
မြန်မာ့ဗေဒင်ပညာကို တီးမိခေါက်မိ ရှိသူတိုင်း ဘုမ္မိ ဆိုတာကို ကြားဖူးကြလိမ့်မည်။ နေ့ဖွားတိုင်း ဘုမ္မိဂြိုဟ်အိပ်၊ ဘုမ္မိကာလတွေကို ဖြတ်သန်းကြရသည်။ ဖြတ်သန်းချိန်တိုင်းတွင်လည်း ကျန်းမာရေး အစ၊ စီးပွားရေးအလယ်၊ လူမှုအိမ်ထောင်ရေးအဆုံး တစ်ခုမက ယိမ်းယိုင်သွားတတ်သည်။
ဘုမ္မိ ခတ်လို့ ဘဝပျက်သူ၊ ဘဝအခြေအနေ ယိုယွင်းသွားသူတွေ ရှိသလို ဘုမ္မိကာလ ဖြတ်သွားသည်ကိုပင် မသိလိုက်သူများလည်း ရှိကြသည်။ မည်သို့ဆိုစေ နေ့ဖွားတိုင်းသည် ဘုမ္မိကာလကို ဖြတ်သန်းရမည်သာ..။
ယခု အလေးထားဖော်ပြမည့်အကြောင်းအရာမှာ ဘုမ္မိဂြိုဟ်အိပ်ကြီးအကြောင်း မဟုတ်ဘဲ နေ့သားသမီးအလိုက် ဘုမ္မိကြီးနှင့် ဘုမ္မိ နှစ်ထပ်ကို ဖြတ်သန်းရမည့် နှစ်အပိုင်းအခြားများနှင့် ထိုကာလများတွင် ကံဇာတာ ညံ့နေပါက ချေရမည့် ယတြာပိုင်းကို ပြဆိုပေးပါမည်။
ပထမဦးစွာ နေ့နံအလိုက် ဘုမ္မိကြီး ကျသောနှစ်ပိုင်းများနှင့် ဘုမ္မိ နှစ်ထပ်ကျသော နှစ်များကို အောက်ပါအတိုင်း အလွယ်တကူ လေ့လာကြည့်ရှုနိုင်သည်။

အကယ်၍ မိမိနေ့နံအရ ဘုမ္မိကြီး (သို့) ဘုမ္မိ နှစ်ထပ်အသက်ပိုင်းခြားတွင် ကျရောက် ဖြတ်သန်းနေရပြီ ဆိုလျှင် အောက်ဖော်ပြပါ နေ့နံအလိုက် ယတြာကို သေချာစွာ ပြုလုပ်ပေးရမည်။
တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေသားသမီးတို့သည်
မိမိမွေးနေ့မှ စ၍ (၇) ရက် တစ်ပတ်ပြည့်သည်အထိ နံနက် ၅ နာရီတွင် ဖယောင်းတိုင် (၁) တိုင်၊ နံနက် ၆ နာရီတွင် ဖယောင်းတိုင် (၁) တိုင်၊ နံနက် ၇ နာရီတွင် ဖယောင်းတိုင် (၁) တိုင် အိမ်ကဘုရားတွင် ထွန်းညှိ ပူဇော်ပေးရမည်။
ထိုနည်းအတိုင်း ညနေပိုင်းတွင်လည်း ညနေ ၅ နာရီ ဖယောင်းတိုင် (၁) တိုင်၊ ညနေ ၆ နာရီ ဖယောင်းတိုင် (၁) တိုင် ၊ ည ၇ နာရီ ဖယောင်းတိုင် (၁) တိုင်ဟူ၍ တဖန် ပူဇော်ပေးရမည်။ ဘုရားစင်တွင် မီးအလင်း ပူဇော်ပြီးတိုင်း (နမော တေ ဇီဝိတဿ သင်္ဂါမ) ဟူသော ဂါထာကို မိမိအသက်ထက် တစ်ခေါက် ပိုရွတ်ဖတ်ပေးရပါမည်။
တနင်္လာ ၊ ဗုဒ္ဓဟူး နှင့် (ရာဟု) သားသမီးတို့သည်
မိမိ မွေးနေ့မှ စ၍ (၉) ရက်ပြည့်သည်အထိ နံနက် ၅ နာရီတွင် ဘုရားကို သောက်တော်ရေ (၅) ဖလား ကပ်ပါ။ မွန်းတည့်ချိန်တွင် ထိုရေများကို ပြန်စွန့်၍ ရေအသစ် ကပ်ပါ။ ညနေ ၅ နာရီတွင် ထိုရေအဟောင်းကို ပြန်စွန့်၍ ရေအသစ် ထပ်လှူပါ။ သောက်ရေ ကပ်လှူသည့်အခါတိုင်း (နမော တေ မာရဝိဇယ) ဟူသော ဂါထာလေးကို မိမိ အသက်ထက် တစ်ခေါက် ပို၍ ရွတ်ဖတ်ပေးပါ။ (ရေဟောင်း စွန့်ရာတွင် နောက်ဖေးဘက်ကို သွန်ပစ်ပါ)
ကြာသပတေး ၊ သောကြာ သားသမီးတို့သည်
မိမိ မွေးနေ့တွင် ဖယောင်းတိုင် (၅) တိုင်၊ မွေးနေ့ပြီး နောက်နေ့တွင် ဖယောင်းတိုင် (၆) တိုင် ၊ မွေးရက်အလွန် နှစ်ရက်မြောက်နေ့တွင် ဖယောင်းတိုင် (၇) တိုင် ဘုရားမှာ ထွန်းညှိပူဇော်ပေးပါ။ အလင်းတိုင် ပူဇော်ရာတွင် လင်ဗန်းတစ်ချပ်ထဲ ရေထည့်ပြီးမှ ထွန်းညှိပူဇော်ရမည်။ ပူဇော်ရန် အချိန်မှာ ညဦးပိုင်း ၇ နာရီ ဖြစ်သည်။ ပူဇော် ပြီးစီးပါက (သော ဘဂဝါ ဣတိပိ အနုတ္တရော) ဂါထာကို အသက်ထက် တစ်ခေါက် ပိုရွတ်ဖတ်ပေးရမည်။
ဖော်ပြပါ ဘုမ္မိစက်ကွင်းကို ချေဖြတ်မည့် ယတြာများအပြင် ဆေးရုံများ၊ လူအိုရုံများတွင် လိုအပ်သော ဓာတ်စာ၊ ဆေးဝါးများ လှူဒါန်းပေးခြင်း၊ ကိုယ်ဝန်ဆောင်များအတွက် လိုအပ်သော အသုံးအဆောင်နှင့် အာဟာရစာများ လှူဒါန်းပေးခြင်းတို့ကိုလည်း အခါအားလျော်စွာ ပြုလုပ်ပေးရမည်။ သို့မှသာ ဘုမ္မိကာလ အခိုက်အညံ့များကို ကျော်လွန်ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။
နေ့ဖွားအားလုံး ဘုမ္မိစက်ကွင်းမှ လွတ်ကင်းချမ်းသာနိုင်ကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope