လာဘ်လာဘတွေ ၊ လောကအရေးတွေမှာ အဆင်ပြေစေမယ့် လိုရာဆန္ဒပြည့်ဝမယ့် ယတြာ
lotaya.mpt.com.mm
|
2023-03-17

မင်္ဂလာပါ…။ အခုတင်ပြမှာကတော့ လူမှုရေး ၊ စီးပွားရေး ၊ လာဘ်လာဘတွေ ၊ လောကအရေးတွေမှာ အဆင်ပြေစေမယ့် လိုရာဆန္ဒပြည့်ဝမယ့် ယတြာအစီအစဉ်လေးပဲ ဖြစ်ပါတယ်။ ဒီနည်းလေးကတော့ ဒီလစဉ်အလိုက် အဓိဌာန်နဲ့ဝင်ပြီးတော့ ကျင့်ရမယ့် နည်းစနစ်လေးလည်း ဖြစ်ပါတယ်။

အဲဒီတော့ လောကမှာ မိမိတို့ရဲ့ စီးပွားရေး ၊ ကြီးပွားရေးတွေ ၊ လုပ်ငန်းတွေ ဒီဘက်ကာလတွေမှာ အခက်အခဲတွေများတတ်ပါတယ်။ ဒါကြောင်မို့လို့ ဒီလိုအခက်အခဲတွေ များတဲ့အခါမှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မတွေကိုလည်းပဲ တစ်ဖက်တစ်လှမ်းက ရွတ်ဆိုပွားများသလိုပဲ ရွတ်ဆိုပွားများတဲ့ ကုသိုလ်အနေနဲ့လည်းပဲ ရအောင် တစ်ဖက်တစ်လှမ်းကနေပြီးတော့ လောကီရဲ့စည်းစိမ်ချမ်းသာ အထောက်အပံ့အနေနဲ့လည်း ဖြစ်အောင် ပြုလုပ်တဲ့နည်းလေးပဲ ဖြစ်ပါတယ်။

ဒီပြုလုပ်ရမယ့် အဓိဌာန်ယတြာကတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဒီတရားတော်တွေထဲမှာမှ မြတ်စွာဘုရားရဲ့ တရားရဲ့ဂုဏ်တော်ဖြစ်တဲ့ တရားဂုဏ်တော် (၆) ပါးကို ရွတ်ဆိုပွားများတဲ့ နည်းစနစ်လေး ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုရွတ်ရမလဲဆိုရင် ဒီအဓိဌာန်ပြီးတော့ အာရုံပြုပြီးတော့ ကိုယ်က ပူဇော်ရမှာကတော့ တန့်ကြည်တောင်ဘုရားကို ရည်မျှော်ပြီးတော့ ပူဇော်ရမှာ ဖြစ်ပါတယ်။

လောလောဆယ် ဒီယတြာအဓိဌာန်လေးအနေနဲ့ ပြောပြတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ တန့်ကြည်တောင်ဘုရားကို ကိုယ်က အဓိဌာန်သွားပြီးတော့ လုပ်နိုင်ရင် ပိုကောင်းပါတယ်။ လုပ်လို့ရပါတယ်။ တစ်ကယ်လို့ တန့်ကြည်တောင်ဘုရားကို ကိုယ်က မသွားနိုင်ဘူးဆိုလို့ရှိရှိရင်လည်းပဲ ပုံတော်ကို မိမိအိမ်မှာ ထားပြီးတော့မှ အဓိဌာန်ဝင်လို့ရပါတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်းဘဲ ကိုယ်က တန့်ကြည်တောင်ဘုရားကို လှမ်းပြီးတော့ မျှော်မှန်းပြီးတော့ဘဲ ကိုယ်ကနေပြီးတော့ ပူဇော်လို့လည်းပဲ ရပါတယ်။

