မတ် ၂၄ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-03-24

တနင်္ဂနွေ - အချိန်အတော်ကြာ စောင့်မျှော်နေတာတွေ ဖြစ်မြောက်လာမယ်။ ရပ်ဝေးမြေခြားက အကူအညီတွေ ရတတ်တယ်။ ကြိုးစားအားထုတ်ခဲ့တာတွေ လမ်းကြောင်းပေါ် ရောက်လာမယ်။ အကြီးအကဲ၊ မိတ်ဆွေတွေက ကိုယ့်ဘက်က ရပ်တည်အားပေးမယ်။ အစိုးရကိစ္စတွေ ဆောင်ရွက်ရင် အဆင်ပြေလွယ်ကူမယ်။ အလုပ်အကိုင် စီးပွားရေးမှာလည်း အတော်လေး အခြေအနေ ကောင်းမယ်။ မေတ္တာရေးမှာတော့ စိတ်ညစ်ညူးစရာ များမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အလင်းတိုင် ၉ တိုင် ပူဇော်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၇ နဲ့ ၁၀ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီနဲ့ အဖြူဆွတ်ဆွတ် ဖြစ်တယ်။

သင့်

တနင်္လာ - ကိုယ့်တစ်ယောက်တည်းဆိုရင် အကောင်း ဖြစ်ပြီး သူများတွေနဲ့ ပေါင်းလိုက်မှ အညံ့ ဖြစ်တတ်တယ်။ မိတ်ဆွေရင်းချာတွေ အချင်းချင်း အမြင်မကြည် ဖြစ်တတ်တယ်။ လူလိမ်လူညာတွေနဲ့ တိုးမိတတ်တယ်။ ဒီနေ့ အလုပ်ကိစ္စမှာ အခက်အခဲတွေနဲ့ လုံးပန်းပြီးမှ အဆင်ပြေသွားတတ်တယ်။ ငွေကြေးကိစ္စ စကားများရတာမျိုးပါ ဖြစ်တတ်တယ်။ ခရီးကောင်းတွေ သွားရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်သောက ဖြစ်နေမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ကလေးငယ်တွေကို မုန့်ကျွေးပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၇ နဲ့ ၉၀ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ငွေရောင်နဲ့ အပြာရင့်ပဲ ဖြစ်တယ်။

သင့်

အင်္ဂါ - အလိုလိုနေရင်း စိတ်တိုလွယ်၊ ဒေါသထွက်လွယ်နေတတ်တယ်။ သည်းခံစွမ်း အားနည်းနေလို့ ဒီနေ့မှာ စိတ်လျှော့သင့်တာ လျှော့ပစ်ရမယ်။ အခန့်မသင့်ရင် ရန်ပွဲတွေ၊ ပြဿနာတွေထဲ ကြားညပ်မိမယ်။ အလကားနေ စွပ်စွဲ တိုက်ခိုက်တာတွေလည်း ခံရတတ်တယ်။ အလုပ်တွေလည်း ဟုတ်မလိုလိုနဲ့ မရေရာမသေချာဘဲ ဖြစ်မယ်။ ငွေကြေးကိစ္စမှာ ဝေ့လည်နေပြီး ကြန့်ကြာတတ်တယ်။ မေတ္တာရေးမှာတော့ ကံထူးမယ်။ ကူညီပံ့ပိုးမှု ရရှိမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ စိတ်ကျန်းမာရေးမကောင်းသူကို စားစရာ လှူပေးရမယ်။ အကျိုးပေးဂဏန်းက ၇၁ နဲ့ ၀၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါရင့်နဲ့ အပြာဖျော့ပဲ ဖြစ်တယ်။

ညံ့


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - ဘေးပတ်ဝန်းကျင်ရဲ့အကူအညီတွေ ရလွယ်တဲ့နေ့ ဖြစ်တယ်။ ကိုယ်တိုင် ကြိုးစားလို့ အဆင်မပြေရင် မိတ်ဆွေတွေက ပံ့ပိုးကူညီလိမ့်မယ်။ ခရီးကိစ္စတွေ ပေါ်လာတတ်တယ်။ သွားလို့လာလို့လည်း ကောင်းလိမ့်မယ်။ အလုပ်မှာ စိတ်ရှုပ်စရာလေးတွေ ဖြစ်တတ်ပေမယ့် သူ့ဟာနဲ့သူတော့ လမ်းဖြောင့်နေမယ်။ ငွေဝင်တာတွေလည်း ရှိမယ်။ ကိုယ်တိုင်က စိတ်များနေတာမျိုး ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဖုအထစ်တွေ များနေမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်ကြက်ဥကြော် လှူရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၂၄ နဲ့ ၄၁ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ လိမ္မော်ရောင် ဖြစ်တယ်။

