အဆောက်အဦးများမှ မျက်နှာလှည့်ရာ၊ ဈေးဆိုင်များ မျက်နှာလှည့်ရာ အရပ်မျက်နှာယူနည်း
lotaya.mpt.com.mm
|
2023-05-05

အခုတင်ပြမှာကတော့ နေရာထိုင်ခင်း၊ အိုးအိမ်တိုက်တာ၊ အဆောက်အဦးနဲ့ လုပ်ငန်းကိစ္စ၊ စီးပွားရေးလုပ်ရာ အဆောက်အဦး၊ ဈေးဆိုင်ဖွင့်ရာ အလုပ်စားပွဲလှည့်ရာ အရပ်မျက်နှာနဲ့ ပတ်သက်လို့ တင်ပြလိုပါတယ်။

လောကမှာ ရှိရှိသမျှသော လောကီလူသားများအနေနဲ့ မိမိတို့ရဲ့ စားဝတ်နေရေး အဆင်ပြေအောင် အေးချမ်းသာယာအောင် ဘဝဖြတ်သန်းမှု အဆင်ပြေအောင် အေးချမ်းစွာ ဘဝဖြတ်သန်းနိုင်အောင် ကြိုးစားရာမှာ ကံ၊ ဉာဏ်၊ ဝီရိယ စွမ်းရည်အလိုက် အောင်မြင်ခြင်း၊ အောင်မြင်မှုနည်းခြင်း၊ အေးချမ်းသာယာခြင်း၊ အေးချမ်းသာယာမှုနည်းခြင်း၊ အေးချမ်းသာယာမှုသိပ်မရှိခြင်းစသဖြင့် ကွာခြားမှုတွေ ရှိတတ်ပါတယ်။

အဲဒီအခြေအနေများထဲမှ လောကီပညာအရ နေရေးထိုင်ရေး၊ စားသောက်ရေး၊ ဘဝရပ်တည်ရေးမှာ အထောက်အပံ့ဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်၊ ရှောင်သင့်၊ ဆောင်သင့်တဲ့ ပညာရပ်တစ်ခုကို တင်ပြလိုပါတယ်။

အဲ့ဒါကတော့ နေထိုင်ရာအိမ်၊ လုပ်ငန်းလုပ်ရာ အဆောက်အဦးများမှ မျက်နှာလှည့်ရာ၊ ဈေးဆိုင်များ မျက်နှာလှည့်ရာ အရပ်မျက်နှာယူနည်းကို တင်ပြပါမယ်။ အရပ် (၈) မျက်နှာရှိတဲ့အထဲကနေပြီးတော့ အထူးသဖြင့်တော့ မိမိတို့ရဲ့ ဘုမ္မိကျတဲ့အရပ်ကို မျက်နှာလှည့်တဲ့အရပ် ဘုမ္မိကျတဲ့အရပ်ကို မျက်နှာလှည့်တဲ့အိမ်၊ ဘုမ္မိကျတဲ့အရပ်ကို မျက်နှာလှည့်တဲ့ဆိုင်မှာ မလုပ်ကိုင်မိဖို့ မနေထိုင်မိဖို့ အဓိကပဲဖြစ်ပါတယ်။

အခြားကျန်တဲ့အရပ်ကို မျက်နှာလှည့်တဲ့အိမ်၊ မျက်နှာလှည့်တဲ့ဆိုင်များမှာ နေထိုင်လုပ်ကိုင်နိုင်ပါတယ်။ ဥပမာအားဖြင့် တနင်္ဂနွေသားသမီးတစ်ယောက်ဟာ မိမိတို့ရဲ့မွေးနံအရပ်မှာ အရှေ့မြောက်အရပ်ဖြစ်ပါတယ်။ မိမိမွေးနံအရပ်ကနေ လက်ဝဲရစ်ရေပါက (၄) ခုမြောက်ဖြစ်တဲ့ ဗုဒ္ဓဟူးအရပ် ဘုမ္မိအရပ်ဟာ တောင်အရပ်ဖြစ်ပါတယ်။ အဲဒီဘုမ္မိအရပ် တောင်အရပ်ကို မျက်နှာလှည့်တဲ့အိမ်မှာ မနေသင့်ပါဘူး။ တောင်အရပ်ကို မျက်နှာလှည့်တဲ့ဆိုင်မှာ အလုပ်စားပွဲမှာ ဈေးမရောင်းသင့်ပါဘူး၊ မထိုင်သင့်ပါဘူး။ ခဏတဖြုတ်လေး နေတာတွေ ထိုင်တာတွေကို ပြောတာမဟုတ်ပါဘူး။ အမြဲနေထိုင်တာ၊ အမြဲဈေးရောင်းနေတာတွေကို မလုပ်သင့်ပါဘူး။ ကျန်တဲ့အရပ်တွေကိုတော့ လှည့်နိုင်ပါတယ်။

ကျန်တဲ့အရပ်ကို လှည့်တဲ့အိမ်ကို ဝယ်ယူနေထိုင်မယ်ဆိုလို့ရှိရင် ဝယ်ယူနေထိုင်နိုင်ပါတယ်။ အိမ်ငှားပြီးတော့လည်း နေထိုင်နိုင်ပါတယ်။ ကျန်တဲ့အရပ်ကိုလှည့်တဲ့ ဈေးဆိုင်မှာလည်းပဲ ဆိုင်ဖွင့်ပြီးတော့ ဈေးရောင်းနိုင်ပါတယ်။ အဆင်ပြေမှုတွေ ရှိပါလိမ့်မယ်။ ဘုမ္မိကျတဲ့ အရပ်ကိုတော့ မျက်နှာမူပြီးတော့ ဈေးရောင်းမယ်၊ နေထိုင်မယ်ဆိုလို့ရှိရင်တော့ အဆင်မပြေခြင်း၊ အခက်အခဲအမျိုးမျိုးကြုံခြင်း၊ ပြဿနာများခြင်းစသဖြင့် ကြုံတွေ့ရတတ်ပါတယ်။

ကျန်တဲ့နေ့သားသမီးများကိုလည်းပဲ နေထိုင်ရာ အိုးအိမ်၊ တိုက်၊ အလုပ်ဌာန၊ ဈေးဆိုင်များ မျက်နှာမလှည့်သင့်တဲ့အရပ်ကို အလွယ်တကူသိနိုင်အောင်လို့ အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

တနင်္လာသားသမီးဆိုရင် အနောက်တောင်အရပ်၊ အင်္ဂါသားသမီးဆိုရင် အနောက်အရပ်၊ ဗုဒ္ဓဟူးသားသမီးဆိုရင် အနောက်မြောက်အရပ်၊ ကြာသပတေးသားသမီးဆိုရင် အရှေ့မြောက်အရပ်၊ သောကြာသားသမီးဆိုရင် အရှေ့တောင်အရပ်၊ စနေသာသမီးဆိုရင် မြောက်အရပ်တို့ကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

မြောက်အရပ်ကိုလှည့်တဲ့အိမ်၊ မြောက်အရပ်ကိုလှည့်တဲ့ဆိုင်၊ မြောက်အရပ်ကိုလှည့်တဲ့ အလုပ်စားပွဲမှာ မနေထိုင်သင့်ပါဘူး။ မလုပ်ကိုင်သင့်ပါဘူး။ ရှောင်ရမှာက အရပ်က အရပ်တစ်ခုသာရှိတဲ့အတွက် ရှောင်ကြဉ်ခြင်းဖြင့် မိမိတို့ရဲ့ ဘဝသာယာမှု၊ အေးချမ်းမှု၊ စီးပွားဖြစ်မှုအတွက် အထောက်အပံ့တစ်ခု ဖြစ်လာမည်သာ ဖြစ်ပါတယ်။ ဒါကတော့ အင်္ဂဝိဇ္ဇာနည်းပညာအရ ၊ လာဘ်ဆန်းပညာအရ တင်ပြခြင်း ဖြစ်ပါတယ်။ အခြားသော လက်ရိုးပညာ ကောင်းတဲ့ဂြိုလ်ခွင်ဇာတာအရ လာဘ်ဆန်းအလိုက် အရပ်မျက်နှာလှည့်နည်းများလည်း ရှိပါသေးတယ်။ လာဘ်ဇာတာရှင်အလိုက် လှည့်နည်းများကိုလည်းပဲ အလျဉ်းသင့်သလို ဖော်ပြပါဦးမယ်။ အလျဉ်းသင့်သလို လာဘ်ဇာတာရှင်များအလိုက် လှည့်နည်းများကိုလည်းပဲ အလျဉ်းသင့်သလို တင်ပြပါဦးမယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒ ပြည့်ကြပါစေခင်ဗျာ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..