အသက်လမ်းကြောင်းစတင်သော နေရာများ အပိုင်း (၂)
lotaya.mpt.com.mm
|
2023-03-28

အသက်လမ်းကြောင်းအား ကာယလမ်းကြောင်း၊ သန်စွမ်းမှု လမ်ကြောင်းဟုခေါ်ကြသည်။ အသက်လမ်းကြောင်းသည် သုံးလသားအရွယ်တွင် ပေါ်လာပြီး အသက်ဓာတ်ပေါ်လာ သည်ဟုဆိုပါသည်။ ကလေးငယ်ငယ်ဖြင့် အသက်လမ်းကြောင်း ထင်လင်းနေပါက ကလေး၏ ကျန်းမာရေး၊ နေထိုင်ရေး၊ အဆင်ပြေသည်။ အထူးသဖြင့် မိဘများ၏ကျန်းမာရေးနှင့် အလုပ်အကိုင်ကောင်းမွန်နေတက်ပါသည်။

အသက်လမ်းကြောင်းစတင်ပုံ


(၂) အသက်လမ်းကြောင်းသည် သောကြာဂြိုဟ်ခုံကိုဝိုက်၍အဆုံးသတ်သော် အသက်ဓာတ်အားကောင်မည်။ ရိုးရိုးအေးအေးနေလိုသည်။ မိမိမွေးဖွားရာဇာတိ၌သာ ဘဝအဆုံးသတ်မည်။ ဝဲ/ယာနှစ်ဖက်စလုံးပါရှိသော် မိဘမျိုးရိုးလုပ်ငန်းများနှင့် ကြီးပွားတိုးတက်မည်။ အသက်ရှည်မည်။

(၃) အသက်လမ်းကြောင်းသည် တနင်္လာဂြိုဟ်ခုံ၌အဆုံးသတ်သော် အလွန်ဝေးလံသောအရပ်၊ နိုင်ငံခြား၌နေထိုင်ရမည်။ စိတ်ရှိတိုင်းခရီးသွားရမည်။ ဘဝရပ်တည်မှု၊ အလုပ်အကိုင်စိတ်ရှိတိုင်း ပြောင်းလဲလိမ့်မည်။ ဝေးလံသောအရပ်၌ဘဝကိုအဆုံးသတ်ရလိမ့်မည်။

ရေကြောင်း၊ သင်္ဘော၊ ရေနှင့်ရေထွက်ပစ္စည်းများဖြင့် အကျိုးပေးမည်။

(၄) အသက်လမ်းကြောင်းသည် နှစ်ခွအဆုံးသတ်သော် အိမ်နှစ်အိမ်၊ နိုင်ငံနှစ်နိုင်ငံ ခွ၍နေထိုင်ရတက်သည်။ တနင်္လာဂြိုဟ်ခုံဘက်သို့ ထွက်သောလမ်းကြောင်းသည်ထင်ရှားပါက နိုင်ငံခြားတွင်အပြီးနေထိုင်ရတက်သည်။ သောကြာဂြိုဟ်ခုံဘက်ဝိုက်သောလမ်ကြောင်းသည် ထင်ရှာပါက မိမိမွေးရပ်မြေ၌ပြန်၍ အဆုံးသတ်ရတက်သည်။ 

(၅) အသက်လမ်းကြောင်းအတွင်းဘက်တွင် ရှိသောလမ်းကြောင်းငယ်ပါရှိသော လက္ခဏာရှင်သည်လျှို့ဝှက်သောဘဝမှာ အချစ်တစ်ခုကို တည်ဆောက်ထားမှုရှိမည်။ နီးစပ်သောသူနှင့် သံဘောဇဉ်ဖွဲ့မှုရှိမည်။ ယင်းအသက်ပိုင်းကာလတွင် နောက်ထပ်အိမ်တစ်လုံး၊ အလုပ်တစ်ခုရှိတက်ပါသည်။

(၆) အသက်လမ်းအဆုံးတွင် တြိဂံရှိသော လက္ခဏာရှင်သည် သံတမန်ရေးရာကိစ္စများအောင်မြင်မည်။ သိပ္ပံနည်းကျကျပြဿနာများ ဖြေရှင်းနိုင်သူဖြစ်သည်။ တစ်ချိန်ချိန်တွင် သတင်းမီဒီယာများ၏ စိတ်ဝင်စားမှုကို ခံရမည့်သူဖြစ်သည်။


(၇) အသက်လမ်းကြောင်းသည် ပန်းပွားများနှင့် အဆုံးသတ်နေပါက လက္ခဏာရှင်သည် အသက်ကြီးမှ ကျန်းမာရေးအထူးညံ့ပြီး ချူချာပြီး ဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်ရတက်ပါသည်။

(၈) အသက်လမ်းကြောင်းသည် အရှေ့ပိုင်းတွင် ကျွန်းသဏ္ဌာန်သံကွင်းဆက်သဏ္ဌာန်ရှိပြီးနောက်ပိုင်းတွင် အသက်လမ်းကြောင်းအား ကောင်းလာပြီး အပြစ်အနာအဆာကင်းသော် လက္ခဏာရှင်သည် နာတာရှည်ရောဂါဖြစ်ပြီးမှ ပြန်လည်ကောင်းမွန်လာမည်။ ငယ်စဉ်ကလေးဘဝချို့ငဲ့မှုရှိပြီး ကြီးလျှင်ကောင်းမွန်လာပါမည်။

(၉) အသက်လမ်းကြောင်းကို ကပ်တွယ်လျက် သောကြာဂြိုဟ်ခုံပေါ်တွင် ကြယ်သဏ္ဌာန်သို့မဟုတ် ကြက်ခြေပါရှိသော မိတ်ဆွေ၊ ဆွေမျိုး၊ မိန်မများအတွက်ကြောင့် ဒုက္ခရောက်ရတက်သည်။

(၁၀) အသက်လမ်းကြောင်းတိုနေသော်လည်း ဘေးမှကံကြမ္မာလမ်းကြောင်းရှိနေသော် အသက်ကို ဒါန၊ သီလ၊ ဘာာဝနာပွားများနိုင်မှသာ ကံကောင်းပြီး အသက်ရှည်နိုင်ပါသည်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..