အဲဒီတော့ တန့်ကြည်တောင်ဘုရားကို ရည်မှန်းပြီးတော့ ကိုယ်က စိတ်ထဲနှလုံးထဲကနေပြီးတော့ တစ်ကယ်ကို ပူဇော်ရမှာ ဖြစ်ပါတယ်။ ပူဇော်တဲ့အခါမှာ တရားဂုဏ်တော် (၆) ပါးကို ကိုယ်က ရွတ်ဖတ်ပွားများရမှာ ဖြစ်ပါတယ်။ အဲဒီတော့ တရားဂုဏ်တော် (၆) ပါးကို ကိုယ်က ပုတီးအဓိဌာန် (၉) ပတ်ကိုပဲဖြစ်ဖြစ် (ဒါမှမဟုတ်) တတ်နိုင်လို့ချင်ရင် (၂၇) ပတ် ၊ တတ်နိုင်လို့ရင် (၄၅) ပတ် အဲလိုအားဖြင့် တတ်နိုင်လို့ရှိရင် တစ်လတိတိကို အဓိဌာန်ဝင်ရမှာ ဖြစ်ပါတယ်။ အဲလိုစိပ်မယ်ဆိုလို့ရှိရှိရင် ပိုပြီးတော့ မိမိတို့ရဲ့ နေ့စဉ်လုပ်ကိုင်ဆောင်ရွက် တဲ့ကိစ္စတွေမှာ အဆင်ပြေလာမှာ ဖြစ်ပါတယ်။ ဒီအဓိဌာန်ဝင်တာတွေ သတ်မှတ်ချက်နဲ့ ပုတီးစိပ်တာတွေနဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာလေးတွေ ၊ သတိထားရမယ့်အချက်လေးတွေလည်း ပြောပြချင်ပါတယ်။

ကိုယ့်ဘက်က ဒီလိုအဓိဌာန်ဝင်တဲ့အခါမှာလည်း တရားဓမ္မကို ကိုယ်ကတစ်ကယ် ဒီ တရားဂုဏ်တော် (၆) ပါးကို ကိုယ်က ရွတ်ဖတ်ပွားများတယ်ဆိုရင်လည်းပဲ တရားဂုဏ်တော် (၆) ပါးနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ကို ကိုယ်က လေးလေးနက်နက်နဲ့ စဉ်းစားပြီးတော့ ပွားများရမှာ ဖြစ်ပါတယ်။

အဲဒီတော့ ပုတီး (၉) ပတ်ဘဲ စိပ်နိုင်တယ်ဆိုရင်လည်း ဒီ (၉) ပတ်ထဲမှာမှ

" သွာက္ခာတော ဘဂဝတော ဓမ္မော

  သန္ဒိဋ္ဌိကော

  အကာလိကော

  ဧဟိပဿိကော

  သြပနေယျိကော

  ပစ္စတ္တံ သေဒိတဗ္ဗော ဝိညူဟိ"ဆိုပြီးတော့  အဲလိုပွားများတဲ့အခါမှာလည်းဘဲ စိတ်ထဲကနေပြီးတော့ "သွာက္ခာတော - ကောင်းစွာဟောကြားထားတော်မူတဲ့ မြတ်စွာဘုရားရဲ့တရားတော်တွေ " စသဖြင့် ဒီတရားဓမ္မတွေရဲ့ တရားဂုဏ်တော် (၆) ပါးရဲ့ အဓိပ္ပာယ်တွေကစပြီးတော့ လေးလေးနက်နက်နဲ့ မိမိ ရွတ်ဖတ်ပွားများရမှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ စီးပွားလာဘ်လာဘတွေ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေအောင် အထောက်အပံ့ဖြစ်အောင် အဓိဌာန်ဝင်တဲ့အခါမှာလည်းပဲ တစ်ကယ့်ကို အဓိဌာန်ဝင်နေတဲ့အချိန်မှာ ပုတီးစိပ်နေတဲ့အချိန်မှာ လိုချင်သောကကို မထားဘဲနဲ့ တကယ့်ကို တရားဂုဏ်တော် (၆) ပါးရဲ့ ဂုဏ်ရည်ကို ရင်ထဲနှလုံးသားထဲရောက်အောင် ရွတ်ဖတ်ပွားများပြီးတော့ အဓိဌာန်ဝင်မယ်ဆိုလို့ရှိရင် မိမိတို့ ရှိလိုအပ်တဲ့အကျိုးကို တည်စေမှာ ဖြစ်ပါတယ်။

အားလုံး ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..