
လက္ခဏာ လမ်းကြောင်းများသည် လက်ဝါးပြင်တွင် တစ်ခုနှင့်တစ်ခု မတူကြချေ။
တချို့မှာ အဓိက လမ်းကြောင်းသုံးကြောင်းထက် ပိုပါရှိပြီး တချို့မှာ အဓိက လမ်းကြောင်းနှစ်ကြောင်းသာပါရှိသည်။ လမ်းကြောင်းငယ်များသည် ပေါ်လိုက်မြုပ်လိုက်ဖြစ်နေကြသည်။ အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာခါနီးမှ ပေါ်လာပြီး၊ ပြီးသွားသည့်အခါ ပြန်မြုပ်သွားလေ၏။
လက္ခဏာလမ်းကြောင်းများသည် လူတိုင်းအပြစ်အနာအဆာကင်းစင်စွာမရှိကြပေ။
လမ်းကြောင်းများ အမည်းရောင်ရှိလျှင် မာနကြီးမည်။ မောက်မာမည်။ ခွင့်မလွတ်တက်၊ အငြိုးကြီးမည်။
ဖျော့တော့မှုရှိလျှင် လိမ်လည်မည်၊ သစ္စာမဲ့ ခန္ဓာကိုယ်အင်အားနည်းမည်။ ဝါသောအရောင်ရှိလျှင် ဝမ်းနည်းတက်သည့် ညာဉ်ရှိသည်။ စိတ်ထိခိုက်လွယ်မည်။ ဆီးရောဂါဖြစ်တက်သည်။ မာနကြီးပြီး သူတစ်ပါးနှင့် အရောတဝင်မလုပ်တက်ချေ။
နီသောအရောင်ရှိသူသည် စိတ်တို၊ စိတ်မြန်၊ စိတ်ထက်မြက်မှုရှိမည်။ ဒေါသထွက်လွယ်မည်။ မျှော်လင့်ချက်ရှိသူဖြစ်ပြီး စိတ်ချယုံကြည်ရသူဖြစ်သည်။
ဦးနှောက်အား များများသုံးသည့်သူ၏လက်တွင် လမ်းကြောင်းများများမတွေ့ရ။
ခန္ဓာအင်အားသုံး၍ ဦးနှောက်အားသိပ်မသုံးသူသည် လမ်းကြောင်းနည်းမည်။
၁။ အသက်လမ်းကြောင်း
၂။ အင်္ဂါလမ်းကြောင်း
၃။ ဉာဏ်လမ်းကြောင်း
၄။ နှလုံးလမ်းကြောင်း
၅။ ကံလမ်းကြောင်း
၆။ အောင်မြင်ရေးလမ်းကြောင်း
၇။ ကျန်းမာရေးလမ်းကြောင်း
ဘယ်/ညာ လက်များတွင် ပါသည့်လမ်းကြောင်းများ
ညာ - ဘာတွေလုပ်ခဲ့ပြီး မည်သို့ဖြစ်နေဆဲနှင့် နောင်ဘာတွေဖြစ်မည်လဲဆိုတာကို ဖော်ပြသည်။ (ပစ္စုပ္ပန်ကံ)
ဘယ် - ဘဝလမ်းကြောင်း၏ ပုံကြမ်းဖော်ပြသကဲ့သို့ မိဘမျိုးရိုး၊ ဗီဇနှင့် ပင်ကိုစွမ်းရည်ကိုဖော်ပြသည်။ အတိတ်ကံအကြောင်းတရားများကိုလည်း ဖော်ပြသည်။ (အတိတ်ကံ)
ယောကျ်ား ညာ - ပစ္စုပ္ပန်ကံ၊ ဘယ် - အတိတ်ကံ။
မိန်းမ ဘယ်-ပစ္စုပ္ပန်ကံ၊ ညာ - အတိတ်ကံ။
လမ်းကြောင်းကောင်းများသည် ထင်ရှားပြတ်သားမည်။ ကျယ်ကားခြင်းမရှိ။ အရောင်ဖျော့တော့မှုံဝါးခြင်းမရှိ။
အရောင်ဖျော့တော့သောလမ်းကြောင်းများသည် ကျန်းမာရေးကင်းမဲ့ပြီး ခွန်အား၊ စိတ်ဓာတ်၊ ဆုံးဖြတ်နိုင်ခြင်းကင်းမဲ့၏။
အသက်လမ်းကြောင်းမှအပ ကျန်လမ်းကြောင်းများတွင် ခွကလေးများဖြစ်နေပါက ထိုလမ်းကြောင်းအတွက် စွမ်းအားကောင်းစေ၏။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope