ဖေဖော်ဝါရီ ၃ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-02-03

တနင်္ဂနွေ - အလိုမကျစရာတွေ များမယ့်နေ့ ဖြစ်ပြီး ရည်ရွယ်တာနဲ့ ဖြစ်လာတာတွေက လွဲချော်နေတတ်တယ်။ အသွားအလာတွေ ပေါ်လာသလို မရောက်ဖူး၊ မသွားဖူးတာတွေလည်း ကြုံရတတ်တယ်။ ခရီးကိစ္စတွေ ပေါ်တာ၊ အငြိမ်မနေရတာတွေ ဖြစ်လာနိုင်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အထိုက်အလျောက် အဆင်ပြေနိုင်ပေမယ့် စိတ်တိုင်းမကျတာတွေ ဖြစ်မယ်။ ပြင်ပမိတ်ဆွေတွေက ကူညီမစမယ်။ မေတ္တာရေးမှာ စိတ်ညစ်စရာ ပေါ်မယ်။ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မုန့်ဟင်းခါး ကပ်လှူပြီးတော့ ဆုတောင်းရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၁၂, ၂၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ အပြာနုရောင်တွေ ဖြစ်တယ်။

သင့်

တနင်္လာ - အလုပ်အကိုင်၊ စီးပွားရေးမှာ ကြိုးစားသလောက် မထူးခြားတာတွေ ကြုံရမယ်။ ဒါပေမယ့် ငွေတွေ မြုပ်နေရင် ၊ တောင်းရခက်နေရင် ဒီနေ့မှာ ပြန်ရတတ်တယ်။ မထင်မှတ်ထားတဲ့ လာဘ်လာဘတွေ ဝင်မယ်။ အလုပ်ကလည်း အဆင်မပြေတော့ဘူးလိုလိုနဲ့ ကြံဖန် ပြန်ကောင်းသွားတတ်တယ်။ စိတ်အနှောင့်အယှက်တွေ ဖြစ်ရတာ ရှိပေမယ့် ငွေကြေးအရတော့ ကျေနပ်စရာ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတော့ အားနည်းမယ်။ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကိတ်မုန့် ၆ ချပ် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၉, ၆၆ တွေ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်ကတော့ ရောင်စုံကွက်ကြား ဖြစ်တယ်။

သင့်

အင်္ဂါ - လုပ်နေကျ မဟုတ်တာတွေ လုပ်ရတတ်တယ်။ သွားလာနေကျ မဟုတ်တာတွေ၊ မကြုံစဖူးကိစ္စတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ မတော်တဆ ထိမိခိုက်မိလေးတွေ ဖြစ်တတ်လို့ ဘာလုပ်လုပ် ဂရုတစိုက် ရှိရမယ်။ အလုပ် နဲ့ ငွေကြေးကိစ္စတွေမှာ စိတ်သောကတွေ ဖြစ်မယ်။ အလုပ်များပြီး ငွေသိပ်ရတာမျိုး ဖြစ်မယ်။ ဘေးအန္တရာယ် နီးတဲ့အလုပ်တွေ သတိထားရမယ်။ မိသားစုနဲ့ အသိုင်းအဝိုင်းက ကူညီပေးမယ်။ မေတ္တာရေးမှာ စိတ်ရှုပ်ရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည် ကပ်လှူပြီးတော့ ဆုတောင်းပါ။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၁ နဲ့ ၃၄ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က စိမ်းဖန့်ဖန့်ရောင် ဖြစ်တယ်။

သင့်


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - တစ်နေ့တာ ကြိုးစားလုပ်ကိုင်သမျှတွေ အဆင်ပြေတာ များမယ်။ ကိုယ်ကသာ ကြံဖန်စိတ်ပူပေမယ့် ထင်သလောက် အခြေအနေ မဆိုးတာ တွေ့ရမယ်။ သူများကိစ္စတွေမှာ အချိန်ကုန်ရတတ်ပြီး ပရဟိတကိစ္စနဲ့ လူမောစိတ်မော ဖြစ်ရတတ်တယ်။ မိတ်ဆွေတွေက ကောင်းကျိုးပြုမယ်။ အလုပ်အကိုင်တွေ ကောင်းနိုင်တယ်။ ငွေလည်း ဝင်ကိန်း ရှိတယ်။ အလုပ်သစ်တွေ စလို့ ကောင်းမယ်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာမှု ရမယ်။ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန်ဖြစ်တယ်။ ပေါင်မုန့် ၅ ချပ်ကို ယိုသုတ်ပြီး ဘုရားမှာ ကပ်လှူပေးရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၅၂ နဲ့ ၉၄ ဖြစ်တယ်။ အဖြူနဲ့ စိမ်းပြာက ကံကောင်းစေမယ့်အရောင်တွေ ဖြစ်တယ်။

