ခရီးသွားရခြင်းနှင့် လက္ခဏာအဟော
lotaya.mpt.com.mm
|
2023-05-02

လက္ခဏာပညာအားဖြင့် နိုင်ငံခြားခရီး

A။  အသက်လမ်းကြောင်း အားကောင်းဖို့လိုပါ၏

B။  တနင်္လာဂြိုလ်ခုံ မို့မောက်ဖို့လိုပါမည်။

C။  အသက်လမ်းကြောင်းမှ တနင်္လာဂြိုလ်ခုံဆီသို့ ခွဲထွက်လာသော လမ်းကြောင်း လခရီးသွားလမ်းကြောင်း B[b၊c] တနင်္လာဂြိုလ်ခုံအမပေါ်တွင် ကန့်လန့်ဖြတ်လမ်းကြောင်းများ

D။  အင်္ဂါအမဂြိုလ်ခုံ

E။  လက်ကောက်တတိယအရစ်ကောင်းမွန်ဖို့လိုပါမည်။

ခရီးသွားလမ်းကြောင်း ရှည်လျှင်ရှည်သလောက် ကြာရှည်နိုင်ငံခြားတွင်နေထိုင်ရပါမည်။ ခရီးသွားသည် နိုင်ငံခြားသွားရမည်ဟုသာ ဖော်ပြပါသည်။ ဘယ်နိုင်ငံလည်းဟု မဖော်ပြပါ။

B[b၊c]ခရီးသွားလမ်းကြောင်းက ဘယ်နိုင်ငံကိုသွားမည်ဟု ဖော်ပြပါသည်။

B[b]တနင်္လာဂြိုဟ်ခုံကန့်လန့်ဖြတ်လမ်းကြောင်း ရှိနေသူများသည် အရှေ့ဘက် ထိုင်း၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများနှင့် ကျွန်းနိုင်ငံများဖြစ်သော သြစတေးရီးယား၊ သီဟိုရ်၊ အင်္ဂလန်သွားရတတ်ပါသည်။ တနင်္လာသည် ရေဂြိုလ်ဖြစ်သောကြောင့်ဖြစ်သည်။

D[c]အင်္ဂါဂြိုလ်ခုံအမပေါ်ရှိ ကန့်လန့်ဖြတ်လမ်းကြောင်းများ ရှိသူများသည် ကုန်းတွင်းပိုင်းနိုင်ငံများဖြစ်သော ဂျာမနီ၊ ပြင်သစ်၊ အီတလီ အစရှိသည်များ သွားရတတ်ပါသည်။

 အင်္ဂါဂြိုလ်သည် ကမ္ဘာမြေကြီး၏သားဖြစ်သည်။ ထို့ကြောင့် ကုန်းတွင်းပိုင်းနိုင်ငံများကို ညွှန်ဆိုပါသည်။ အသက်လမ်းကြောင်း [a]သည် အသက်လမ်းကြောင်း[b]ထက်ကြီးပြီး ထင်ရှားနေလျှင် မိမိမွေးရပ်နိုင်ငံ၌သာသေဆုံးရမည်။ [b]က[a]ထက်ကြီးပြီး ထင်ရှားနေလျှင် နိုင်ငံခြား၌ ကြာကြာနေပြီးသေဆုံးရတတ်ပါသည်။

နက္ခတ်ပညာအရ ၁၂ ရာသီအကျိုးပေးနိုင်ငံများ

*******************************

ယခုခေတ် ကွန်ပျူတာဇာတာများ၏ ဇာတာရှင်၏ ဇာတာခွင်၌ တနင်္ဂနွေဂြိုဟ် (၁) ၏ ၁၂ ရာသီရပ်တည်ပုံအလိုက် ရာသီဖွားအဟော ဟောဆို၍ ရသလို၊ ၎င်း တနင်္ဂနွေဂြိုဟ် ရပ်တည်ရာ ရာသီမှ ပေးသောနိုင်ငံများက ၎င်းဇာတာကို အကျိုးပေးပါသည်။ သာယနစနစ်ကို အသုံးပြုသည့် ဇာတာခွင်ကို အသုံးပြုရပါမည်။

  ဥပမာ (၁) သည် မိဿရပ်သော် ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်စလန် အကျိုးပေးသည်။


၁၂ ရာသီမှပေးသော အကျိုးပေးနိုင်ငံများမှာ -

မိဿရာသီ။ ဧပြီ ၂၀ မှ မေ ၁၉ မွေးဖွားသူ

တိုင်းပြည်။ ပြင်သစ် ၊ အင်္ဂလန် ၊ ဆွစ်စလန် ၊ ပိုလန် ၊ ဒိန်းမတ် ၊ ဂျာမနီ ၊ ဆီးရီးယား ၊ ပါလက်စ်တိုင်း ၊ ဂျပန် ၊ ဆိုက်ပရတ်။

