
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - မလုပ်ဖူးတဲ့အလုပ်တွေ၊ လုပ်နေကျမဟုတ်တာတွေကို ဒီအပတ်မှာ လုပ်ကိုင်ပေးရတတ်တယ်။ လက်စမသတ်သေးတဲ့အလုပ်တွေ ပြီးစီးအောင်မြင်မယ်။ ရပ်ဝေးမြေခြားနဲ့ ဆက်စပ်တဲ့အလုပ်တွေ အောင်မြင်မှု ရမယ်။ လုပ်ငန်းဆောင်တာတွေ နှေးကွေးကြန့်ကြာမှု ရှိမယ်။ ငွေအဝင် နောက်ကျတတ်ပြီး စိတ်ညစ်လိမ့်မယ်။
ကျန်းမာရေး - ဒီအပတ်မှာ အစာမကြေတာ၊ ရင်ပြည့်တာ၊ ဗိုက်မကောင်းတာတွေ ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ စိတ်လက်မချမ်းမသာ ဖြစ်ရတတ်တယ်။ ကြားလူတွေ၊ ကြားစကားတွေ သတိထားရမယ်။ နှစ်ဦးကြား ပြဿနာ ရှိခဲ့ရင် တိုက်ရိုက် ပြောဆိုဖြေရှင်းတာပဲ ကောင်းမယ်။ လူမှုရေး၊ အပေါင်းအသင်းကဏ္ဍမှာတော့ မိတ်ဆွေ၊ ဆရာတွေဆီက အကူအညီတွေ ရရှိမယ်။
ကံကောင်းစေတဲ့ အရောင် - အဝါ ၊ လိမ္မော် ၊ ရွှေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ ကြာသပတေး
ယတြာ - တစ်ပတ်အတွင်း မနက်တိုင်း အိမ်ကဘုရားမှာ မုန့်ဟင်းခါး၊ ပဲကြော်နဲ့ ကပ်လှူပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ဘယ်အလုပ်မဆို သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး လုပ်ခွင့်မရ အလုပ် အရမ်း များလာနိုင်တယ်။ တစ်ခုမပြီးခင် တစ်ခု အလုပ်တွေ တန်းစီ ပေါ်လာမယ်။ အလုပ်နဲ့ပတ်သက်လို့ ဗျာများမယ်။ ငွေကြေးကိစ္စမှာလည်း အကြိတ်အနယ်တွေ ပြောဆိုငြင်းခုံရတတ်တယ်။ စွန့်စားရတဲ့အလုပ်တွေ ပေါ်လာမယ်။
ကျန်းမာရေး - အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရမယ်။ တစ်ခုခု လွန်ကဲတာမျိုး သတိပြုရမယ်။
လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာက ပုံမှန်လေးပဲ ရှိလိမ့်မယ်။ ဒါပေမယ့် စိတ်ထဲ မျိုသိပ်ရတာတွေ၊ ကြိတ်မှိတ်ခံစားရတာတွေ ဖြစ်တတ်တယ်။ နှစ်ဦးကြားမှာ တတိယလူ ပေါ်လာတတ်တယ်။ ဘယ်အရာမှ စိတ်မချရသလို ဖြစ်နေမယ်။ လူမှုရေးအပိုင်းမှာတော့ မိတ်ကောင်းဆွေကောင်းတွေနဲ့ ကြုံရမယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ လိမ္မော်ရင့်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၅ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက် ၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ကြာသပတေး
ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ မကြာခဏ ပေါင်မုန့်ကြက်ဥကြော် ကပ်လှူပေးပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - ဒီအပတ် လုပ်ငန်းစီးပွားကိစ္စတွေမှာ ကသောင်းကနင်းတွေ ဖြစ်တတ်တယ်။ စီစဉ်ထားတဲ့တိုင်း မဟုတ်ဘဲ အခြေအနေပေါ် မူတည်ပြီး ကြံဖန်စီမံ လုပ်ကိုင်ရလိမ့်မယ်။ ဒါပေမယ့် အဆိုးထဲက အကောင်းတွေကို မြင်တွေ့ရမယ်။ မမျှော်လင့်တဲ့ ကံကောင်းမှုတွေ ကြုံရတတ်တယ်။ ငွေဝင်ပေမယ့် အဖတ်မတင်ဘဲ ဖြစ်မယ်။
ကျန်းမာရေး - ခရီးအသွားအလာ သတိထားရမယ်။ သွားရင်းလာရင်း ကျန်းမာရေး ညံ့တတ်တယ်။
လူမှုအိမ်ထောင် - မေတ္တာရေးကတော့ ဒီအပတ်မှာ အကောင်းဆုံးအနေအထားတွေ ဖြစ်လာမယ်။ လူငယ်တွေ နှလုံးသားရေးမှာ စန်းပွင့်မယ်။ မျက်နှာကောင်းရမယ်။ ချစ်သူ၊ လက်တွဲဖော်ဆီက အကူအညီတွေ ရလိမ့်မယ်။ အိမ်ထောင်ရှင်တွေ စိတ်ချမ်းသာရမယ်။ လူမှုရေးကဏ္ဍမှာ မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်ညစ်ရမယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အစိမ်းဖျော့ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၄ ၊ ၈
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ စနေ
ယတြာ - ဘုရားစေတီတစ်ဆူရဲ့ မွေးနံထောင့်မှာ ရေ ၈ ခွက် သပ္ပါယ်ပြီး အလင်းတိုင် ၈ တိုင် ပူဇော်ပါ။
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - ဝင်ငွေ၊ အမြတ်အစွန်းတွေ တိုးလာနိုင်တဲ့ကာလ ဖြစ်တယ်။ ကိုယ့်ကြိုးစားအားထုတ်မှုတွေက အရာထင် အောင်မြင်လာမယ့်အချိန်လည်း ဖြစ်တယ်။ စပ်တူအကျိုးစီးပွားတွေ လုပ်ကိုင်လို့ ကောင်းလိမ့်မယ်။ ကိုယ့်အတတ်ပညာ၊ အစွမ်းအစကို ထုတ်သုံးပြီး လိုချင်တာကို ရယူနိုင်မယ်။ အခက်အခဲတွေ ပြေလည်မှု ရမယ်။
ကျန်းမာရေး - နေထိုင်မကောင်းရင် ပြန်သက်သာမယ်။ ညံ့နေတာတွေ အကုန် ပျောက်ကင်းသွားမယ်။
လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊အိမ်ထောင်ရေးကဏ္ဍမှာ စိတ်ထဲ မွန်းကြပ်စရာတွေ များတတ်တယ်။ ချစ်သူ (သို့) အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်တယ်။ ဒါမှမဟုတ် ခဏတာ ခွဲခွာရတာမျိုး ဖြစ်တတ်တယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း နားလည်မှု လွဲတာ၊ ကိုယ့်အပေါ် အဆိုးမြင်တာတွေနဲ့ ကြုံရတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ အဝါရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၁ ၊ ၃
ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး
ယတြာ - မွေးနေ့ ဗုဒ္ဓဟူးမနက် အိမ်ကဘုရားမှာ ထောပတ်ထမင်းနဲ့ စတုမဓူ ကပ်လှူပြီး ဆုတောင်းပါ။
ရာဟုဖွား
အလုပ်အကိုင် - ဒီအပတ်မှာ ဘာပဲလုပ်လုပ် ကိုယ်လုပ်သမျှ အတိုက်အခံလုပ်သူတွေနဲ့ချည်း ကြုံနေရမယ်။ ဘယ်အလုပ်မှာမဆို ဖြောင့်ဖြောင့်ဖြူးဖြူး မရှိဘဲ အထစ်အငေါ့တွေ များနေတတ်တယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှု များလေ ၊ အလုပ်တွေ ကောင်းလေ ဖြစ်နေမယ်။ ငွေရေးကြေးရေးမှာလည်း ကံဇာတာ ပွင့်လန်းတိုးတက်မယ်။
ကျန်းမာရေး - ချောင်းဆိုး ရင်ကြပ်တွေ ဖြစ်တတ်တယ်။ အစားအသောက် သတိထားရမယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာရော မိသားစု၊ အိမ်တွင်းရေးမှာပါ စိတ်ညစ်စရာတွေချည်း များနေတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မရဘဲ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်နေလိမ့်မယ်။ ကြီးကဲသူတွေက ငြိုငြင်တတ်တယ်။ လူမှုရေးမှာလည်း မရိုးမသားတွေ၊ မယုံကြည်ရသူတွေ ရှိနေတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - စိမ်းပြာ ၊ အနက်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၈ ၊ ၉ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲနောက်ပိုင်း
ယတြာ - တစ်ပတ်အတွင်း အိမ်က ဘုရားမှာ ရွှေကြည်မုန့် မကြာခဏ ကပ်လှူပေးရမယ်။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွား အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ့်ကာလပါ။ လုပ်ရိုးလုပ်စဉ်တွေ မဟုတ်ဘဲ အသစ်တွေ စတင်ရတတ်တယ်။ လုပ်ငန်းဟောင်းထက် လုပ်ငန်းသစ်တွေကို အာရုံ ပိုကျနေမယ်။ အလုပ်တွေ တစ်ခု ပျက်လိုက်၊ အသစ် စလိုက်နဲ့ ဖြစ်နေတတ်တယ်။ ငွေဝင်ပေမယ့် စိတ်ညစ်စရာတွေ ဖြစ်ပြီးမှ ရလိမ့်မယ်။
ကျန်းမာရေး - ရောဂါဟောင်း၊ ဝေဒနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ သိပ်အညံ့ကြီးတော့ မဟုတ်ပါ။
လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးကံဇာတာက အရင်လို မဟုတ်ဘဲ အချင်းချင်းကြား ညှိနှိုင်းရတာတွေ ပို များလာတတ်တယ်။ ထစ်ခနဲဆို သည်းမခံနိုင် ဖြစ်နေလို့ အစအနောက် သိပ်မလုပ်တာ ကောင်းမယ်။ အပျော်က အပျက်ကို ကူးသွားတတ်တယ်။ သည်းခံစိတ်ရှည်မှုတွေ လိုမယ်။ လူမှုရေးမှာတော့ စိတ်ချမ်းသာပျော်ရွှင်မယ်။
ကံကောင်းစေတဲ့ အရောင် - အဝါဖျော့ရောင် ၊ ကတ္တီပါရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၃
ကံကောင်းစေတဲ့ အရပ် - အနောက်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ ဗုဒ္ဓဟူး
ယတြာ - ဒီအပတ်အတွင်း ရဟန်းသံဃာတွေကို မိမိတတ်နိုင်သလောက် ဝထ္ထုငွေ ကပ်လှူပေးပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်တာ ငွေကြေးစီးပွား၊ လုပ်ငန်းကိစ္စတွေမှာ တခါတည်းနဲ့ လက်စမသတ်တာ၊ ခဏခဏ ပြန်လုပ်ရတာနဲ့ အလုပ်တစ်ခုမက ပေါ်လာတာတွေ ကြုံရတတ်တယ်။ ဘယ်အလုပ်မှ စိတ်တိုင်းမကျတတ်ဘဲ စိတ်ရှုပ်စရာတွေလည်း များတတ်တယ်။ ငွေဝင်ကိန်း ရှိပေမယ့် နည်းပေါင်းစုံနဲ့ ကြံဖန်ပြီး ပြန်ကုန်တတ်တယ်။
ကျန်းမာရေး - ရေချိုး မှားတာ၊ အအေးပတ်တာတွေ ဖြစ်လွယ်မယ်။ ယာယီ ဖျားနာတတ်တယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဒီအပတ်အတွင်း ကံကောင်းနိုင်တယ်။ လူငယ်လူရွယ်၊ လူပျိုလူလွတ်တွေ ဖူးစာဖက်နဲ့ ဆုံဆည်းရတတ်တယ်။ စုံတွဲတွေ၊ အိမ်ထောင်ရှင်တွေလည်း သာသာယာယာ ရှိနေတာ များမယ်။ ပြင်ပလူမှုဆက်ဆံရေးမှာ စိတ်သောက များရတာ၊ အနစ်နာခံရတာမျိုး ရှိလာတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - နက်ပြာ ၊ အစိမ်းရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၄ ၊ ၁
ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ
ယတြာ - ဘုရားစေတီဝန်းအနားက ဗောဓိညောင်ပင်မှာ အမွှေးနံ့သာရေ ၈ ခွက် သွန်းလောင်းပေးပါ။
စနေနေ့ဖွား
အလုပ်အကိုင် - အရင်က မပြီးမပြတ် ဖြစ်နေတဲ့အလုပ်တွေ ဒီအပတ်မှာ အပြီးသတ် လုပ်ဆောင်နိုင်လိမ့်မယ်။ ရပ်ဝေးက အလုပ်ကိစ္စ၊ အကျိုးစီးပွားတွေ အောင်မြင်ကိန်း ရှိတယ်။ ပြည်ပခရီးတွေ၊ ရပ်ဝေးခရီးတွေ ပေါ်မယ်။ သွားလာလို့လည်း အကျိုးရှိမယ်။ အလုပ်ရော ငွေကြေးကံပါ ကောင်းမယ်။ ဒါပေမယ့် စိတ်ရှုပ်စရာ များမယ်။
ကျန်းမာရေး - ဖျားနာ နေမကောင်းရင် ပြန်သက်သာလွယ်မယ်။ ဆိုးဆိုးဝါးဝါး အညံ့ မရှိနိုင်ပါ။
လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးကံဇာတာ ထူးခြားမယ်။ ပျိုရွယ်သူတွေအဖို့ နှလုံးသားရေးက အားလုံးရဲ့ အထက်မှာ ရှိနေမယ်။ ဦးစားပေးရ၊ အချိန်ပေးရတာ များမယ်။ ချစ်သူနဲ့ ကတောက်ကဆလေးတွေ ဖြစ်မယ်။ ပြီးရင်လည်း ပြန်ပြေလည်မယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အကူအညီပေးမယ့်သူတွေ ပေါများလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အနက် ၊ အစိမ်းဖျော့ ၊ အဝါ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၈ ၊ ၅
ကံကောင်းစေတဲ့ အရပ် - တောင်၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ စနေ
ယတြာ - တစ်ပတ်အတွင်း ဘုရားမှာ သောက်တော်ရေ၊ သုံးတော်ရေနဲ့အတူ ယပ်အဖြူလေးပါ ကပ်လှူပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope