
လူတစ်ယောက်အဖြစ် လူ့ဘဝရောက်ရှိလာသောအခါ စိတ်ခွန်အား၊ အသိဉာဏ်ဆင်ခြင်တုံတရားသည် လူတစ်ဦးတစ်ယောက်ရှိသင့်သည်။ ကိုယ်ပိုင်ဉာဏ်စွမ်းပကား၊ အသိတရား၊ စိတ်ဓာတ်ခွန်အားကြီးမားပြီး ဉာဏ်လမ်းကြောင်းသန့်ရှင်း ကောင်းမွန်နေလျှင် စိတ်ကူးစိတ်သန်းအာရုံခံစားမှု၊ တီထွင်ကြံဆမှု၊ အကင်းပါးသူ ဖြစ်သည်။ ဉာဏ်လမ်းကြောင်းသည် အလယ်မှနေ၍ ဉာဏ်လမ်းကြောင်း မေတ္တာလမ်းကြောင်းတို့ကို ထိန်းသိမ်း Control လုပ်ထားခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကိုလည်း ယင်းလမ်းကြောင်းက ထိန်းသိမ်းထားသည်။ အသက်ဉာဏ် စောင့်ဆိုသည့်အတိုင်း ကိုယ့်အသက်ခန္ဓာထိန်းသိမ်းဖို့ ဘယ်လိုစားမယ်၊ ဘယ်လိုနေမယ် စသဖြင့် ဒီဉာဏ်လမ်းကြောင်းကပဲပြုပေးတယ်။ ဒါကြောင့် တရုတ်လက္ခဏာ ဆရာများက Body Line လို့ခေါ်တယ်။ Body တစ်ခုလုံးကို ထိန်းသိမ်းထားရလို့လေ။ ဦးခေါင်း၏သဘာဝသည် ရှုပ်ထွေးလှသည်။
လက္ခဏာ လမ်းကြောင်းများမှ ဉာဏ်လမ်းကြောင်း အကြောင်း အပိုင်း (၂)

၆။ ဉာဏ်လမ်းကြောင်းသည် တနင်္ဂနွေဂြိုဟ်ခုံအောက်တွင် အဆုံးသတ်နေလျှင် တွေးခေါ်ဉာဏ်ရည်ဖွံ့ဖြိုးမည်။ စိတ်ဆန္ဒအင်အား မျှတမည်။ အနာဂတ်အရေးတွေးခေါ်တက်သည်။
၇။ ဉာဏ်လမ်းကြောင်းသည် ဗုဒ္ဓဟူးဂြိုဟ်ခုံတွင် အဆုံးသတ်နေပါက စိတ်ဆန္ဒအားကောင်းမည်။ ရင့်ကျက်သော အတွေးအခေါ်ရှိမည်။ ရှေ့အနာဂတ်မျှော်တွေးတက်သည်။
၈။ ဉာဏ်လမ်းကြောင်းသည် နှလုံးလမ်းကြောင်းနှင့်ပူးနေလျှင် သွေးအေးအေးနှင့် ရက်စက်တတ်၊ ငွေကြေးအလွန်မက်မော၊ ကပ်စေးနှဲခေါင်းမာ၊ မဖြစ်မနေကြိုးစားမှုရှိသည်။
၉။ ဉာဏ်လမ်းကြောင်းသည် တနင်္လာဂြိုဟ်ခုံသို့ ငိုက်ဆင်းနေလျှင် စိတ်ကူးယဉ်နယ်ပယ် မျောနေသူဖြစ်မည်။ လေထဲတိုက်ဆောက်သူ ဖြစ်မည်။ ကြိုတင်သိမြင်နိုင်သော ဉာဏ်မျိုးရှိမည်။

၁၀။ ဉာဏ်လမ်းကြောင်းသည် စနေဂြိုဟ်ခုံသို့ ကော့တက်ဖောက်နေလျှင် (အသက်ငယ်စဉ်သေဆုံးတက်သည်၊ စနေဂြိုဟ်ခုံကပေးသော ရောဂါဖြစ်မည်) ဦးနှောက်သွေးကြောပြတ်တတ်သည်။ သွက်ချာပါဒ ရောဂါဖြင့် သေဆုံးတက်သည်။
၁၁။ ဉာဏ်လမ်းကြောင်းသည် ကြယ်သဏ္ဍာန် အဆုံးသတ်ပါက ဦးခေါင်းပိုင်းလေသင်ဓုန်းရောဂါဖြစ်တက်သည်။