ပြိဿရာသီ။ မေ ၂၀ မှ ဇွန် ၁၉ မွေးဖွားသူများ

တိုင်ပြည်။ ပိုလန် ၊ အီရန် ၊ အိုင်ယာလန် ၊ ဂျော်ဂျီယာ ၊ ဂရိကျွန်းစု၊ ရုရှား တစိတ်တဒေသ ၊ ဟော်လန်ရုရှား ၊ ဆိုက်ပရပ်စ်၊

မေထုန်။ ဇွန် ၂၀ မှ ဇူလိုင် ၁၉ အတွင်းမွေးသူ

တိုင်းပြည်။ အင်္ဂလန်အနောက်တောင်ပိုင်း၊ အမေရိကန်၊ အီဂျစ်အနောက်ပိုင်း၊ ဘယ်လ်ဂျီယန်၊ အာမေးနီးယား။

ကရကဋ်။ ဇူလိုင် ၂၀ မှ သြဂုတ် ၁၉ အတွင်းမွေးသူ

တိုင်းပြည်။ ဟော်လန်၊ စကော့တလန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီးယား ၊ ပါရာဂွေး၊ မောရစ်ရှကျွန်း။

သိဟ်ရာသီ။ သြဂုတ် ၂၀ မှ စက်တင်ဘာ ၁၉

တိုင်းပြည်။ အီတလီ ၊ စစ်စလီ၊ ပြင်သစ်ပြည်အစိတ်အပိုင်း၊ ဒိန်းမတ်၊ ရူးမေနီးယား မြောက်ပိုင်း

ကန်ရာသီ။ စက်တင်ဘာ ၂၀ မှ အောက်တိုဘာ ၁၉

တိုင်းပြည်။ အင်ဒီယာ ၊ မက်ဆိုပိုတေးမီးယား ၊ တူရကီ ၊ ဘရာဇီး ၊ ဂရိ၊ အနောက်အိန္ဒိယကျွန်းစု၊ ဘရာဇီး။

တူရာသီ။ အောက်တိုဘာ ၂၀ မှ နိုဝင်ဘာ ၁၉

တိုင်းပြည်။ အိန္ဒိပြည်အစိတ်အပိုင်း၊ ပေါ်တူဂီ၊ ဂျပန် ၊ သြစတေးယီးယား၊ ဥရောပ၊ မြန်မာပြည်၊ စင်ကာပူ၊ တိဗက်၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အာဂျင်တီးနား ၊ တရုတ်၊

ဗြိစ္ဆာရာသီ။ နိုဝင်ဘာ ၂၀ မှ ဒီဇင်ဘာ ၁၉

တိုင်းပြည်။ နော်ဝေ၊ မော်ရိုကို၊ ဘူဂေးရီးယား ၊ ဆီရီးယားမြောက်ပိုင်း၊ အယ်လ်ဂျီးရီးယား၊

ဓနုရာသီ။ ဒီဇင်ဘာ ၂၀ မှ ဇန်နဝါရီ ၁၉

တိုင်းပြည်။ စပိန်၊ ဆော်ဒီအာရေဗျ၊ ဟန်ဂေရီ၊ သြစတြေးလျဟအာရှ၊

မကာရရာသီ။ ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉

တိုင်းပြည်။ အိန္ဒိယနိုင်ငံအစိတ်အပိုင်း၊ အာဖဂန်နစ္စတန်၊ မက္ကဆီကို၊ ဂရိ၊ မြန်မာအထက်ပိုင်းစွန်။ ဘော့စနီးယား။

ကုံရာသီ။ ဖေဖော်ဝါရီ ၂၀ မှ မတ် ၁၉

တိုင်းပြည်။ ဆွီဒင်၊ အာရေဗျကွန်းဆွယ်အစိတ်အပိုင်း၊ ရုရှား၊ ဒိန်းမတ်၊ ဆူဒန်အောက်ပိုင်း။

မိန်ရာသီ။ မတ်လ ၂၀ မှ ဧပြီ ၁၉ အတွင်းမွေးသူ

တိုင်းပြည်။ နော်မန်ဒီ၊ ပေါ်တူဂီ၊ အီဂျစ်၊ ဆဟာရစသည်တို့ဖြစ်ပါသည်။

၁၂ရာသီဖွားများသည် ရာသီမှပေးသောတိုင်းပြည်များ၌အလုပ်လျှင် အဆင်ပြေမှုရှိပါမည်။ ကြာကြာနေရပါမည်။

ဥပမာမိဿရာသီဖွားသည် မိဿရာသီမှပေးသော အင်္ဂလန်၊ ပြင်သစ် စသည့်နိုင်ငံများ၌ အလုပ်လုပ်လျှင် အဆင်ပြေမှုရှိနိုင်ပါသည်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..