ဇန်နဝါရီ ၂၃ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-01-23

တနင်္ဂနွေ - စိတ်မောလူမောစရာတွေ များတတ်တဲ့နေ့ ဖြစ်တယ်။ မတော်တဆမှုတွေလည်း ဖြစ်ပွားတတ်တယ်။ သွားလာစားသောက်မှုတိုင်းမှာ သတိထားရလိမ့်မယ်။ ဘာပဲလုပ်လုပ် အထစ်အငေါ့တွေ များမယ်။ အလုပ်ကိစ္စ ငွေကြေးကိစ္စမှာလည်း ပင်ပန်းစရာတွေ ၊ အသည်းအသန် လုပ်ရတာတွေ ဖြစ်နေမယ်။ ငွေအတွက် သောက များရလိမ့်မယ်။ မိတ်ဆွေချင်း မျက်နှာပျက်စရာတွေ ဖြစ်တတ်တယ်။ မေတ္တာရေးမှာ စိတ်ရှုပ်ရတာ များမယ်။ ညနေ ၃ နဲ့ ၄ ကြားက ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရား သောက်တော်၊ သုံးတော်ရေ ကပ်ပါ။ ဒီနေ့ အကျိုးပေးဂဏန်းတွေက ၁၉ နဲ့ ၁၄ ဖြစ်ပြီး ကံကောင်းစေတဲ့အရောင်က ရောင်စုံကွက်အရော ဖြစ်တယ်။

ညံ့

တနင်္လာ - စိတ်မြန်လက်မြန်နဲ့ ဘာကိုမှ စိတ်မရှည်ချင်အောင် ဖြစ်နေမယ်။ ကိုယ့်စိတ်ကူးဆန္ဒအတိုင်း ဖြစ်ရမှ ဆိုတဲ့စိတ်တွေ ဖြစ်ပေါ်တတ်တယ်။ စိတ်ကူးတွေကိုလည်း လက်တွေ့ လုပ်လာနိုင်မယ်။ ဒီနေ့ အလုပ်အကိုင် ငွေကြေးကိစ္စတွေမှာ အဆင်ပြေပြေ ဖြစ်လာမယ်။ နေရာကောင်းတွေလည်း ရတတ်တယ်။ ဝင်ငွေ တိုးပွားမယ်။ မိတ်ဆွေတွေဆီက အကူအညီ ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာမယ်။ စန်းပွင့်တတ်တယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံကြော် ကပ်လှူပြီးတော့ ဆုတောင်းပါ။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၁ နဲ့ ၉၃ ဖြစ်တယ်။ အနီရင့်နဲ့ နက်ပြာက အကျိုးပေးအရောင် ဖြစ်တယ်။

သင့်

အင်္ဂါ - ဒီနေ့မှာ ငွေကြေးကံတွေ ကောင်းလာနိုင်တယ်။ ပုံမှန်ဝင်ငွေရော တခြားရပေါက်ရလမ်းတွေပါ ပွင့်မယ်။ ပေးစရာ၊ ရစရာတွေကိုလည်း အဆင်ပြေအောင် လုပ်သွားနိုင်မယ်။ အလုပ်ကိစ္စတွေ ပြောဆိုဆောင်ရွက်လို့ လွယ်ကူမယ်။ နေရာဌာနနဲ့ ပတ်သက်လို့တော့ စိတ်ညစ်ရမယ်။ လုပ်ကိုင်နေတာတွေ နှောင့်နှေးကြန့်ကြာမယ်။ မိသားစုထဲမှာ စိတ်ရှုပ်စရာတွေ များတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်လက်မချမ်းမသာ ဖြစ်မယ်။ နေ့ခင်း ၂ နဲ့ ၂ ခွဲကြားက ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ လက်ဖက်ရည် ကပ်လှူရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၂၃ နဲ့ ၁၀ ဖြစ်တယ်။ အစိမ်းနဲ့ အနီရဲရဲရောင်တွေက ကံကောင်းစေတဲ့အရောင် ဖြစ်တယ်။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - အလွဲအချော်တွေကြားကပဲ အဆင်ပြေကံကောင်းမှုလေးတွေ ကြုံရတတ်တဲ့နေ့ ဖြစ်တယ်။ ဒီနေ့မှာ မတွေ့တာကြာတဲ့သူတွေ ပြန်ဆုံရတတ်တယ်။ အဆက်အသွယ်တွေ ပြန်ပေါ်တတ်တယ်။ သတင်းကောင်းတွေ ကြားရတတ်တယ်။ အလုပ်တွေကတော့ သိပ်မဟန်ဘဲ ဖြစ်နေမယ်။ လုပ်လိုက်ပျက်လိုက်နဲ့ ခက်ခဲတတ်တယ်။ ငွေကြေးကိစ္စ ခေါင်းခဲရလိမ့်မယ်။ ပစ္စည်းပျောက်၊ ငွေပျောက်တတ်တယ်။ မေတ္တာရေးမှာ စိတ်ဆိုးစရာ များမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လမုန့် ၄ ခု ကပ်လှူပြီး ဆုတောင်းပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၅ နဲ့ ၆၄ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က စိမ်းပြာနဲ့ ခရမ်း ဖြစ်တယ်။