၁၂။ ဉာဏ်လမ်းကြောင်းသည် တနင်္ဂနွေသို့ကော့တက်နေသော် တနင်္ဂနွေဂြိုဟ်ခုံနှင့် ပတ်သက်သည့် အတွေးအခေါ်ကောင်းမည်။ အတီးအမှုတ်အကအခုန်အနုပညာဝါသနာပါတက်သူဖြစ်မည်။
၁၃။ ဉာဏ်လမ်းကြောင်းသည် ဗုဒ္ဓဟူးဂြိုဟ်ခုံသို့ ကွေးနေလျှင် လက်မှုပညာ ကူူးသန်းရောင်းဝယ်မှု ပြုလုပ်သူဖြစ်မည်။ အနုပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်မည်။
၁၄။ ဉာဏ်လမ်းကြောင်းတွင် သံကွင်းဆက်များရှိနေသော်လည်း လက္ခဏာရှင်သည် ကိစ္စဟူသမျှ ခေါင်းထဲတွင် ထည့်ထားနေမည်။ စိတ်များနေမည်။ ဦးနှောက်၊ စိတ်၊ ရူးသွပ်သောဝေဒနာများ ခံစားရတတ်သည်။ စိတ်မခိုင်မာ၊ သတိမေ့၊ ခေါင်းမူး၊ ခေါင်းကိုက်တက်ပါသည်။
၁၅။ ဉာဏ်လမ်းကြောင်းပြတ်လတ်နေပါက လက္ခဏာရှင်သည် ခေါင်းကိုထိခိုက်တတ်သည်။ ခေါင်းကိုက်ရောဂါ၊ စိတ်ဝေဒနာခံစားရတတ်သည်။ ထိုဝေဒနာများကြောင့် သေဆုံးတတ်သည်။ နှလုံးသားရေးရာကိစ္စ စိတ်သောကရောက်ရတတ်သည်။ အိမ် မကြာခဏပြောင်းရတတ်ပါသည်။
၁၆။ ဉာဏ်လမ်းကြောင်းပေါ်တွင် ကျွန်းပါသော် လက္ခဏာရှင်သည် ဦးနှောက်နှင့်ဆိုင်သော ရောဂါ၊ အာရုံကြောနည်းသောရောဂါ၊ စိတ်ဝေဒနာ ခံစားတက်ပါသည်။ အလုပ်အလွန်များသူဖြစ်မည်။ မိမိစွမ်းနိုင်ရည်ထက် အလုပ်ကိုပိုလုပ်မိ၍ ဦးနှောက်နှင့် ဆိုင်သော ရောဂါများ ခံစားရတတ်ပါသည်။
၁၇။ ဉာဏ်လမ်းကြောင်းပေါ် ဗုဒ္ဓဟူးဂြိုဟ်ခုံအောက်တွင် တြိဂံရှိသော် လက္ခဏာရှင်သည် ရှာဖွေတီထွင်သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ လောကကြီးအတွက် အသစ်ဆန်းများကို ရှာဖွေ ထုတ်ဖော်ပေးလိုသောဆန္ဒ ရှိသူတစ်ဦးဖြစ်သည်။
၁၈။ ဉာဏ်လမ်းကြောင်းပေါ်တွင် စတုဂံကွက်ရှိသော် လက္ခဏာရှင်၏ အနာဂတ်ဖြစ်ပေါ်လာမည့် ကံကြမ္မာဆိုးများကို ကာကွယ်ပေးထားခြင်းဖြစ်သည်။ ကံကောင်းခြင်းကို လက်ခံသိမ်းဆည်းထားမှု ရှိမည်။ ကြိုတင်သိမြင်နိုင်သော ဉာဏ်အားဖြင့်လည်း အနာဂတ် ကံကြမ္မာဆိုးများကို ကာကွယ်နိုင်သူဖြစ်သည်။
၁၉။ ဉာဏ်လမ်းကြောင်းနှစ်ထပ် ရှိနေသော် လက္ခဏာရှင်သည် ဉာဏ်အင်အားကြီးမားပြီး ပညာရပ် အသီးသီးကို ကျွန်းကျင်အောင် လေ့လာနိုင်သူဖြစ်သည်။ အတွေးအခေါ်နှစ်မျိုး တွေးတက်သည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope