ဖေဖော်ဝါရီ ၇ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-02-07

တနင်္ဂနွေ - ဒီနေ့မှာ အသွားအလာတွေ များမယ်။ ခရီးကိစ္စတွေလည်း ပေါ်လာတတ်တယ်။ ဟိုနေရာလည်းပါ ၊ ဒီနေရာလည်း ပါသလို ဖြစ်နေမယ်။ လူရောစိတ်ပါ ဂဏှာမငြိမ်တာတွေ ဖြစ်မယ်။ ကိုယ့်မိသားစုဝင်တွေနဲ့လည်း နားလည်မှု လွဲတတ်တယ်။ မိတ်ဆွေ၊ ဆရာသမားတွေကတော့ ကိုယ့်ဘက်က ကူညီရပ်တည်ပေးမယ်။ ဒီနေ့ အလုပ်ကိစ္စတွေ၊ ငွေကြေးပိုင်းတွေမှာ အဆင်ပြေပြေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ညစ်ရမယ်။ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မုန့်ဟင်းခါး၊ ဘူးသီးကြော်နဲ့ ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၆, ၅၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အပြာနုရောင် ဖြစ်တယ်။

သင့်

တနင်္လာ - စိတ်ထဲ ဗလောင်ဆူစရာ၊မွန်းကြပ်စရာကိစ္စလေးတွေ ပေါ်လာတတ်တယ်။ ပြဿနာကြီးကြီးမားမား မဟုတ်ပေမယ့် ကိုယ့်အတွက်တော့ ဝန်လေးစရာ ဖြစ်နေတတ်တယ်။ ဒါပေမယ့် အခြေအနေက မှန်းထားသလို မဆိုးဘဲ ဖြေရှင်းနိုင်မယ်။ အလုပ်အကိုင်၊ ငွေကြေးပိုင်းမှာ မှန်းချက်နဲ့ လွဲတတ်တယ်။ ငွေတွေ ပြန်မပေါ်တာမျိုး ဖြစ်တတ်တယ်။ ငွေကြေးစွန့်စားတာတွေ ရှောင်ရမယ်။ မေတ္တာရေးမှာတော့ ကြားလူတွေကို သတိပြုရမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ သရက်သီး ၆ စိတ်ကို ဘုရားမှာ ကပ်လှူရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၆၆ နဲ့ ၂၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ အပြာ ကွက်ကြား ဖြစ်တယ်။

သင့်

အင်္ဂါ - ဒီနေ့မှာ အဆိုးမြင်တာတွေ များပြီး ဘာလုပ်လုပ် အဆင်မပြေဘဲ ဖြစ်နေတတ်တယ်။ စိတ်မြန်လက်မြန်နဲ့ စဉ်းစားဆုံးဖြတ်တတ်လို့ အမှားတွေ ပိုများတတ်တယ်။ သည်းခံနိုင်မှု ပျောက်ဆုံးနေလို့ ပြဿနာတွေ ဖြစ်လွယ် ပေါက်ကွဲလွယ်တတ်တယ်။ အလုပ်ကိစ္စမှာ အလျင်စလိုတွေ လုပ်ရတတ်တယ်။ ငွေအတွက်နဲ့ စိတ်ပူပန်နေမယ်။ မတော်တဆ ထိခိုက်မှုကြောင့် ဘေးအန္တရာယ် သတိထားရမယ်။ မေတ္တာရေးမှာ ဘဝင်မကျတာ များမယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ မသန်စွမ်းသူတစ်ဦးကို စားချင်တာ ကျွေးပြီး ဆုတောင်းရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၄ နဲ့ ၂၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီနဲ့အစိမ်း ဖြစ်တယ်။

ညံ့


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - အလုပ်အကိုင်၊ ငွေကြေးစီးပွားကိစ္စတွေမှာ ကံကောင်းတတ်တယ်။ အလုပ် ရှာတာ၊ နေရာ ယူတာတွေ အဆင်ပြေမယ်။ နေရာကောင်းလည်း ရတတ်တယ်။ အခွင့်ကောင်းတွေပေါ်လာနိုင်တယ်။ အသာစီး ရလိမ့်မယ်။ စပ်တူရှယ်ယာတွေလည်း အကျိုးပေးကောင်းမယ်။ အလုပ်ကနေ ခံစားခွင့်တွေလည်း ပိုမို ရရှိလာတတ်တယ်။ ငယ်သူတွေကြောင့်တော့ စိတ်ညစ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သာယာမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်ယိုသုတ် ၅ ချပ်ကို ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၃ နဲ့ ၂၉ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဝါရင့်ရောင် ဖြစ်တယ်။

ကောင်း

ရာဟု - စက်မှုလက်မှု၊လက်နက်ကိရိယာ၊ လျှပ်စစ် စတာတွေနဲ့ ပတ်သက်ရသူတွေ ဂရုစိုက်ရမယ့်နေ့ ဖြစ်တယ်။ စိတ်ကူးပေါက်သလိုတွေ၊ အလျင်စလိုတွေ လုပ်မိလို့ ထိမိခိုက်မိ ဖြစ်တတ်တယ်။ ဒါပေမယ့် အလုပ်အကိုင်နဲ့ ငွေကြေးပိုင်းမှာ အခွင့်အလမ်း ကောင်းမယ်။ လုပ်ပိုင်ခွင့်တွေ ပိုရတတ်တယ်။ ငွေကြေးအရပါ ကံကောင်းမယ်။ စိတ်ထိန်းနိုင်လေ အကျိုးရှိလေ ဖြစ်မယ်။ မေတ္တာရေးမှာ စန်းပွင့်တတ်တယ်။ ပျိုရွယ်သူတွေ ပျော်ရွှင်လိမ့်မယ်။ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးတိုင် ၈ တိုင် ပူဇော်ပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၈ နဲ့ ၅၁ ဖြစ်ပြီး ကံကောင်းစေတဲ့အရောင်က အဝါနဲ့ အနီတောက်တောက် ဖြစ်တယ်။

ကောင်း

ကြာသပတေး - ပြင်ပလူမှုရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေ ရှိတတ်တယ်။ ဒါပေမယ့် အလုပ်နဲ့ ငွေကြေးပိုင်းမှာ စိတ်တိုင်းကျ အဆင်ပြေမှု ရလာမယ်။ ငွေကြေးကံဇာတာလည်း ပွင့်လန်းမယ်။ အလုပ်သစ်တွေ စတင်တာ၊ လျှောက်ကြည့်တာတွေမှာ ကံကောင်းတတ်တယ်။ ကိုယ့်ကို အလေးထားဆက်ဆံ နေရာပေးမယ်။ စိတ်လက်ပင်ပန်းစရာလေးတွေတော့ ပေါ်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံအားနည်းနေမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန်ဖြစ်တယ်။ ဘုရားမှာ သီဟိုဠ်စေ့ကြော်တစ်ပွဲ ကပ်လှူပေးရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၅၆ နဲ့ ၉၅ ဖြစ်တယ်။ ကံကောင်းစေတဲ့အရောင်က ရွှေရောင်နဲ့ အဖြူရောင်တွေ ဖြစ်တယ်။

ကောင်း

သောကြာ - အကြံအစည်တွေ၊ အစီအစဉ်တွေ အောင်မြင်လွယ်မယ့်နေ့ ဖြစ်တယ်။ ကိုယ့်အစီအစဉ်တွေတိုင်း ဖြစ်လာတတ်တယ်။ ပြောစကားဆိုစကားတွေ ပေါက်မြောက်မယ်။ လူတွေကြားထဲ ကိုယ်က အသာစီး ရမယ်။ ဒါပေမယ့် အလုပ်အကိုင်၊ ငွေရေးကြေးရေးမှာ အထစ်အငေါ့လေးတွေ ရှိမယ်။ မလည်မဝယ်နဲ့ အရှုပ်အရှင်းတွေ ဖြစ်တတ်တယ်။ ဒါကိုတော့ သတိထားရမယ်။ ကြီးကဲသူက ငြိုငြင်မယ်။ မေတ္တာရေးမှာ ပူပူညံညံ့တွေ ဖြစ်မယ်။ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သံပရာရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၅ နဲ့ ၁၂ ဖြစ်တယ်။ ကံကောင်းစေတဲ့အရောင်က ခရမ်းပြာရောင် ဖြစ်တယ်။

သင့်

စနေ - အကောင်းအဆိုး အခြေအနေအမျိုးမျိုးနဲ့ ကြုံရတတ်တယ်။ သူများပြဿနာတွေထဲမှာ ကြားဝင်တာမျိုး ရှောင်ရမယ်။ မဟုတ်ရင် သူများအပူ ကိုယ့်လာပြီး ကူးစက်မယ်။ သူများကိစ္စတွေ လိုက်ရှင်းရလိမ့်မယ်။ အလုပ်နဲ့ ငွေကြေးကိစ္စတွေမှာ မတင်မကျတွေ များမယ်။ ရမလို၊ မရသလိုတွေ ဗျာများရလိမ့်မယ်။ စိတ်ပူပန်ကြောင့်ကျ ဖြစ်လွယ်မယ်။ အမှုအခင်းတွေနဲ့ ခပ်ဝေးဝေး ရှောင်ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ သင့်တင့်တယ်။ ညနေ ၅ နဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဒုက္ခိတတစ်ဦးကို စားစရာ လှူဒါန်းပြီး ယတြာပြုပေးရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၄၃ နဲ့ ၁၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ အဝါဖျော့ ဖြစ်တယ်။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..