အလမ်းသစ်တွေ ပေါ်လာနိုင်တယ်။ ငွေလည်း ဝင်မယ်။ စိတ်ထဲ ဘဝင်မကျစရာလေးတွေတော့ ခံစားရတတ်တယ်။ သူများကိစ္စတွေအတွက် အချိန်ပေးကူညီနေရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စန်းပွင့်မယ်။ စိတ်ချမ်းသာမယ်။ လက်တွဲဖော်ကျန်းမာရေးတော့ သတိပြုရမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ နန်းကြီးသုပ် ကပ်လှူပေးပါ။
ကောင်း
စနေ - လုပ်ငန်းစီးပွားကိစ္စတွေမှာ နေရာဌာနအတွက် အခက်တွေ့တာ၊ ဆိုင်ခန်းနေရာ ပြဿနာအရှာခံရတာနဲ့ အိုးအိမ်ကိစ္စ စကားများရတာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် တော်ရုံတန်ရုံ အခက်အခဲတွေကို ကိုယ့်ဖာသာပဲ ဖြေရှင်းနိုင်လိမ့်မယ်။ အကြီးအကဲတွေဆီကလည်း အကူအညီ ရလွယ်မယ်။ ငွေရေးကြေးရေး ကံကောင်းမယ့် နေ့ ဖြစ်တယ်။ မတွေ့တာမဆုံတာကြာတဲ့သူတွေနဲ့ ပြန်ဆုံရတတ်တယ်။ မေတ္တာရေးမှာတော့ ကံအားနည်းမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဖယောင်းတိုင်အနီ ၁၀ တိုင် ပူဇော်ပေးပါ။
ကောင်း
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope