စာမေးပွဲဖြေဆိုသူများ၊ အလုပ်ကိစ္စ အင်တာဗျုး ဖြေဆိုသူများအားလုံးအတွက် အစွမ်းထက် ဂါထာ
lotaya.mpt.com.mm
|
2023-03-09

မင်္ဂလာပါ … အခုတင်ပြမှာကတော့ အလုပ်ကိစ္စ အင်တာဗျုး ၊ စာမေးပွဲဖြေတဲ့ ဖြေဆိုရာမှာ ယတြာနဲ့ ဂါထာအကြောင်းကို တင်ပြလိုပါတယ်။

ယနေ့ခေတ်ကာလမှာ အလုပ်အကိုင်တွေ ၊ စီးပွားလာဘ်လာဘတွေ လုပ်ကိုင်ရှာဖွေတဲ့အခါမှာ များသောအားဖြင့် ဒီလူငယ်တွေဟာ အလုပ်အကိုင်မှာ ခက်ခဲလာပါတယ်။ ဒါကြောင့်မို့လို့ အများအားဖြင့်တော့ ပြည်ပနိုင်ငံတွေမှာ ထွက်ခွာပြီးတော့ အလုပ်အကိုင်ရှာဖွေတာတွေ ဒါမှမဟုတ် မိမိအလုပ်ရလိုတဲ့အတွက် အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ အင်တာဗျုးဖြေတာတွေဟာ မကြာမကြာ လုပ်ကိုင်ဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တစ်ထောင့်တစ်နေရာကနေပြီးတော့ အထောက်အပံ့ဖြစ်အောင် အထောက်အကူဖြစ်အောင် ဒီနည်းစနစ်လေးကို တင်ပြပေးခြင်း ဖြစ်ပါတယ်။

အဲဒီတော့ ဒီအလုပ်အကိုင်ရဖို့တွေ ၊ စီးပွားလာဘ်လာဘ အဆင်ပြေဖို့တွေ မိမိရဲ့ စားဝတ်နေရေးတွေ အဆင်ပြေဖို့တွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဒါကိုယ် ကိုယ်တိုင်က လုပ်ရမယ့်တာဝန်ကတော့ ကိုယ်လုပ်တာကတော့ လုပ်ရမှာပါဘဲ။ မိမိရဲ့ ကံ ၊ ဉာဏ် ၊ ဝီရိယနဲ့ ဒီ (၃) ချက်လုံးညီအောင် ဆောင်ရွက်ပြီးတော့ ကြိုးစားအားထုတ်မှ မိမိရဲ့ ဒီစားဝတ်နေရေးတွေကို အဆင်ပြေမှာ ၊ အလုပ်အကိုင်တွေ ရရှိပြီးတော့ မိမိဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

အဲလိုဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့အတွက် အလုပ်အကိုင်ရှာတတ်တဲ့အခါမှာ တစ်ဖက်ကမ်းကနေပြီးတော့ အထောက်အကူဖြစ်အောင် အခုလုပ်ကိုင်ရမယ့် နည်းစနစ်လေးကို သိပ်လည်း မခက်ခဲဘဲနဲ့ လွယ်လွယ်ကူကူနဲ့ လုပ်လို့ရမယ့် နည်းစနစ်လေးတွေကို တင်ပြပေးစေချင်ပါတယ်။

အဲဒါကတော့ ဒီစာမေးပွဲဖြေတဲ့အခါမှာ ကိုယ်က အိမ်ကနေ မထွက်ခင်မှာ မိမိကနေပြီးတော့ (စိတ်ထဲကနေပြီးတော့) ရည်မှန်းပြီးတော့ ကိုယ်က အဓိဌာန်ပြီးတော့ ဒီဂါထာကို (၉) ခေါက်ရွက်ရမှာ ဖြစ်ပါတယ်။

            "ဒေဝါနံ နန္ဒနော ဒေဝေါ၊

                ဒေ၀ ဒေဝေန နန္ဒိနော၊

                ဝေဒ ဒိနေန ဝေဒေန၊

                ဝေဒိ ဝေဒေန ဝေဒိနော" တဲ့

ဒါပေမယ့်လည်းဘဲ ကိုယ့်က ဒီအဓိဌာန်အနေနဲ့ ရွတ်တဲ့အခါမှာတော့ အသံမှန်ဖို့နဲ့ ဒီပါဋ္ဌိတွေကို မှန်ကန်စွာ ရွတ်ဖို့ဘဲ အဓိကပါပဲ။

အဲဒီတော့ ဒါကြောင့်မို့

                " ဒေဝါနံ နန္ဒနော ဒေဝေါ၊

                  ဒေ၀ ဒေဝေန နန္ဒိနော၊

                  ဝေဒ ဒိနေန ဝေဒေန၊

                  ဝေဒိ ဝေဒေန ဝေဒိနော" တဲ့ ဒီဂါထာလေးကို မိမိရဲ့ ဒီစိတ်နှလုံးသားထဲကနေပြီးတော့ ရည်မှန်းပြီးတော့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ မြတ်စွာဘုရားကို (ရတနာသုံးပါး)ကို အာရုံပြုပြီးတော့ ရွတ်ဆိုရမှာ ဖြစ်ပါတယ်။ (၉)ခေါက်ရွတ်ပြီးတော့မှ မိမိစာမေးပွဲဖြေတဲ့နေရာကို သွားရမှာ ဖြစ်ပါတယ်။ စာမေးပွဲဖြေရမှာ ဖြစ်ပါတယ်။ (ဒါမှမဟုတ်) အလုပ်အင်တာဗျူးဖြေတာမျိုးတွေကို ဖြေရမှာ ဖြစ်ပါတယ်။

အဲလိုဖြေလို့ချင်ရင် ဘာဘဲပြောပြော မိမိရဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဒီအခါတိုင်းက ကိုယ်က နည်းနည်းခက်ခက်ခဲခဲရှိချင်ရင်တောင်မှ ဒီလိုအထောက်အပံ့လေးနဲ့ လုပ်မယ်ဆိုလို့ချင်ရင် ပိုပြီးတော့ လွယ်ကူလာပြီးတော့ မိမိရဲ့ပန်းတိုင် မိမိလိုချင်သောအလုပ်ကို ရရှိမှာ ဖြစ်ပါတယ်။

အဆောင်အနေနဲ့ကတော့ နေ့သားအလိုက်ရှိပါတယ် ။ တနင်္ဂနွေသားသမီးဆိုလိုချင်ရင် ဒါ ပေါက်ပန်းဖြူတို့ ၊ ပျဉ်းမတို့ ဒီအခက်တွေကို ဆောင်ထားရမှာ ဖြစ်ပါတယ်။ အဲဒါကို မိမိက ဒီအိတ်ထဲမှာပဲဖြစ်ဖြစ် ၊ ကိုယ့်ရဲ့အိတ်ကပ်ထဲမှာ ဖြစ်ဖြစ် ခပ်သေးသေးပေါ့လေ တအားကြီး အကြီးကြီးတော့ မဟုတ်ဘူးပေါ့။ ခပ်သေးသေးလေး ထည့်သွားပြီးတော့ မိမိက ဆောင်သွားရမှာ ဖြစ်ပါတယ်။

တနင်္လာသားသမီးဆိုလိုချင်ရင်တော့ သီဟိုဠ်တို့ ၊ သီးညွန့်တို့ ဒါမျိုး အခက်အလက်လေးတွေကို မိမိက ဆောင်ရမှာ ဖြစ်ပါတယ်။

အင်္ဂါသားသမီးဆိုလိုချင်ရင်တော့ တမာတို့ ၊ ဒန်းညွန့်တို့ ၊ ထန်းညွန့်တို့ ဒီလို အညွန့်တွေကို မိမိရရာ (လွယ်ကူရာကို) မိမိကဆောင်ရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးဆိုလိုချင်ရင်တော့ ဧကရာဇ်ညွန့်တို့ ၊ အုန်းညွန့်တို့  ဒီအခက်အလက်တွေကို မိမိကဆောင်ရမှာ ဖြစ်ပါတယ်။ ဆောင်ပြီးတော့ မိမိက အင်တာဗျူးဖြေရမှာ ၊ အလုပ်စာမေးပွဲတွေ ဖြေရမှာ ဖြစ်ပါတယ်။

ကြာသပတေးသားသမီးဆိုလိုချင်ရင်တော့ ကံ့ကော်ညွန့်ကို ဆောင်ရမှာ ဖြစ်ပါတယ်။ ကံ့ကော်ညွန့်လေးကို မိမိက ဆောင်သွားရမှာ ဖြစ်ပါတယ်။ (ဒါမှမဟုတ်) ကံ့ကော်ပန်းတို့ ဒါမျိုးကို ဆောင်သွားရမှာ ဖြစ်ပါတယ်။

သောကြာသားသမီးဆိုလိုချင်ရင်တော့ စွယ်တော်တို့ ၊ ဇီးတို့ ဒီအရွက်တွေကို မိမိက အခက်အလက်လေးတွေကို မိမိက အဆောင်အဖြစ် ဆောင်သွားရမှာ ဖြစ်ပါတယ်။

စနေသားသမီးဆိုလိုချင်ရင်တော့ ဝါးညွန့်တို့ ၊ ရွက်လှတို့ ၊ ရွက်လှပန်းကို မိမိက ဆောင်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ မိမိက အလုပ်အကိုင်မှာပဲ ဖြစ်ဖြစ် ၊ အလုပ်အကိုင် စာမေးပွဲ ဖြေတာဖြစ်ဖြစ် ၊ အင်တာဗျူးဖြေတာဖြစ်ဖြစ် ၊ ရိုးရိုးစာမေးပွဲ ဖြေတာဖြစ်ဖြစ် ကိုယ်က တစ်ဖက်တစ်လှမ်းကနေပြီးတော့ အထောက်အပံ့ဖြစ်အောင် မိမိလုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အောင်မြင်အောင် ၊ အဲဒီတော့ ကိုယ်လုပ်ရမယ့် လေ့လာရမယ့်ကိစ္စကိုလည်း လေ့လာ ၊ မိမိလုပ်ကိုင်ရမယ့် မိမိဘက်ကလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပြီးတော့ တစ်ဖက်တစ်လှမ်းကလည်း (ဒီဘက်ကလည်း) ဒီလိုကံကြမ္မာအရ အထောက်အပံ့လေးတွေ ယတြာအဖြစ် မိမိကလည်း ဆောင်ရွက်လုပ်ကိုင်မယ်ဆိုလို့ချင်ရင်တော့ ပိုပြီးတော့ အောင်မြင်မှာ ဖြစ်ပါတယ်။ ပိုပြီးတော့  မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စက အဆင်ပြေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ အလုပ်အကိုင်တွေ ၊ အလုပ်အကိုင် အင်တာဗျုးဖြေတာတွေ ဒါမှမဟုတ် စာမေးပွဲဖြေတာတွေ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စတွေမှာ ဒီလိုအထောက်အကူလေးတွေနဲ့ ပြုလုပ်ပြီးတော့ ကြိုးစားဆောင်ရွက်မယ်ဆိုလို့ချင်ရင် များစွာအဆင်ပြေပြီးတော့ အောင်မြင်မှာ ဖြစ်ပါတယ်လို့ တင်ပြရပါတယ် ခင်ဗျာ့။

အားလုံး ကျန်းမာ ၊ ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ ခင်ဗျာ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..