ဒီဇင်ဘာ ၈ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-12-08

တနင်္ဂနွေ - ဒီနေ့ကတော့ ဟိုသွားဒီသွားနဲ့ အသွားအလာတွေ များတတ်တဲ့နေ့ ဖြစ်တယ်။ အိမ်မကပ်နိုင်အောင် ဖြစ်တတ်တယ်။ အိမ်ကပ်ရင်တောင် လူက အငြိမ်မနေဘဲ ဟိုလုပ်ဒီလုပ်နဲ့ အချိန်ကုန်သွားတတ်တယ်။ ဒီနေ့ အလုပ်ကိစ္စတွေမှာ ကံကောင်းတတ်တယ်။ လုပ်ကိုင်ထားတာတွေကနေ အကျိုးအမြတ် ခံစားခွင့်တွေ ရမယ်။ ဝင်ငွေဖြောင့်တတ်တယ်။ မိတ်ဆွေအကျိုးပေးမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ညစ်ရတတ်တယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်သကြားဆမ်းပြီး ကပ်လှူပေးရမယ်။

သင့်

တနင်္လာ - စိတ်ထဲ ထင်ရင် မှန်နေတတ်တဲ့နေ့မျိုး ဖြစ်တယ်။ အကြည်ဓာတ်ရသလိုမျိုး စိတ်လက် ရွှင်လန်းပြီး အေးချမ်းမှု ရမယ်။ မပြောပလောက်တဲ့ စိတ်ရှုပ်စရာလေးတွေက လွဲရင် တစ်နေ့တာလုံးမှာ အစစအရာရာကို အဆင်ပြေနေတတ်တယ်။ အလုပ်အကိုင်ပိုင်းမှာ နည်းနည်း အားစိုက်ရတာတော့ ရှိမယ်။ လွယ်လွယ်ကူကူနဲ့ မရဘဲ ကြိုးစားရလိမ့်မယ်။ ငွေတွေ မြုပ်နေတတ်တယ်။ မေတ္တာရေးမှာ ကံအားနည်းတယ်။ သတိထားရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြက်သားဟင်းနဲ့ ဆွမ်းကပ်ပြီး ဆုတောင်းပါ။

ကောင်း

အင်္ဂါ - စိတ်ရောလူပါ အားနည်းချူချာမှု ဖြစ်လာနိုင်တယ်။ တစ်နေ့လုံးမှာ စိတ်လက်မကြည်သာစရာတွေချည်းပဲ ကြုံရတတ်တယ်။ စိတ်က ထစ်ခနဲဆို လက်ပါခြေပါ ဒေါသထွက်လွယ်နေတတ်လို့ သတိနဲ့ ထိန်းချုပ်သင့်တယ်။ အလုပ်တွေ များပြီး မနိုင်မနင်းတွေ ဖြစ်တတ်တယ်။ အလုပ်မှာ စိတ်သောကရောက်စရာလေးတွေ ရှိလာမယ်။ ငွေကြေးကိစ္စလည်း အခြေအတင် ပြောဆိုရလိမ့်မယ်။ မေတ္တာရေးမှာတော့ အကောင်းအဆိုး ဒွန်တွဲနေလိမ့်မယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းသူကို တတ်နိုင်တာ ကူပါ။

ညံ့


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး- ဒီနေ့မှာ အတိုက်အခိုက်တွေ များသလောက် စိတ်ရောလူပါ မနားမနေ ပင်ပန်းရတာတွေ များနေမယ်။ အောက်လူတွေ၊ ကိုယ့်ထက်ငယ်သူတွေကြောင့် သောကများတတ်တယ်။ အလုပ်တွေတော့ ကောင်းလိမ့်မယ်။ ငွေရေးကြေးရေးကံလည်း ပွင့်မယ်။ ရစရာပေးစရာတွေ အဆင်ပြေသွားမယ်။ သက်ဆိုင်ရာအကြီးအကဲတွေက အကူအညီ ပံ့ပိုးမှုတွေ ပေးလာမယ်။ မျက်နှာကောင်းရတာ၊နေရာအခွင့်အရေး ရတာတွေလည်း ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း သာသာယာယာ ဖြစ်နေမယ်။ လူငယ်တွေ စန်းပွင့်သလို ကံကောင်းမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည်နဲ့ ပေါင်မုန့် ကပ်လှူပေးရမယ်။