သင့်

ရာဟု - အရင်ရက်တွေက လက်စမသတ်တဲ့ကိစ္စတွေ ပြန်လုပ်ရတတ်တယ်။ နောက်ကြောင်းမအေးစရာတွေ ရှိရင်လည်း ဒီနေ့မှာ ပြန်ပူပန်ရလိမ့်မယ်။ ကျန်းမာရေးလည်း အနည်းနဲ့အများ ဂရုစိုက်ရမယ်။ မမျှော်လင့်ဘဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။ ဒါပေမယ့် ကြားပေါက်ကံကောင်းတာတွေလည်း ရှိနေလို့ ဒီနေ့မှာ ပျော်ရွှင် အားတက်စရာတွေ ကြုံရလိမ့်မယ်။ အလုပ်ကိစ္စ စိတ်ညစ်ရတတ်တယ်။ နှလုံးသားရေး သောက များနေမယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြားက ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ လိမ္မော်ရည် ကပ်လှူပေးပါ။ ဒီနေ့ အကျိုးပေးဂဏန်းက ၈၆, ၄၄ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က မီးခိုးရောင်၊ ကော်ဖီရောင် ဖြစ်တယ်။

သင့်

ကြာသပတေး - အလုပ်၊ အကြံအစည်၊ ရည်ရွယ်ချက်တွေ ထင်သလို မဖြစ်ဘဲ အလွဲအချော်တွေ များနေမယ်။ တစ်နေ့လုံးမှာ စိတ်ပျက်လက်ပျက်နဲ့ မကြည်မလင် ဖြစ်ရတတ်တယ်။ စိတ်ကူးတွေ၊ အတွေးအခေါ်တွေ လွဲချော်တတ်ပြီး ဆုံးဖြတ်ချက်လည်း မှားတတ်တယ်။ အလုပ်တွေလည်း ဟိုမရောက်ဒီမရောက်နဲ့ ဖြစ်နေမယ်။ ငွေကြေးပိုင်းမှာ ရသင့်တာ မရဘဲ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံကောင်းနိုင်တယ်။ ဒီနေ့မှာ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အသက်လွတ်ကြာဆံကြော် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၃ နဲ့ ၅၃ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ အဖြူ ဖြစ်တယ်။

ညံ့

သောကြာ - အသွားအလာတွေ များလာနိုင်တဲ့နေ့ ဖြစ်တယ်။ ခရီးကိစ္စတွေ၊ ဟိုဟိုဒီဒီ သွားစရာလာစရာတွေပါ ပေါ်လာနိုင်တယ်။ ဒါပေမယ့် လိုရင်းကို မရောက်တတ်လို့ ဖြစ်ချင်တာတွေလည်း တစ်ဝက်တစ်ပျက်ပဲ ဖြစ်မယ်။ အလုပ်အကိုင်ကိစ္စတွေမှာ အဆင်ပြေနိုင်ပေမယ့် ကိုယ်တိုင်က စိတ်မပါလက်မပါသလို ဖြစ်နေလို့ ထိရောက်မှု နည်းပါးတတ်တယ်။ ငွေကြေးကိစ္စနဲ့ စကားများရမယ်။ နှလုံးသားရေးမှာလည်း အခြေအတင် ထဖြစ်တတ်တယ်။  ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့ပူပူလေး ကပ်လှူပြီး ဆုတောင်းပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၀ နဲ့ ၇၃ ဖြစ်တယ်။ အနီရင့်ရောင်က ကံကောင်းစေတဲ့အရောင် ဖြစ်တယ်။

သင့်

စနေ - မိတ်ဆွေအပေါင်းအသင်းတွေရဲ့ကောင်းကျိုးကို ခံစားရမယ်။ ထူးခြားထိရောက်တဲ့အကူအညီတွေ ရပြီး စိတ်ချမ်းသာရမယ်။ အလုပ်မှာ အပင်ပန်းခံ လုပ်ပြီး သိပ်အကျိုးမရှိသလို ဖြစ်နေမယ်။ ငွေအပေးအယူတွေ ကြန့်ကြာမယ်။ လုပ်ငန်းကိစ္စ ညှိနှိုင်းမှုတွေ အဆင်မပြေတဲ့နေ့ ဖြစ်တယ်။ ဒါပေမယ့် တခြားရလမ်းလေးတွေက ပေါ်လာတတ်တယ်။ ဘာသာရေးကိစ္စတွေ လုပ်ရတတ်တယ်။ မေတ္တာရေးမှာတော့ စိတ်ပျက်စရာ ဖြစ်နေမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ လိမ္မော်ရည် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၀ နဲ့ ၇၈ ဖြစ်ပြီး အစိမ်းရင့်နဲ့ အပြာက ကံကောင်းစေတဲ့အရောင် ဖြစ်တယ်။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..