မတ် ၁၇ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-03-17

တနင်္ဂနွေ - ကျန်းမာရေးရော ကိုယ်ရေးကိုယ်တာကိစ္စတွေမှာပါ ကံနိမ့်နေတတ်တယ်။ လူလည်း နေရထိုင်ရတာ မလန်းဘဲ စိတ်တွေ လေးနေတတ်တယ်။ တစ်ခုခုဆိုရင် သူများထက် နောက်ကျပြီး နောက်ကောက်ကျန်မယ်။ အလုပ်မှာ စိတ်အနှောင့်အယှက် ဖြစ်ရတာ၊ ပူပန်ရတာတွေ များလာမယ်။ အစိုးရကိစ္စတွေ အဆင်မပြေနိုင်ဘဲ ကြန့်ကြာမယ်။ ငွေအတွက် စကားများရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ဝင်စားမှု နည်းနေမယ်။  ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ တောင်းရမ်းသူတစ်ဦးကို အားဖြည့်အချိုရည် ပေးကမ်းပါ။ တစ်နေ့တာအကျိုးပေးဂဏန်းက ၂၁, ၉၀ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က နက်ပြာနဲ့ အဖြူ ဖြစ်တယ်။

ညံ့

တနင်္လာ - ဒီနေ့မှာ တက်ကြွလန်းဆန်းလွယ်သလို စိတ်လည်း မြန်၊ လက်ကလည်း သွက်နဲ့ ဖြစ်နေတတ်တယ်။ အလုပ်အကိုင် ကံဇာတာ ကောင်းပြီး ငွေကြေးအရလည်း စိတ်တိုင်းကျ ကျေနပ်မှု ရမယ်။ ဒါပေမယ့် အစိုးရကိစ္စ အာဏာပိုင်နဲ့ ဆက်စပ်တဲ့ကိစ္စတွေမှာ အမှားအယွင်း မဖြစ်အောင် သတိပြုရမယ်။ ဥပဒေလမ်းကြောင်းပြင်ပက အလုပ်တွေကို လုံးဝ ရှောင်ရမယ်။ အလုပ်မှာ ကံကောင်းနိုင်တယ်။ မေတ္တာရေးမှာလည်း ကြည်နူးစရာဖြစ်မယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံသုပ် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၀ နဲ့ ၂၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ အဖြူဖျော့ရောင် ဖြစ်တယ်။

သင့်

အင်္ဂါ - ကံဇာတာ တက်မယ့်နေ့ ဖြစ်တယ်။ အတိုက်အခံတွေ ရှိပေမယ့် ကိုယ်လိုချင်တာတွေ ဖြစ်လာနိုင်တယ်။ ကြံစည်လုပ်ကိုင်သမျှ အတော်များများလည်း အောင်မြင်တတ်တယ်။ အခု လက်ရှိနေရာအပြင် ဒီထက် ပိုပြီး ကောင်းမွန်တဲ့ နေရာ၊ ဌာန အပြောင်းအလဲမျိုး ပေါ်လာတတ်တယ်။ ပြောင်းဖြစ်ရင်လည်း ပိုကောင်းလိမ့်မယ်။ ငွေကြေးရလမ်းတွေ ပေါ်လာမယ်။ ဝင်ငွေ တိုးမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မကျေလည်စရာ ဖြစ်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၉ နဲ့ ၄၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ အနက်ရောင် ဖြစ်တယ်။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - လုပ်ချင်တာလေးတွေ လုပ်ခွင့်ရမယ့်နေ့ ဖြစ်တယ်။ ပျော်ရွှင်ကျေနပ်စရာလေးတွေ ကြုံတွေ့ရလိမ့်မယ်။ ရပ်နီးရပ်ဝေးက အဆက်အသွယ်တွေနဲ့ ပြန်ချိတ်မိမယ်။ ကိုယ့်အတွက် အကျိုးရှိမယ့်သတင်းတွေ ကြားသိမယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ရတတ်တယ်။ အလုပ်မှာ စိတ်ရှုပ်စရာတွေ များနေမယ်။ လုပ်ချင်တာတွေ တစ်ဝက်တစ်ပျက် ဖြစ်လိမ့်မယ်။ ငွေအဝင် တန့်မယ်။ မေတ္တာရေးမှာ ဆူပူစကားများလိမ့်မယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သောက်တော်ရေ ၄ ခွက် ကပ်လှူရမယ်။ တစ်နေ့တာအကျိုးပေးဂဏန်းက ၄၅ နဲ့ ၄၂ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းနဲ့ အဖြူ ဖြစ်တယ်။

သင့်

ရာဟု - ဒီနေ့ အလုပ်အကိုင်၊ စီးပွားရေးက အတက်အကျတွေ သိပ်မြန်လိမ့်မယ်။ ခုအကောင်း၊ တော်ကြာမှာ အဆိုး ဖြစ်နေလိမ့်မယ်။ ကိုယ်တိုင်က သေချာပြင်ဆင် လုပ်ကိုင်တဲ့ကြားက အလုပ်မှာ အခက်အခဲလေးတွေ မကြာခဏ ပေါ်လာမယ်။ ငွေစာရင်းလွဲတာ၊ အတွက်အချက် မှားတာ၊ မလိမ့်တပတ် လှည့်ခံရတာ ဖြစ်မယ်။ ငွေကြေးကံ အတော်သင့် ကောင်းမွန်နိုင်တယ်။ နှလုံးသားရေးမှာ တပါးသူ ကြားဝင် နှောင့်ယှက်တတ်တယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးတိုင် ၇ တိုင် ပူဇော်ရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၈၈ နဲ့ ၄၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အညိုရောင်နဲ့ အဖြူစပ် ဖြစ်တယ်။

သင့်

ကြာသပတေး - ဒီနေ့မှာ ခေါင်းခဲစရာပြဿနာတွေ ပေါ်လာတတ်တယ်။ သူများကိစ္စတွေ၊ သူများပြဿနာတွေ ဝင်ရှင်းရတတ်ပြီး ကြားညပ်သလိုလည်း ဖြစ်မယ်။ အလုပ်တွေလည်း အကောင်းအဆိုးလေးတွေ ဒွန်တွဲမယ်။ မရေမရာနဲ့ မှန်းဆ လုပ်ကိုင်နေရတတ်တယ်။ ငွေကြေအရလည်း သိပ်စိတ်တိုင်းမကျဘဲ ဖြစ်မယ်။ တစ်နေ့တာ ဘယ်ကိစ္စမဆို ဆုံးဖြတ်ချက်တွေ လွဲနေတတ်တယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ အဆင်ပြေတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံချက် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၃ နဲ့ ၉၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ စိမ်းပြာရောင်တွဲ ဖြစ်တယ်။

ညံ့

သောကြာ - ဒီနေ့မှာ ဘာတွေ ဘယ်လိုပဲ စီစဉ်ထားပါစေ ၊ နည်းနည်လေးတော့ လွဲလိုက်ရမှ ဖြစ်နေလိမ့်မယ်။ စိတ်တွေ ဂဏှာမငြိမ်ဘဲ ဟိုဟာလုပ်ချင်၊ ဒါလည်း လုပ်ချင်နဲ့ ဖြစ်နေမယ်။ အသွားအလာတွေလည်း များမယ်။ အိမ်မကပ်ဘဲ ဖြစ်နေမယ်။ အလုပ်အကိုင်ကိစ္စတွေမှာတော့ သူ့ဟာနဲ့သူ အဆင်ပြေမယ်။ အနှောင့်အယှက်လေး နည်းနည်းပါးပါး ရှိပေမယ့် အေးဆေး ဖြတ်ကျော်နိုင်မယ်။ မေတ္တာရေးမှာတော့ ညှိနှိုင်းမရတာလေးတွေ ရှိမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၆ နဲ့ ၆၇ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ မိုးပြာရောင်တွဲ ဖြစ်တယ်။

သင့်

စနေ - ငွေကြေးကိစ္စ၊ အလုပ်ကိစ္စတွေအတွက် အားစိုက်ရမယ့်နေ့ ဖြစ်တယ်။ အလုပ်တွေက အလွယ်တကူနဲ့ အဆင်မပြေဘဲ ခက်ခဲပင်ပန်းရတတ်တယ်။ ရပ်ဝေးမြေခြားအလုပ်တွေတော့ အဆင်ပြေပြီး လမ်းပွင့်လာမယ်။ ငွေတွေ မြုပ်တာ၊ ပြန်ဖော်ရ ခက်တာနဲ့ တောင်းရခက်တာတွေ ကြုံရမယ်။ အလုပ်ကိစ္စ ခရီးတွေ အဆင်မပြေဘဲ လှည့်ပြန်ရတတ်တယ်။ မိတ်ဆွေတွေဆီက အကူအညီ ရမယ်။ နှလုံးသားရေးမှာ ဘေးပယောဂ သတိပြုရမယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဖရုံယို ၅ ခု ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၀ နဲ့ ၁၀ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က နက်ပြာနဲ့ အဝါဖျော့တွေ ဖြစ်တယ်။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..