
တနင်္ဂနွေ - ဒီလိုနေ့မှာ ဘာပဲလုပ်လုပ် ကိုယ့်အတွေး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်တာ ကောင်းမယ်။ ဘေးကနေ အကြံဉာဏ် ယူတာ၊ သူများအားကိုးတာတွေ လုပ်မိရင် အဆင်မပြေ ဖြစ်တတ်တယ်။ တစ်နေ့တာ အလုပ်ကိစ္စ ငွေကြေးကိစ္စတွေမှာ စိတ်တိုင်းမကျဘဲ ဖြစ်နေမယ်။ လုပ်ရကိုင်ရ ခက်ခဲတာမျိုး ဖြစ်မယ်။ ငွေကြေးအတွက်နဲ့ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရတတ်တယ်။ ငယ်သူတွေနဲ့ စကားများတတ်သလို တစ်ပါးသူတွေနဲ့ ဆက်ဆံရေးပါ အထစ်အငေါ့ ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပူပန်ကြောင့်ကျစရာလေးတွေ ပေါ်လာနိုင်တယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် တောင်းရမ်းသူကို ထမင်းထုပ် လှူပါ။
သင့်
တနင်္လာ - တစ်နေ့လုံးမှာ စိတ်က မကြည်လင်ဘဲ ရှုပ်ထွေးနေတတ်တယ်။ ကိုယ့်အရေးကိစ္စထက် သူများတွေရဲ့ အကြောင်းကိစ္စတွေမှာ ပါဝင်လုပ်ကိုင်ပေးနေရတတ်တယ်။ လူမှုရေးကိစ္စတွေ များနေမယ်။ ကြံဖန်ပြီးတော့ စိတ်ပူရတာတွေလည်း ဖြစ်နေမယ်။ ဒါပေမယ့် ဒီနေ့ အလုပ်ကိစ္စမှာ အဆင်ပြေပြေ ဖြစ်လာမယ်။ အခွင့်အရေး ပေါ်ပေမယ့် လက်လွှတ်ရတတ်တယ်။ ကြီးကဲသူတွေကြောင့် အလုပ် ပျက်ရတတ်တယ်။ ငွေကြေးကိစ္စတွေမှာ ဟိုလိုလိုဒီလိုလိုတွေ ဖြစ်နေလိမ့်မယ်။ မေတ္တာရေးကတော့ ဒီနေ့မှာ အားကောင်းတယ်။ စိတ်ချမ်းသာရမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် လမ်းဘေးခွေးတွေကို အစာကျွေးပေးပါ။
ညံ့
အင်္ဂါ - ဟိုသွားဒီသွားနဲ့ အသွားအလာကိစ္စတွေ များလာတတ်တယ်။ မရောက်ဖူးတဲ့နေရာတွေ ရောက်တတ်ပြီး မသွားလာဖူးတာတွေလည်း သွားရတတ်တယ်။ မစမ်းကြည့်ဖူးတာတွေ လုပ်မိတတ်တယ်။ ဒီနေ့ အလုပ်အကိုင် ငွေကြေးစီးပွားပိုင်းမှာ အတော်လေး ပံ့ပိုးမှု ရမယ်။ အခြေအနေတွေ ကောင်းလာမယ်။ ငွေကြေးလာဘ်လာဘ ပွင့်လန်းလိမ့်မယ်။ ဒါပေမယ့် အကြီးအကဲတွေနဲ့တော့ အမြင်မတူ ဖြစ်မယ်။ နှလုံးသားရေးမှာ ကံခေလိမ့်မယ်။ ဒီနေ့ ညနေ ၅ နဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည် ကပ်လှူပြီးတော့ ဆုတောင်းပါ။
သင့်
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - ဒီနေ့မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကူညီဝိုင်းဝန်းမှုကို ရရှိမယ်။ ကိုယ့်အတွက် အကျိုးရှိမယ့် လမ်းကြောင်းတွေ ပွင့်လာမယ်။ အဆက်အသွယ်ကောင်းတွေနဲ့လည်း ချိတ်ဆက်မိမယ်။ လုပ်ချင်တာတွေကို ကျကျနန လုပ်ခွင့်ရလာနိုင်တယ်။ ကြိုးစားချင်တာတွေ လုပ်ကြည့်လို့ ရမယ်။ တစ်နေ့တာ အလုပ်အကိုင်ရေး၊ စီးပွားရေးမှာ ရုန်းရကန်ရတာတွေ ရှိပေမယ့် မဆိုးဘူးလို့ ဆိုရမယ်။ ငွေတွေ မြုပ်တာမျိုးတော့ ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာလေးတွေ ပေါ်လာနိုင်တယ်။ အတိတ်ဟောင်းက ဒုက္ခပေးတတ်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရေ ၉ ခွက် သပ္ပါယ်ပြီး ကုသိုလ် ပြုပေးပါ။
ကောင်း
ရာဟု - အသင်းအဖွဲ့၊ စုပေါင်းစပ်ပေါင်းအလုပ်တွေနဲ့ အကျိုးပေးမယ်။ ကိုယ်တစ်ယောက်တည်း အဆင်မပြေတဲ့ အလုပ်တွေ အများနဲ့ဆို အောင်မြင်သွားလိမ့်မယ်။ အကျိုးတူ တွဲဖက်လုပ်ကိုင်လို့ ကောင်းမယ်။ ဒါပေမယ့် စီးပွား အလုပ်ကိစ္စတွေမှာ အလွယ်တကူ မပြီးဘဲ ခက်ခဲကြန့်ကြာတတ်တယ်။ အတော်လေး ကြိုးစားနိုင်မှ အဆင်ပြေရုံ ရှိမယ်။ ငွေကြေးကိစ္စတွေ မရေမရာ ဖြစ်မယ်။ စိတ်ညစ်ရမယ်။ မေတ္တာရေးမှာတော့ ကောင်းဆိုး ဒွန်တွဲမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အကြော်စုံ ကပ်လှူပေးရမယ်။
သင့်
ကြာသပတေး - ကြံဖန်ပြီး ပူပန်ရတာတွေ ဖြစ်ပေါ်လာမယ်။ ကိုယ့်အတွက်သာမကဘဲ သူများတွေအတွက်ပါ ရောပြီး ပူနေရတတ်တယ်။ ပြီးတော့လည်း ထင်သလောက် မဆိုးဘဲ အခြေအနေတွေက ပြီးသွားမယ်။ ဒီနေ့မှာ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေအတွက် အချိန်လု လုပ်ရတာ၊ အသည်းအသန် လုပ်ရတာတွေ ဖြစ်တတ်တယ်။ မိတ်ကောင်းဆွေကောင်း ရှိပေမယ့် အများနဲ့ မသင့်ဘဲ ဖြစ်နေမယ်။ မေတ္တာရေးမှာ အပြိုင်အဆိုင် ဖြစ်လာမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ကျန်းမာရေးမကောင်းသူကို ဓာတ်စာတစ်ခုခု လှူပေးပါ။
ညံ့
သောကြာ - ဒီနေ့ ဘာလုပ်မယ်လို့ ကြံထားပါစေ၊ အဲဒီ အကြံတွေ၊ အစီအစဉ်တွေ ပျက်သွားတတ်တယ်။ ဒီနေ့ အလုပ်အကိုင်၊ ငွေကြေးပိုင်းမှာတော့ အခြေအနေ ကောင်းနိုင်တယ်။ လုပ်ပိုင်ခွင့်တွေ ပိုရတတ်သလို ငွေကြေး ရလမ်းတွေလည်း ပေါ်လာတတ်တယ်။ လာဘ်ရွှင်လာနိုင်တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အသုံးအစွဲတွေ များလို့ သတိထားရမယ်။ ကိုယ့်အကြောင်းကိစ္စထက် သူများတွေအရေးမှာ ဝင်ပါပြီး ကူညီနေရတာမျိုး ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံတွေ တက်နေမယ်။ လူငယ်တွေ စန်းပွင့်ပြီး ပျော်စရာတွေ ကြုံလိမ့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒူးရင်းသီး (သို့) ဒူးရင်းယိုတွေ ကပ်လှူပေးပါ။
ကောင်း
စနေ - ငွေမြုပ်နေတာတွေ ပြန်ပေါ်လာနိုင်တယ်။ ရပ်ဝေးမြေခြားကနေ အကျိုးစီးပွားတွေ၊ အခွင့်အလမ်းတွေပါ ပေါ်လာတတ်တယ်။ ရပ်ထားရတဲ့၊ သိပ်မဟန်တဲ့အလုပ်တွေ ပြန်စနိုင်မယ်။ လူမျိုးခြား၊ ဘာသာခြားတွေကပါ ကူညီလာတတ်တယ်။ ကိုယ့်ကို နေရာပေးတာမျိုး ကြုံရမယ်။ ဘာလုပ်လုပ် အလျင်အမြန်နဲ့ လက်သွက်နိုင်လေ ကောင်းလေ ဖြစ်မယ်။ မေတ္တာရေးမှာတော့ အညံ့ ရှိနေတယ်။ နှစ်ဦးကြားမှာ ဘေးကနေ ဝင်မွှေတတ်တယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဆရာ (သို့) လူကြီးတစ်ဦးကို အားဆေးတစ်ကဒ် ပေးပါ။
ကောင်း
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope