မတ် ၆ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-03-06

တနင်္ဂနွေ - လူပင်ပန်း စိတ်ပင်ပန်းစရာတွေ များမယ့်နေ့ ဖြစ်တယ်။ ကျဉ်းထဲကျပ်ထဲကိုလည်း ရောက်တတ်လို့ ပြဿနာတွေနဲ့ ကင်းအောင်နေသင့်တယ်။ သူများကိစ္စတွေမှာ စေတနာ့အကျိုးဆောင်လို ဖြစ်နေယ်။ သူများ အကြောင်းကိစ္စတွေနဲ့ အချိန်ကုန်ရတတ်တယ်။ ကြံဖန်တွေးပူစရာတွေ များမယ်။ အလုပ်တွေ ကောင်းပေမယ့် မျှော်လင့်သလောက်တော့ မပြီးဘဲ ဖြစ်မယ်။ ဝင်ငွေတော့ မှန်မယ်။ မေတ္တာရေးမှာ ကံကောင်းမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကျောက်ကျောမုန့် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၆၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ လိမ္မော်ရောင်တွဲ ဖြစ်တယ်။

သင့်

တနင်္လာ - အလုပ်သစ်တွေ တိုးချဲ့တာ၊ အလုပ်သစ် ပြောင်းရွှေ့တာတွေ ကောင်းတယ်။ အလုပ်ကံဇာတာလည်း ကောင်းနေမယ်။ လုပ်သာကိုင်သာရှိမယ်။ လုပ်ငန်းခွင်မှာလည်း နေရာကောင်းတွေ ရတတ်တယ်။ ခရီးကိစ္စတွေ စီစဉ်ထားရင် အဆင်ပြေလွယ်ကူမယ်။ လူမှုရေးမှာ ကိုယ်ကအလျှော့ပေးလို့ ရောင့်တက်တာမျိုး ကြုံတွေ့ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ဆင်းရဲစရာတွေ ဖြစ်လာနိုင်တယ်။ ပြဿနာဟောင်းတွေ ပြန်ပေါ်မယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံကြော် ကပ်လှူပြီးဆုတောင်းရမယ်။ တစ်နေ့တာအကျိုးပေးဂဏန်းက ၂၂, ၁၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ငွေရောင်နဲ့အနီ ဖြစ်တယ်။

ကောင်း

အင်္ဂါ - ငွေကြေးအကျိုးအမြတ်၊ စီးပွားရေးကိစ္စတွေ ပေါ်ပေါက်လာတတ်တယ်။ အလုပ်ကိစ္စတွေ အလေးထား ဦးစားပေးရမယ့်နေ့ ဖြစ်တယ်။ အလုပ် အပြောင်းအလဲ ဖြစ်ပေါ်တတ်တယ်။ အလုပ်ပြောင်းချင်သူတွေ လမ်းစ ပေါ်မယ်။ နေရာဌာနနဲ့ ပတ်သက်လို့ စိတ်ပူပန်စရာတွေ များမယ်။ အလုပ်အတွက် ခေါင်းခဲစရာတွေ ဖြစ်မယ်။ ဝင်ငွေထက် ထွက်ငွေ များနေမယ်။ မိတ်ဆွေတွေက ကူညီမယ်။ မေတ္တာရေးမှာ စိတ်သောတွေ များနေမယ်။ ဒီနေ့မှာ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ စာကလေးတွေကို ဆန်ကွဲ ကျွေးပြီး ယတြာပြုရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၁, ၃၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်ရောင် ဖြစ်တယ်။

သင့်


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - အကြံပျက်၊ အလုပ်ပျက်တတ်တဲ့နေ့ ဖြစ်ပြီး ကံဇာတာလည်း သိပ်မကောင်းတတ်လို့ ဒီနေ့မှာ ဘာတွေ လုပ်လုပ် သတိလေး အမြဲကပ်ပေးရမယ်။ အတွေးအခေါ်၊ အကြံအစည်တွေ၊ ဆုံးဖြတ်ချက်တွေ မှားယွင်းနေလို့ လုပ်ကိုင်သမျှလည်း အလွဲအချော်ချည်း ဖြစ်နေတတ်တယ်။ အလုပ်မှာ အားမလိုအားမရတွေ၊ မရေမရာတွေ  ကြုံရမယ်။ ငွေလက်လွန်တာ၊ စောင့်ဆိုင်းရတာတွေ ဖြစ်လာမယ်။ နှလုံးသားရေးကံတော့ ကောင်းလိမ့်မယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီရင်ပြင်မှာ သန့်ရှင်းရေးကုသိုလ် လုပ်ပေးပါ။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၃၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က နို့နှစ်ရောင် ဖြစ်တယ်။

ညံ့

ရာဟု - နေရာဌာနတွေ၊ အိုးအိမ်ကိစ္စတွေအတွက် ခေါင်းခဲပူပန်ရတတ်တယ်။ တစ်နေ့လုံး ဘာလုပ်ရမယ် မှန်း မသိဘဲ ဘာကိုမှ စိတ်မပါလက်မပါနဲ့ ဖြစ်နေတတ်တယ်။ အလုပ်တွေကလည်း လုပ်သာနေတယ် ကိုယ့်အတွက် ဘာမှ မထူးခြားသလို ခံစားရလိမ့်မယ်။ ဒါပေမယ့် ငွေရေးကြေးရေး ကံကောင်းနိုင်တယ်။ ရစရာပေးစရာတွေပါ အဆင်ပြေသွားမယ်။ နှလုံးသားရေးမှာ အထင်မှားအမြင်မှားတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် ပြေလည်သွားမယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းတတ်တယ်။ ဘုရားမှာ အမွှေးတိုင် ၅ တိုင် ပူဇော်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၈ နဲ့ ၃၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ အပြာရောင်တွဲ ဖြစ်တယ်။

သင့်

ကြာသပတေး - မတော်တဆမှုလေးတွေ ဖြစ်တတ်လို့ သွားသတိလာသတိ ရှိရမယ်။ အသေးအဖွဲ ဒဏ်ရာတွေ ထိမိခိုက်မိတာလေးတွေ ဖြစ်တတ်တယ်။ စိတ်ကူးတွေ များပြီး လုပ်ဖြစ်တာက နည်းမယ်။ အကြံအစည်တွေပါ ပျက်တတ်တယ်။ အလုပ်တွေတော့ ကောင်းမယ်။ အဆင်ပြေပြေ ဖြတ်သန်းလုပ်ကိုင်နိုင်မယ်။ ငွေကြေးကံလည်း ပွင့်လန်းမယ်။ မိသားစုထဲမှာ အချင်းများတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာပါ အထင်လွဲခံရတတ်တယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။  ဘုရားမှာ ဖရဲသီး ၅ စိတ် ကပ်လှူပေးရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၅၂ နဲ့ ၉၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါနဲ့ အနက်ရောင်တွဲ ဖြစ်တယ်။

သင့်

သောကြာ - သွားချင်တာတွေ သွားခွင့်ရမယ်။ စားချင်တာတွေလည်း စားရတတ်တယ်။ လက်ဆောင်တွေလည်း ရရှိတတ်သလို ရပ်ဝေးကနေ သတင်းကောင်းတွေ ကြားရတတ်တယ်။ ဆွေမျိုးသားချင်းအသိုင်းအဝိုင်းသာမက မိတ်ဆွေအပေါင်းအသင်းတွေကပါ ကိုယ့်အပေါ် ကောင်းနေမယ်။ ကူညီပံ့ပိုးမှုတွေလည်း ရမယ်။ အလုပ်အကိုင် သိပ်မကောင်းပေမယ့် အေးရာအေးကြောင်း လုပ်သွားနိုင်မယ်။ မေတ္တာရေးမှာတော့ နည်းနည်း စိတ်ရှုပ်ရမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သံပရာရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၀ နဲ့ ၆၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ပန်းရောင်နဲ့ အနီရင့်ရောင် ဖြစ်တယ်။

ကောင်း

စနေ - အကြီးအကဲတွေ၊ အာဏာပိုင်တွေနဲ့ အခြေအတင် ဖြစ်တတ်တယ်။ ကိုယ့်ကို အင်အားသုံး ခိုင်းစေတာနဲ့ ဖိအားပေးတာမျိုးတွေ ခံရတတ်တယ်။ ကိုယ်ကလည်း ဒီတစ်နေ့လုံး အလုပ်ထဲ စိတ်မပါလက်မပါနဲ့ ဖြစ်နေမယ်။ လုပ်ချင်တာဖြစ်ချင်တာတွေကို အာရုံမကျဘဲ စိတ်လေနေတတ်တယ်။ ဘာမှ မလုပ်ချင် မကိုင်ချင်နဲ့ အချိန်တွေ ကုန်သွားတတ်တယ်။ ငွေကြေးအတွက် ပူပန်ရတတ်တယ်။ နှလုံးသားရေးကိစ္စ စိတ်မကြည်လင်စရာ ဖြစ်မယ်။  ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတွေကို မိမိအဝတ်ဟောင်း ပေးကမ်းရမယ်။ တစ်နေ့တာအကျိုးပေးဂဏန်းက ၁၁ နဲ့ ၁၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က လိမ္မော်ရောင် ဖြစ်တယ်။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..