ချစ်သူလိုချင်တဲ့ ရာသီခွင်တွေ ဈေးဗန်းခင်းနိုင်ဖို့ တစ်ဦးချင်းစီရဲ့ ချစ်စရာကောင်းတဲ့ ထူးခြားမှု (၁၂) ခု
mystylemyanmar.com
|
2023-01-07

ကိုယ့်ရဲ့ ထူးခြားမှုကို သိထားတာက မမှားပါဘူး။ သင့်ရဲ့ ထူးခြားမှုကို သိထားမယ်ဆိုရင် ကိုယ်နဲ့ တွဲမယ့်လူကို ချဉ်းကပ်တဲ့အချိန်လည်း ပိုလွယ်ကူသွားပါလိမ့်မယ်။ ကိုယ့်အားသာချက်၊ ကိုယ့်ရဲ့ ချစ်ဖို့ ကောင်းတဲ့ အမူအရာတွေကို သိထားတာက ပိုတယ်ဆိုပြီး မရှိပါဘူး။ အောက်ဖော်ပြပါ အပြုအမူတွေကတော့ ရာသီခွင် တစ်ခုစီရဲ့ ထူးခြားတဲ့ အပြုအမူ စရိုက် လက္ခဏာတွေပဲ ဖြစ်ပါတယ်။

၁။ AQUARIUS

AQUARIUS ရာသီဖွားတွေက စွန့်စားရတာကို နှစ်သက်သူတွေပါ။ ဘဝကို အပြည့်အဝ နေထိုင်ချင်သူ၊ စိတ်အားထက်သန်စွာ ဖြတ်သန်းချင်သူတွေနဲ့ AQUARIUS တွေက လိုက်ဖက်ပါတယ်။


၂။ PISCES

PISCES တွေက စိတ်ခံစားမှု ပြင်းထန်ပါတယ်။ သင်က PISCES တစ်ဦးကို ပိုင်ဆိုင်လိုက်တာနဲ့ သင့်အပေါ် သူတို့က တစ်သက်လုံး သစ္စာရှိပြီး ချစ်ခင်သွားပါလိမ့်မယ်။

၃။ ARIES

ARIES တွေကတော့ ရုတ်တရက် ကောက်လုပ်တတ်သူတွေမို့ မှန်းဆရခက်တဲ့ ရာသီခွင်တွေပါ။ သူတို့နဲ့သာ တွဲရင် အံ့သြစရာ Surprise တွေနဲ့ ရင်ခုန်စရာ ဖြစ်နေပါလိမ့်မယ်။


၄။ TAURUS

TAURUS တွေကတော့ ခေါင်းမာကာ ခံစားချက် ပြင်းထန်သူတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် ပျော်အောင် ထားမယ့်သူတွေပါ။


၅။ GEMINI

GEMINI တွေကတော့ အပြောင်းအလဲ မြန်သူတွေ ဖြစ်ပါတယ်။ အလိုလိုနေရင်း Player လေးတွေ ဖြစ်သွားတတ်ပါတယ်။ အမြဲ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်ပြီး စိတ်ဝင်စားဖို့ ကောင်းသူတွေပါ။

၆။ CANCER

CANCER က လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နှလုံးသားနဲ့ အပြည့်အဝ ချစ်မယ့်သူတွေပါ။ CANCER ကို ချစ်သူတော်ထားရသူတွေက ကံကောင်းသူတွေပါ။


၇။ LEO

LEO ရာသီဖွားတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူတွေဖြစ်ပြီး သူတို့ ချစ်ရသူတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီး လုံခြုံမှုကို ခံစားစေသူတွေပါ။

၈။ VIRGO

VIRGO တွေကတော့ လက်တွေ့ဆန်သူတွေ ဖြစ်ပါတယ်။ ချစ်သူကိုလည်း စိတ်ကူးယဉ်ဆန်ဆန် Surprise တွေ ဖန်တီးပေးတတ်သူတွေပါ။


၉။ LIBRA

LIBRA တွေရဲ့ ဆွဲဆောင်မှု အရှိဆုံး အရာကတော့ သူတို့ရဲ့ အကြည်ဓာတ်ပါ။ သူတို့က သြဇာအပြည့်ရှိသူတွေ ဖြစ်ပါတယ်။

၁၀။ SCORPIO

SCORPIO တွေက GEMINI တွေလိုပဲ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေသူ ဖြစ်ပါတယ်။ ယောက်ျားလေး၊ ဒါမှမဟုတ် မိန်းကလေးတစ်ယောက်ကို သူတို့ရဲ့ ကျော့ကွင်းမှာ ကျရှုံးအောင် ဖန်တီးနိုင်သူတွေ ဖြစ်ပါတယ်။


၁၁။ SAGITTARIUS

SAGITTARIUS တွေကတော့ ခရီးသွားရတာကို နှစ်သက်ပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းတတ်သူတွေပါ။ သင်က အပူအပင်ကင်းတဲ့ လက်တွဲဖော်ကို လိုချင်ရင် SAGITTARIUS က အံကိုက်ပါပဲ။

၁၂။ CAPRICORN


CAPRICORN တွေကတော့ သူတို့ကိုယ်သူတို့ အထင်ကြီးသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီအမူအရာကပဲ လူတွေရဲ့ စိတ်ဝင်စားမှုကို ရစေတာပါ။ လူတစ်ယောက်ကိုသာ ချစ်မိသားရင် CAPRICORN တွေက အပြည့်အဝ သစ္စာရှိမယ့်သူတွေပါ။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..