ငွေကြေးကံကောင်းလာစေဖို့ လုပ်ဆောင်သင့်သော ယတြာ
lotaya.mpt.com.mm
|
2023-03-03

တစ်ချို့သူတွေအနေနဲ့ အလုပ်အကိုင်က ဝင်ငွေနည်းပါးလို့ အဆင်မပြေတာတွေ၊ ငွေကြေးလည်ပတ်မှု မရတာမျိုးတွေ ဖြစ်နေတတ်ပါသည်။ ဈေးဆိုင်လေးတွေ၊ လုပ်ငန်းလေးတွေ၊ စားသောက်ဆိုင်တွေ စသည်ဖြင့် ဖွင့်ထားပြီး အကြွေးကျနေတာမျိုး၊ အရောင်းပါးနေတာမျိုး၊ ဝင်ငွေနည်းနေတာမျိုးတွေ ရှိနေတတ်ပါသည်။

အချို့ကျတော့ ငွေကြေးလက်လွန်ထားတာ အားနာပြီး ငွေထုတ်ချေးလိုက်တယ် တော်တော်နဲ့ ပြန်မရဘူး  ငွေကြေးလက်လွန်တယ်။ amount တွေက များတယ် စသဖြင့် အဲလိုမျိုး ကြုံနေရတဲ့ လူတွေ ၊ အချို့ကျတော့ သူများဆီက ပိုက်ဆံချေးထားတယ် ပြန်ပေးချင်တဲ့ စိတ်ဆန္ဒလည်းရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လှည့်လို့ဘယ်လိုမှ မရတဲ့ အနေထားမျိုးဖြစ်နေတယ် စသဖြင့် အဲလိုကိစ္စတွေ ကြုံနေကြပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး ကိစ္စအ၀၀ အခက်အခဲလေးတွေ ရှိနေတယ်။ ကြားထဲက အာမခံပေးလိုက်တာမျိုးတွေ ကာယကံရှင်က ထွက်ပြေးသွားတယ် အာမခံပေးတဲ့သူ ရှင်းရမယ်။

အဲလိုပြဿနာ ငွေကြေးနဲ့ပတ်သက်ပြီး ပြဿနာကိစ္စအ၀၀တွေ ကြုံလာပြီး ဝင်ငွေတွေကလည်း ဒီတိုင်းထက်နည်းနေတယ် ၊ ဒီထက်လည်းတိုးချင်တယ်။ အဲဒါဆို ဘာတွေလုပ်ရမလဲ ဘယ်လိုယတြာမျိုးလုပ်ရမလဲဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။

၇ ရက်သားသမီးများအားလုံး ဒီနည်းလမ်းတစ်ခုတည်းနဲ့တင် လုပ်လို့ရပါတယ်။ ဘယ်နေ့သား ဘာလုပ်ရမယ်ဆိုပြီးတော့ မရှိပါဘူး။

Manifestation01_Image_1

ဘာလေးလုပ်ပေးရမယ်ဆိုရင်တော့

ကျွန်တော်တို့ အိမ်ရဲ့ဘုရားဆောင် (ကိုယ့်အိမ်ရဲ့ ဘုရားဆောင်မှာ) ဘုရားဆောင်ရှေ့မှာ ခုံလေးတစ်လုံးချပါ။ချပြီးတော့ ပန်းအိုးလှလှလေး (၁)လုံးတင်ပါ။ အဲဒီပန်းအိုးထဲမှာ နှင်းဆီ (၁၀) ပွင့်ထည့်ပါ။ ပန်းအိုးထဲလည်း ရေထည့်ထားရပါမည်  နှင်းဆီကြာကြာလေးခံအောင်ပါ။အဲနှင်းဆီ (၁၀) ပွင့်ကိုက ဘုရားဆောင်က ဘုရားပန်းအိုးထဲမှာ ရောပြီးထိုးလို့မရဘူး။ သပ်သပ်ထိုးရမယ်။ ဒါပေမယ့် ဒီမှာထူးခြားချက်အနေနဲ့က နှင်းဆီကပါတဲ့ ဆူးလေးကိုတော့ ဖယ်ပေးဖို့လိုပါတယ်။ဘုရားမှာ စတင်ကပ် လှူရမယ့်နေ့က စနေနေ့ မနက်စောစော ဘဲ လုပ်ရမယ်။နှင်းဆီက ဘာအရောင်လဲ ကြိုက်တဲ့အရောင် သုံးလို့ရပါတယ်။ အနီရောင် သုံးသုံး ၊ အဝါရောင် သုံးသုံး ၊ ပန်းရောင်သုံးသုံး နှင်းဆီဖြစ်တယ်ဆိုရင် ရပါပြီ။ ၁၀ ပွင့် ဆိုရင် ရပြီ။လှူပြီးသွားပြီဆိုတာနဲ့ ကျွန်တော်တို့က ဘုရားဂုဏ်တော် အနေနဲ့ သတ္ထာဒေ၀ မနုဿနံ ဆိုတဲ့ ဂုဏ်တော်လေး (၁) ခုတည်းကိုဘဲ (၁၀၈) လုံး ပုတီးနဲ့ ပုတီး (၁၀) ပတ်စိပ်ပေးရပါမယ်။
(သတ္ထာဒေ၀ မနုဿနံ (၁)လုံးချမယ်။ သတ္ထာဒေ၀ မနုဿနံ  (၁) လုံးချမယ် စသဖြင့် (၁၀) ပတ်တိတိ စိပ်ပေးဖို့လိုပါတယ်)။စနေနေ့ မှ စတင်ပြီး နေ့စဉ် မနက်တိုင်း ဘုရားရှေ့မှာသွားပြီးတော့ သတ္ထာဒေ၀ မနုဿနံ ဂုဏ်တော်လေးနဲ့ ပုတီးစိပ်ပါ။ အနည်းဆုံး (၁) လတိတိလုပ်ရမှာပါ။ ခုနက နှင်းဆီပန်းအိုးကိုတော့ ဒီတိုင်းထားထားပါ။အကြောင်းအမျိုးကြောင့် ပန်းညှိုးသွားခဲ့တယ်။ ခြောက်သွားခဲ့တယ်ဆိုရင်တော့ လဲပေးပါ။ လဲတဲ့နေ့ကတော့ ဘယ်နေ့လဲလဲ ညှိုးတဲ့နေ့ လဲလို့ရပါတယ်။ စလုပ်တဲ့နေ့ကတော့ စနေနေ့ဘဲ စလုပ်ပေးရမှာပါ။ 

တစ်လတိတိ အနည်းဆုံး ရအောင်စိပ်ကြည့်ပါ ။ သေချာပေါက် ငွေကြေးကံတွေ ပြန်လည်ကောင်းလာပါလိမ့်မယ်။ ငွေနဲ့ပတ်သက်ပြီး အဖက်ဖက်က ထူးထူးခြားခြား ငွေဝင်တာမျိုးတွေ ကြုံရလိမ့်မယ်။ ရှုပ်နေတဲ့ အကြွေးတွေရှိရင် ရှင်းသွားပါလိမ့်မယ်။

ရစရာရှိတဲ့ ငွေကြေးတွေလည်း ပြန်လည်ရလာပါလိမ့်မယ်။ ကိုယ့်ဆိုင်ကိုယ့်လုပ်ငန်း အကြွေးတွေ ကျနေရင်လည်း ရစရာရှိတဲ့ အကြွေးတွေ ပြန်လည်ရရှိလာပြီးတော့ အဆင်ပြေမှုတွေ ကြုံရပါလိမ့်မယ်။

ကဲ ဒီယတြာအစီအရင်လေးကို လုပ်ပေးလိုက်မယ်ဆိုရင်တော့ ငွေကြေးနဲ့ပတ်သက်ပြီး အခက်အခဲမှန်သမျှ အဆင်ပြေသွားမှာပါ။ ငွေကြေးအကျပ်အတည်းဖြစ်နေသူ အားလုံး ဒီအစီအရင်ကို လုပ်လို့ရပါတယ်။

ကဲ ဒီနေရာမှာ ဗေဒင်ကို နည်းနည်းတီးခေါက်မိတဲ့သူတွေက ပြောစရာရှိတာ တစ်ခုရှိပါတယ်။ ဟာ ဒါ နှင်းဆီဆိုတာ စနေဂြိုလ် စနေသက်ရောက်ထဲ ရောက်နေတဲ့ သူတွေအတွက် နှင်းဆီဆိုတာ နိတ်ပြောက် မကောင်းဘူး ၊ ရှောင်သင့်တယ်လို့ ပြောမယ့်သူတွေ ရှိရင်ရှိလာပါလိမ့်မယ်။

ဒါကတော့ ဗေဒင်နားလည်တဲ့သူတွေအတွက်ပါ။ မပူပါနဲ့ နှင်းဆီပန်းက စနေသက်ရောက်ထဲ ရောက်နေတဲ့ နေ့သားသမီးတွေ အားလုံး နှင်းဆီပန်းကို ဘုရားလှူတာ ဘာမှမဖြစ်ပါဘူး။ နိတ်ပြောက်ကို လှူတဲ့အတွက် ဆိုးကျိုးတွေ ဒုက္ခတွေ ရောက်မလားဆိုပြီး တွေးနေတဲ့သူတွေအတွက် ဘာမှမပူပါနဲ့။

ကျွန်တော်တို့ လက်တွေ့စမ်းသပ်ပြီးတော့ အောင်မြင်ထားတဲ့ ယတြာပါ။ စနေသက်ရောက်မှာလည်း ကျွန်တော်ကိုယ်တိုင် ဒီယတြာကို လုပ်ကြည့်ပါတယ်။ ဘာမှမဖြစ်ပါဘူး။ နိတ်ပြောက်ဆိုးကျိုး ဘာမှမခံစားရပါဘူး။ ဒါကတော့ ဗေဒင်နည်းနည်းသိတဲ့လူတွေအတွက် ကျွန်တော်ပြောပြပေးတာပါ။

Manifestation01_Image_2

စနေသက်ရောက်မှာလည်း နှင်းဆီပန်း ဘုရားလှူခဲ့ဟာမျိုး လုပ်လို့ရပါတယ်။ အဓိကတော့ သီးသန့်လေး ဖြစ်စေချင်တာပါ။ သီးသန့်လေး အိုးလေး(၁)လုံးနဲ့ သပ်သပ် နှင်းဆီ (၁၀) ပွင့် လှူသွားစေချင်တာ ဘုရားပန်းအိုးထဲကို မရောနဲ့ပေါ့ဗျာ။

ကဲ ကိုယ့်နိုင်ငံခြားရောက်နေတဲ့ ကိုယ်ရဲ့ အမျိုးသား ၊ ကိုယ့်ရဲ့ သားသမီး ငွေကြေးမပို့ဘူးဆိုရင်လည်း ဒီယတြာတွေ လုပ်လို့ရပါတယ်။ ဒီယတြာတွေ လုပ်မယ်ဆိုရင် သေချာပေါက် ငွေကြေးပြန်ပို့တာမျိုးတွေ ပြန်ကြုံရတတ်ပါတယ်။

အဲဒီတော့ ဒီယတြာလေးကို ၇ ရက်သားသမီးများအားလုံး ဒီပုံစံအတိုင်းလေးဘဲ လုပ်ပေးကြည့်ပါ။အဆင်ပြေသွားပါလိမ့်မယ်။

၇ ရက်သားသမီးများအားလုံး ငွေကြေးတွေ အဆင်ပြေပြီး စီးပွားတွေတိုးတက်ကြပါစေ။

ဆရာငြိမ်းအေးလူ-ဗေဒင်သုတေသီ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..