ကောင်း

ရာဟု - ငွေလက်လွန်မိတာ၊ အသုံးအစွဲ များသွားတာတွေ ဖြစ်တတ်တယ်။ ကိုယ့်ကို နာမည်ဖျက်တာ၊ သိက္ခာ ကျအောင် ပြုမူတာတွေနဲ့လည်း ကြုံရတတ်တယ်။ မဟုတ်တမ်းတရားတွေ စွပ်စွဲခံရတတ်လို့ အသွားအလာနဲ့ အနေအထိုင် ဆင်ခြင်ရလိမ့်မယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာတော့ စိတ်ညစ်စရာတွေကြားကပဲ အဆင်ပြေ လွယ်ကူမယ်။ မိတ်ဆွေအတုအယောင်တွေ သတိထားရမယ်။ မေတ္တာရေးမှာတော့ စန်းပွင့် ကံကောင်းနိုင်တယ်။ ဒီနေ့ ညနေ ၅ ခွဲနဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ နံ့သာရည် လှူဒါန်းပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၈၂ ၊ ၈၅ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က နီညိုနဲ့ မီးခိုးရောင် ဖြစ်တယ်။

သင့်

ကြာသပတေး - မိတ်ဆွေအသိုင်းအဝိုင်းရဲ့ကောင်းကျိုးကို ခံစားရမယ်။ ဘာသာရေး၊ ကုသိုလ်ရေးတွေ လုပ်ရင် ထူးခြားတတ်တယ်။ ကံတွေ ကောင်းပြီး အခွင့်အလမ်းတွေလည်း ပေါ်မယ်။ ဘယ်ကိစ္စမဆို ကိုယ့်အကြံဉာဏ်၊ ဆုံးဖြတ်ချက်နဲ့ လုပ်ရင် ပိုကောင်းမယ်။ ငွေကြေး ပွပေါက်တိုးတာတွေ ကြုံတတ်တယ်။ ဒါပေမယ့် အကျိုးတူ၊ စပ်တူတွေတော့ ရှောင်ရမယ်။ အများအတွက် အနာခံရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကောင်းမယ်။ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဖရဲသီး ၅ စိတ် ကပ်လှူပြီး ဆုတောင်းပေးရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၅၅ နဲ့ ၅၀ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါနဲ့ နက်ပြာရောင် ဖြစ်တယ်။

ကောင်း

သောကြာ - လူတစ်ကိုယ်လုံး မလှုပ်ချင်အောင် စိတ်လက်ပင်ပန်းမှုတွေ များတတ်တယ်။ စကားအပြောအဆိုက အဆင်မပြေလို့ အထင်လွဲခံရတာ၊ အငြင်းအခုံ ဖြစ်တာတွေ ရှိတတ်တယ်။ ဟိုသွားဒီသွား အလည်အပတ်တွေနဲ့ ခရီးကိစ္စတွေမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်သလို ဖြစ်မယ်။ အလုပ်ကိစ္စတွေ တောင်ရောက်မြောက်ရောက်နဲ့ ဖြစ်ပြီး ရည်ရွယ်တာနဲ့ လွဲချော်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်တိုင်းကျစရာ ဖြစ်မယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ မသန်စွမ်းသူတစ်ဦးကို အချိုရည် ပေးကမ်းလှူဒါန်းပါ။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၃ နဲ့ ၆၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က လိမ္မော်ရောင် ဖြစ်တယ်။

ညံ့

စနေ - အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဘေးကျပ်နံကျပ်လေးတွေ ဖြစ်ပေါ်တတ်တယ်။ လုပ်ရကိုင်ရ ခက်တာနဲ့ လုပ်ငန်း သိပ်မကောင်းတာတွေ ဖြစ်တတ်တယ်။ ငွေလည်း အဝင်နှောင့်နှေးမယ်။ ကျန်းမာရေး အားနည်းနိုင်လို့ ဘာပဲဖြစ်လာလာ မပေါ့ဆဖို့ သတိပြုရမယ်။ အသွားအလာကိစ္စတွေလည်း ပေါ်လာတတ်တယ်။ လူရောစိတ်ပါ မနားမနေ လှုပ်ရှားနေရတတ်တယ်။ မေတ္တာရေးမှာ နားလည်မှု မရဘဲ ဖြစ်နေမယ်။ ကြံဖန် စကားများရမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ရွှေရင်အေး ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၀၄ နဲ့ ၇၅ ဖြစ်ပြီး အဝါရင့်နဲ့ အနက်က ကံကောင်းစေမယ့်အရောင် ဖြစ်တယ်။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..