ကောင်း

ရာဟု - စိတ်မြန်လက်မြန်တွေ၊ စိတ်သွားတိုင်း ကိုယ်ပါ ဖြစ်ချင်တာတွေ အရမ်း များလာမယ်။ တစ်နေ့တာလုံးမှာ ဘာပဲလုပ်လုပ် ဆန္ဒစော၊ စိတ်မြန်နေလို့ အားမလိုအားမရတွေ ဖြစ်လိမ့်မယ်။ အလုပ်ကိစ္စတွေ ကံကောင်းမယ်။ အစုအဖွဲ့နဲ့ ပေါင်းစပ် လုပ်ကိုင်ခွင့် ရမယ်။ ဒါပေမယ့် အနားက မိတ်ဆွေတွေက အားကိုးလို့ မရဘဲ ကိုယ့်ဖာသာ ရုန်းကန်ရမယ်။ ငွေကြေးကိစ္စမှာ ကံကောင်းလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးလည်း စိတ်ချမ်းသာရမယ်။ ဒီနေ့ ညနေ ၄ နဲ့ ၄ ခွဲကြား ကံကောင်းတတ်တယ်။ ယတြာအဖြစ် ကျန်းမာရေးမကောင်းသူကို ဓာတ်စာလှူပါ။

သင့်

ကြာသပတေး - အခွင့်အရေးသစ်တွေ ပေါ်လာမယ်။ လုပ်ပိုင်ခွင့်တွေ တိုးလာမယ့်နေ့ ဖြစ်တယ်။ ကံကောင်း ပျော်ရွှင်မယ့်နေ့ ဖြစ်ပြီး ကြိုးစားမှုတွေလည်း အရာထင်လာဖို့ ရှိတယ်။ စပ်တူရှယ်ယာတွေ အကျိုးပေးမယ်။ ငွေကြေးအရလည်း ကျေနပ်အားရစရာ ဖြစ်မယ်။ ဒါပေမယ့် လူကြီးတွေနဲ့ အပေါက်အလမ်း မတည့်တာတွေ ဖြစ်တတ်လို့ အဲဒါကိုတော့ သတိထားရမယ်။ မေတ္တာရေး အားနည်းလို့ ဘာကိုမှ မမျှော်လင့်တာ ကောင်းမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပန်းသီး ၆ စိတ် ကပ်လှူပြီး ဆုတောင်းပါ။

ကောင်း

သောကြာ - ဒီနေ့မှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေနဲ့ ကြုံရတတ်တယ်။ သတင်းကောင်းတွေ ကြားသိရလိမ့်မယ်။ လူငယ်လူရွယ်တွေ စန်းပွင့်တာ၊ မျက်နှာကောင်းရတာတွေ ဖြစ်မယ်။ မေတ္တာရေးမှာ စန်းပွင့်ပေမယ့် စုံတွဲတွေနဲ့ အိမ်ထောင်ရှင်တွေကတော့ တကျက်ကျက်နဲ့ စကားများလွယ်တတ်တယ်။ အလုပ်အကိုင်ကံဇာတာ အားနည်း ယိမ်းယိုင်နေလို့ ဘာလုပ်လုပ် သတိထားလုပ်ရမယ်။ ငွေကြေးကိစ္စ ရှုပ်ထွေးမယ်။ အလုပ်အစီအစဉ် ပျက်မယ်။ အကြီးအကဲတွေ၊ အုပ်စိုးသူတွေနဲ့ မကျေလည်စရာလေးတွေ ဖြစ်တတ်တယ်။ ကိုယ့်ဘက်က လျှော့ပေးရမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သီးစုံဟင်းနဲ့ ဆွမ်းကပ်ပြီး ဆုတောင်းပေးပါ။

သင့်

စနေ - ကံခေတတ်တဲ့နေ့ ဖြစ်လို့ မနက်လင်းကနေ မိုးချုပ်အထိ ဘာလုပ်လုပ် သတိထားရမယ်။ ကိုယ့်အပေါ် မဟုတ်တမ်းတရား ပြောတာ၊ သွားပုပ်လေလွင့် အပြောခံရတာတွေ ဖြစ်တတ်တယ်။ သူများကိစ္စထဲ ကြားဝင် ပါမိလို့ ဖြေရှင်းရတတ်တယ်။ စိတ်လက် မချမ်းမသာ ဖြစ်ရတတ်တယ်။ ဓာတ်လိုက်တာ၊ အပူလောင်တာတွေ ထိမိခိုက်မိတာတွေလည်း ဖြစ်တတ်တယ်။ အလုပ်မှာ မရေမရာနဲ့ ဖြစ်မယ်။ လုပ်လက်စတွေ ကျန်ရစ်လိမ့်မယ်။ ငွေရစရာတွေ နှောင့်နှေးတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အတော်သင့် အဆင်ပြေလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဖိနပ်ဟောင်း၊ ထီးဟောင်းတွေ စွန့်ပစ်ပါ။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..