အောက်တိုဘာ ၁၁ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-10-11

တနင်္ဂနွေ - ဒီနေ့မှာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ အလွယ်တကူ အဆင်ပြေသွားတတ်တယ်။ တစ်နေ့လုံး စိတ်ရှုပ်စရာလူမှုရေးကိစ္စလေးတွေ ကြုံရတတ်ပေမယ့် မိတ်ကောင်းဆွေကောင်းတွေက ကိုယ့်ဘက်က ရှိမယ်။ မလိုသူတွေနဲ့လည်း ရင်ဆိုင်ရတတ်တာကြောင့် ကိုယ့်ဘက်ကသာ မှန်ကန်အောင် နေလိုက်ပါ။ တစ်နေ့တာ အလုပ်နဲ့ ငွေကြေးပိုင်းမှာ လုံးပန်းရတာတွေ များမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း ရန်များတတ်တယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အုန်းရည် ကပ်လှူပြီးတော့ ဆုတောင်းပါ။

သင့်

တနင်္လာ - ဒီနေ့ကတော့ ကိုယ်စိတ်နှစ်ပါး မသက်မသာ ဖြစ်ရတတ်တဲ့နေ့ပါပဲ။ အကြံအစည်၊ ရည်ရွယ်ချက်တွေ အလွဲအချော် များမယ်။ ကိုယ်တိုင်ကလည်း မကောင်းမြင်စိတ်တွေ များနေတတ်တယ်။ ခရီးတွေဘာတွေများ ထွက်ဖြစ်ရင် စိတ်ညစ်ရလိမ့်မယ်။ တစ်နေ့တာ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေမှာ အကြိတ်အနယ် လုပ်ရမယ်။ ဘယ်အရာမှ အလွယ်တကူ မဖြစ်တတ်လို့ ကြိုးစားရလိမ့်မယ်။ ယာဉ်၊ ကားကိစ္စတွေမှာ ပြဿနာ ဖြစ်နိုင်တယ်။ မေတ္တာရေးကတော့ အဆင်ပြေပြေ ဖြစ်လာနိုင်တယ်။ မမျှော်လင့်တဲ့ စိတ်ချမ်းသာစရာလေးတွေ ခံစားရမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ အနားဝန်းကျင်က ခွေးလေးတွေကို အစာကျွေးပေးပါ။

ညံ့

အင်္ဂါ - စိတ်ကူးတွေကို လက်တွေ့ဖြစ်အောင် လုပ်ပြနိုင်မယ့်နေ့ ဖြစ်တယ်။ အကြံအစည်တွေ အကောင်အထည် ပေါ်မယ်။ လုပ်ချင်တာလေးတွေကို လုပ်ခွင့် ရလာမယ်။ အများနဲ့ စေ့စပ်ညှိနှိုင်းရမယ့်ကိစ္စတွေ အောင်မြင်မယ်။ ဒီနေ့ အလုပ်အကိုင်၊ ငွေကြေးကံလည်း အတော်လေး ကောင်းမွန်နိုင်တယ်။ ငွေကြေးဝင်လာမယ့်လမ်းကြောင်း ရှိတယ်။ ရစရာပေးစရာတွေ ပြေလည်သွားမယ်။ ကြီးကဲသူတွေနဲ့တော့ ကန့်လန့်တိုက်သလိုတွေ ဖြစ်နေမယ်။ ကိုယ့်စိတ်ကလည်း တခါတလေ မပြတ်မသား ဖြစ်မိမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းနိုင်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ စပျစ်သီးလေးတွေ ကပ်လှူပြီး ယတြာပြုပါ။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - လိုအင်ဆန္ဒတွေ ပြည့်ဝတတ်တဲ့နေ့ ဖြစ်တယ်။ ကံတရားက ကိုယ့်ဘက်မှာ ရှိနေမယ်။ ပျော်ရွှင်စရာ အားတက်စရာတွေလည်း ကြုံတွေ့ရတတ်တယ်။ အလုပ်မှာ မကြုံဖူးတာတွေ ကြုံရမယ်။ အတွေ့အကြုံသစ် မြင်လာရတတ်တယ်။ ငွေကြေးကံလည်း အတော်သင့် ကောင်းမယ်။ မြုပ်နေတဲ့ငွေတွေ ပြန်ပေါ်လာတတ်တယ်။ အများနဲ့ပေါင်းလုပ်တာတွေမှာ စိတ်ညစ်ပြီးမှ ဟန်ကျလိမ့်မယ်။ ဒီနေ့မှာ လူအများက အားကိုးတကြီးနဲ့ ကိုယ့်ကို တိုင်ပင်လာတတ်တယ်။ မေတ္တာရေးကံတော့ အားနည်းနိုင်တယ်။ စိတ်မကောင်းစရာတွေ ခံစားရတတ်တယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လမုန့် ၅ ခု ကပ်လှူပြီး ဆုတောင်းပေးရမယ်။

ကောင်း

ရာဟု - ဘယ်အလုပ်မှာမဆို သူတပါးက ဝိုင်းကူပံ့ပိုးမှသာ အဆင်ပြေသွားတတ်တယ်။ ကိုယ့်ဖာသာ လုပ်နေရင် အလုပ်မတွင်ဘဲ ကြန့်ကြာမယ်။ အသိုင်းအဝိုင်းက ကူညီပေမယ့် လူမှုဆက်ဆံရေးမှာလည်း ထိခိုက်စရာတွေက ရှိနေမယ်။ အလုပ်အကိုင်တွေ ကောင်းမယ်။ ငွေရေးကြေးရေး လမ်းပွင့်မယ်။ ရစရာပေးစရာတွေ ပြေလည်မယ်။ ကျန်းမာရေး နည်းနည်း ဂရုစိုက်ရမယ်။ မေတ္တာရေးမှာ စိတ်ညစ်ရတတ်သလို အိမ်တွင်းရေးမှာပါ ပူပန်နေရမယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးတိုင် ၅ တိုင် ပူဇော်ပြီး ဆုတောင်းပေးပါ။

သင့်

ကြာသပတေး - ဒီနေ့မှာ အကောင်းအဆိုးတွေကို အလှည့်ကျ ကြုံရတတ်တယ်။ အဆင်မပြေဘူး ထင်ခဲ့တာက ပြေလည်သွားတတ်ပြီး မျှော်လင့်ထားတာတွေကတော့ ဖြစ်မလာဘဲ ခက်ခဲတတ်တယ်။ ဒါပေမယ့် မိတ်ဆွေ၊ ဆရာသမားတွေဆီကတော့ အကူအညီ ရမယ်။ ကိုယ့်ကို ကူညီဝိုင်းဝန်းသူတွေ ရှိနေမယ်။ တစ်နေ့တာ အလုပ်၊ ငွေကြေး စတဲ့ကိစ္စတွေမှာ စိတ်ညစ်စရာကြားကပဲ အဆင်ပြေသွားလိမ့်မယ်။ အသင်းအဖွဲ့ကိစ္စတွေ မလုပ်တာ ကောင်းမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တကျက်ကျက်တော့ ဖြစ်တတ်တယ်။ နားလည်မှု လွဲလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဘိန်းမုန့် ၃ ချပ် ကပ်လှူပြီး ဆုတောင်းပေးပါ။

ကောင်း

သောကြာ - သူများအပူက ကိုယ့်ဆီ လာကူးစက်မယ့်နေ့ ဖြစ်တယ်။ သူများအလုပ်တွေ လျှောက်လုပ်ပေးရင်း ကိုယ့်မှာပါ ထိခိုက်နစ်နာရတတ်တယ်။ အပြောအဆို မတတ်လို့လည်း စကားအခြေအတင်တွေ ဖြစ်လိမ့်မယ်။ ခိုက်ရန် စကားများရတတ်တယ်။ မိသားစုအသိုင်းအဝိုင်းဆီကနေ အကူအညီ၊ ပံ့ပိုးမှုတွေ ရမယ်။ အလုပ်တွေနဲ့ ငွေကြေးကိစ္စတွေမှာလည်း အတော်အတန် ပြေလည်မှု ရမယ်။ မေတ္တာရေးမှာလည်း စိတ်ချမ်းသာရလိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ တောင်းရမ်းစားသောက်သူကို ဟင်းဝယ်လှူပေးပါ။

ညံ့

စနေ - ကိုယ်လုပ်သမျှ အဆင်မချောဘဲ ကြံစည်လိုက်၊ ပျက်လိုက်၊ ပြန်လုပ်လိုက်နဲ့ လုံးလည်ချာလည် ဖြစ်မယ်။ တစ်နေ့တာအတွင်း နေထိုင်မကောင်းချင်သလို၊ ဖျားချင်သလိုတွေလည်း ဖြစ်တတ်တယ်။ ကျန်းမာရေးပိုင်းကို အနည်းနဲ့အများ ဂရုထားရမယ်။ အလုပ်ကိစ္စမှာ မဖြစ်တော့ဘူးလိုလိုနဲ့ အဆင်ပြေသွားမယ်။ ငွေကြေးကိစ္စမှာပါ လမ်းကြောင်းလေးတွေ တည့်လာမယ်။ မြေယာကိစ္စတွေ၊ ဘဏ်ကိစ္စတွေမှာ ခက်ခဲပြီး လွဲချော်သွားတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စကားများရ ငြင်းခုံရတာတွေ ဖြစ်မယ်။ နားလည်မှု မရဘဲ ဖြစ်နေလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန်ဖြစ်တယ်။ ဘုရားမှာ အိုဗာတင်းတစ်ခွက် ကပ်လှူပြီး ဆုတောင်းပါ။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..