သင့်

ရာဟု - ဒီတစ်နေ့လုံး စိတ်လေသလို ဖြစ်နေပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိ ဖြစ်နေမယ်။ ရည်ရွယ်ထားတာ နဲ့ ဖြစ်လာတာတွေ လွဲချော်မယ်။ စိတ်ကူးပဲ များနေပြီး လက်တွေ့မှာ အားနည်းနေမယ်။ အလုပ်အကိုင်ကိစ္စမှာ ကိုယ့်ဘက်က အားထုတ်မှု သိပ်မရှိဘဲ လမ်းကြောင်းသင့်ပြီး အဆင်ပြေမယ်။ ငွေဝင်လမ်းလည်း ပုံမှန် ရှိမယ်။ ဒါပေမယ့် ကျန်းမာရေးတော့ နည်းနည်း ညံ့မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မသင့်မမြတ် ဖြစ်လွယ်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးတိုင် ၇ တိုင် ပူဇော်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၉ နဲ့ ၂၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က မရမ်းရောင်နဲ့ အညိုဖျော့ ဖြစ်တယ်။

သင့်

ကြာသပတေး - ကိုယ်စိတ်နှစ်ပါး အကျဉ်းအကျပ် ဖြစ်တတ်တယ်။ အားနာစရာတွေ၊ ပြောဆိုရ ခက်တာတွေနဲ့ ကြုံရတတ်တယ်။ ဒါပေမယ့် တချိန်တည်းမှာ ငွေကြေး (သို့) စားစရာ၊ လက်ဆောင်တွေ ရတတ်တယ်။ ဒီနေ့မှာ မိတ်ဆွေတွေ၊ အကြီးအကဲတွေကလည်း ကိုယ့်အပေါ် ကောင်းနေလိမ့်မယ်။ အလုပ်မှာ အကြံအစည် ပျက်တာ၊ တေ့လွဲ လွဲတာတွေ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စ ခက်ခဲတတ်တယ်။ မေတ္တာရေးမှာ ဆိုးကောင်း ယှဉ်နေမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံဟင်းခါး ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၅၂ နဲ့ ၁၀ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါနုရောင်၊ အဖြူရောင် ဖြစ်တယ်။

သင့်

သောကြာ - တစ်နေ့တာအတွင်း ကျန်းမာရေး၊ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ အားနည်းချက် များတတ်တယ်။ လုပ်ချင်တာ လုပ်လို့ မရဘဲ အပင်ပန်းခံရတာပဲ အဖတ်တင်တတ်တယ်။ လုပ်နေတာတွေကလည်း အလွဲအချော် များမယ်။ အကြံအစည်တွေ ပျက်ပြီး စိတ်ကုန်သလို ဖြစ်တတ်တယ်။ အလုပ်ကိစ္စမှာ အတိုက်အခိုက် များမယ်။ ငွေအတွက် စကားများငြင်းခုံရတာတွေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ကသိကအောက် ဖြစ်မယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီမှာ သန့်ရှင်းရေး လုပ်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၀ နဲ့ ၄၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က စိမ်းပြာနဲ့ အနက်ရောင်ပဲ ဖြစ်တယ်။

ညံ့

စနေ - မျှော်လင့်စောင့်စားနေတဲ့ကိစ္စတွေ ဖြစ်မြောက်လာတတ်တယ်။ အထူးသဖြင့် အလုပ်ကိစ္စမှာ အချိန်ကြာ ကြိုးစားခဲ့တာတွေ အခွင့်အလမ်း ပေါ်မယ်။ စီးပွားရေးမှာလည်း အခြေအနေ ကောင်းမယ်။ ငွေကြေးကံဇာတာ မြင့်မားမယ်။ ဝင်ငွေ တိုးပွားရရှိတတ်တယ်။ လူကြီးသူမတွေကလည်း စောင့်ရှောက်မယ်။ သူများကိစ္စတွေနဲ့ အချိန်ကုန်ခံတာမျိုး ရှောင်ရမယ်။ ရန်များတတ်တယ်။ မေတ္တာရေးမှာ ကံကောင်းမယ်။ ပျော်ရွှင်စရာ ဖြစ်မယ်။ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ အကြီးအကဲတစ်ဦးကို စားချင်တာကျွေးပြီး ဆုတောင်းရမယ်။ အကျိုးပေးဂဏန်းက ၁၁ နဲ့ ၁၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ရွှေရောင်နဲ့ စိမ်းနုရောင် ဖြစ်တယ်။

ကောင်း

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..