အောက်တိုဘာ ၁၀ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-10-10

တနင်္ဂနွေ - တစ်နေ့တာလုံးမှာ အလွဲအချော်တွေ၊ အကြံအစည် ပျက်တာတွေနဲ့ လုံးပန်းရတတ်တယ်။ အလုပ်နဲ့ ငွေကြေးပိုင်းမှာ မျှော်လင့်သလို မဖြစ်တတ်ပေမယ့် ကြိုးစားသလောက်တော့ အဆင်ပြေသွားမယ်။ ငွေကြေးကံ အတော်အသင့်ပဲ ကောင်းမွန်နိုင်တယ်။ မိသားစု၊ ဆွေမျိုးသားချင်းဆီက အကူအညီတွေ ရတတ်တယ်။ ရပ်နီး ရပ်ဝေးကနေ အဆက်အသွယ်တွေ ပေါ်လာနိုင်တယ်။ မိတ်ဆွေတွေကတော့ အားကိုးလို့ မရဘဲ ဖြစ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းတတ်တယ်။ ပျိုရွယ်သူတွေ နှလုံးသားရေးမှာ အပျော်လွန်လိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ အနားဝန်းကျင်က လူတွေကို အကြော်စုံ ဝယ်ကျွေးပါ။

သင့်

တနင်္လာ - ဒီနေ့မှာ စီစဉ်သလိုတွေ ဖြစ်မလာတတ်ပေမယ့် ကိုယ်ထင်ထားတာထက်တော့ အခြေအနေတွေက ကောင်းနေလိမ့်မယ်။ အထူးသဖြင့် အလုပ်အကိုင်၊ စီးပွားရေးမှာ ကံကောင်းတတ်တယ်။ ငွေကြေးကံကလည်း အားကောင်းလာနိုင်တယ်။ အလုပ်ရှာတာ၊ အလုပ်သစ် စတင်တာတွေ အကျိုးပေးမယ်။ လုပ်ပိုင်ခွင့်တွေလည်း တိုးလာတတ်တယ်။ ရင်းနှီးသူတွေ၊ မိသားစုဝင်တွေကြောင့် စိတ်ညစ်မယ်။ မေတ္တာရေးမှာ စိတ်ရှုပ်ရလိမ့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သက်သက်လွတ် ကြာဆံကြော်နဲ့ ဆွမ်းကပ်ပါ။

ကောင်း

အင်္ဂါ - ကိုယ်တိုင်က စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေသလို ကိုယ်ကြုံရတာတွေကလည်း အားတက်စရာ ဝမ်းမြောက်စရာတွေ ဖြစ်လာနိုင်တယ်။ မိတ်ဆွေတွေဆီကလည်း အကူအညီကောင်းတွေ ရမယ်။ လက်ဆောင် ဝင်လာတတ်တယ်။ ထောင့်ပေါင်းစုံကနေလည်း ပံ့ပိုးမှုတွေ ရလာနိုင်တယ်။ အလုပ်နဲ့ ငွေကြေးကိစ္စမှာ အခက်အခဲ မကင်းဘဲ ပြီးမှ အဆင်ပြေမယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာ စိတ်သောကတွေ များရတတ်တယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ဆီချက်ခေါက်ဆွဲ ကပ်လှူပါ။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - လူလိမ်လူညာတွေကြောင့် ကိုယ့်မှာ ထိခိုက်နစ်နာစရာတွေ ဖြစ်လာနိုင်တယ်။ ဒီနေ့မှာ ကိုယ်က လွဲလို့ ဘယ်သူ့ကိုမှ ကျောပေးယုံလို့ မရဘဲ ဖြစ်နေမယ်။ သူများကိစ္စတွေမှာ ကြားဝင်မပါဖို့ သတိပြုပါ။ ကြားဝင်မိရင် ပြဿနာတွေ လိုက်ရှင်းရတတ်တယ်။ တစ်နေရာတည်း အထိုင်မကျဘဲ ဟိုဟိုဒီဒီတွေ သွားလာလှုပ်ရှားရမယ်။ အလုပ်ကိစ္စမှာ အလွဲအချော်တွေ များတတ်တယ်။ ငွေကျပ်မယ်။ နှလုံးသားရေးမှာတော့ အဆင်ပြေလိမ့်မယ်။ ဒီနေ့  မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရေ ၆ ခွက် သပ္ပါယ်ပြီး ယတြာပြုပေးရမယ်။

ညံ့

ရာဟု - ခရီးကိစ္စတွေ၊ မဖြစ်မနေ သွားလာရမယ့်ကိစ္စတွေ ပေါ်လာတတ်တယ်။ ခရီးထွက်ဖြစ်ရင်လည်း ခရီးစဉ် အဆင်မပြေမှုတွေနဲ့ ကြုံရလိမ့်မယ်။ စိတ်လက်မချမ်းသာဘဲ သွားလာရမယ်။ တစ်နေ့တာ အလုပ်အကိုင်ရေးမှာ အားမလိုအားမရတွေ ဖြစ်မယ်။ တစ်ဝက်တစ်ပျက်နဲ့ အလုပ်တွေ ရပ်သွားတတ်တယ်။ ငွေကြေးကိစ္စ မရေမရာ များမယ်။ မသေချာဘဲ စောင့်ဆိုင်းရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော ပုံမှန်အတိုင်း ရှိနေလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ နွမ်းပါးသူတွေကို စားစရာ ပေးကမ်းပါ။

ညံ့

ကြာသပတေး - ဒီနေ့မှာ လုပ်ချင်တာတွေ  မလုပ်ဖြစ်ဘဲ မရည်ရွယ်တာတွေချည်း လုပ်ဖြစ်မိမယ်။ ကိုယ့်အရေး ကိုယ့်ကိစ္စတင်မဟုတ်ဘဲ သူများအတွက်ပါ လိုက်စဉ်းစားလုပ်ကိုင်ပေးရလိမ့်မယ်။ တစ်နေ့တာ ငွေကြေးကိစ္စ၊ အလုပ်အကိုင်ကိစ္စတွေမှာတော့ အောင်မြင်မှု ရမယ်။ အလုပ်ကံကောင်းမယ်။ ငွေဝင်ကိန်းလည်း ရှိလာမယ်။ ဒါပေမယ့် ဘယ်အရာမှ အေးချမ်းလွယ်ကူမှု မရှိဘဲ အတိုက်အခိုက်တွေကိုတော့ ရင်ဆိုင်ရမယ်။ တစ်နေ့လုံးမှာ ပူပူလောင်လောင်နဲ့ တကျက်ကျက် ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာပါ ပဋိပက္ခလေးတွေ ရှိလာမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သရက်ယို ကပ်လှူပေးရမယ်။

သင့်

သောကြာ - အစစအရာရာ အဆင်ပြေလွယ်ကူမယ့်နေ့ ဖြစ်ပြီး တစ်ခုခု ခက်ခဲလာမယ်ဆိုရင်တောင် သူ့အလိုလို ပြေလည်မှု ရမယ်။ ကူညီဝိုင်းဝန်းသူတွေလည်း ပေါများလိမ့်မယ်။ အစုစပ်ရှယ်ယာတွေ၊ အကျိုးတူလုပ်ငန်းတွေ အောင်မြင်မှု ရလာမယ်။ အကျိုးအမြတ်လည်း ကောင်းမယ်။ ဒါပေမယ့် အလုပ်ကိစ္စတိုင်းမှာ ကြန့်ကြာမှုတွေက ရှိနေလိမ့်မယ်။ သည်းခံရ စောင့်ဆိုင်းရတာမျိုး ဖြစ်မယ်။ နိုင်ငံရပ်ခြားကိစ္စ ကြိုးပမ်းနေရင်တော့ အဆင်ပြေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တကျက်ကျက်နဲ့ စကားများလွယ်မယ်။ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ ဖြစ်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပြီး ဆုတောင်းပါ။

ကောင်း

စနေ - ဒီနေ့ကတော့ အိုးအိမ်မြေနေရာ၊ ဆိုင်ခန်းနေရာကိစ္စတွေအတွက် ပြောဆိုဆောင်ရွက် အောင်မြင်မယ့်နေ့ ဖြစ်တယ်။ အလုပ်ဌာန နေရာ အရွှေ့အပြောင်းကိစ္စတွေလည်း ကြိုးစားကြည့်နိုင်တယ်။ လိုချင်တဲ့နေရာတွေကို ရရှိတတ်တယ်။ တစ်နေ့တာ အလုပ်ကိစ္စတွေကတော့ သိပ်မဟန်သေးဘဲ ခက်ခဲနေမယ်။ ငွေကြေးပိုင်းမှာလည်း အဆင်မပြေတာတွေချည်း ဖြစ်နေလိမ့်မယ်။ ကိုယ့်ကြောင့် မတော်တဆမှုတွေ ဖြစ်တတ်လို့ လျှပ်စစ်ကိစ္စတွေ၊ ပူလောင်စရာ၊ အန္တရာယ်ရှိတာတွေကို ရှောင်ရမယ်။ မေတ္တာရေးမှာ စိတ်ဝမ်းကွဲစရာလေးတွေ ပေါ်လာနိုင်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့သက်ကြီးရွယ်အိုတွေကို ဆေးဝါး လှူပေးပါ။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..