
သင့်လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” သင်္ကေတပါရှိလား? လက်ဖဝါး မှာ ‘M’ အက္ခရာရှိသူတွေဟာ တမူထူးခြားနေသူတွေဖြစ်ပါတယ်။ အသက်လမ်းကြောင်း၊ ဉာဏ်လမ်းကြာင်းလမ်းကြောင်း၊ နှလုံးလမ်းကြောင်းတို့အား မျဉ်းဖြတ်တကြောင်းက ထိစပ်ပေးပြီးဖြစ်ပေါ်လာတဲ့ ပုံကို M ပုံစံလက္ခဏာရှင်ဟု ခေါ်ပါတယ်။
လက်ဝါးပြင်မှာ “M” ပုံသဏ္ဍာန်ပါဝင်သူတွေဟာ များသောအားဖြင့် ထူးခြားတဲ့လူတွေဖြစ်ကြပါတယ်။ မသိစိတ်ရဲ့လွှမ်းမိုးမှုကြီးမားပြီး သာမန်မဟုတ်ပဲ တစ်စုံတစ်ရာအတွက်မွေးဖွားလာသူတွေလို့အဆိုရှိပါတယ်။ “M” ပုံစံလက္ခဏာပိုင်ရှင်တွေက ကိုယ့်ဒူးကိုယ်ချွန်ပြီး၊ ကိုယ့်အားကိုယ်ကိုးပြီး၊ ပင်ကိုယ်အစွမ်းအစရှိသူတွေဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားမှန်ကန်ပြီး လုံ့လဝီရိယရှိသူ၊ သူတပါးအပေါ်သနားကြင်နာတဲ့ စိတ်ရှိခြင်း တစ်ကိုယ်ကောင်းစိတ်ဓာတ်မရှိပဲ လက်အောက်ငယ်သားများ ကြည့်ရှုစောက်ရှောက် အပူဒုက္ခတွေ မျှဝေခံစားပေးတတ်သူများဖြစ်ပါတယ်။
အချစ်ရေးမှာဆိုရင် သူတို့ဟာ လူတစ်ဦးတစ်ယောက်ကို တွယ်ငြိပြီဆိုရင်လည်းတအားတွယ်ငြိပြီး မတွယ်ငြိဖို့ကြိုးစားစိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင်လည်း လုံးလုံးအေးစက်ငြိမ်သက်သွားပြီး အဲဒီလူကို ဆုံးရှုံးလိုက်ရရင်လည်း ဂရုမစိုက်တော့မယ့်လူမျိုးပါ။ သူတို့အနေနဲ့တစ်စုံတစ်ယောက်အပေါ် သံယောဇဉ်မရှိဘူးဆိုရင် သူတို့စိတ်ကိုဘယ်သူမှ မပြောင်းလဲနိုင်လောက်အောင် ခေါင်းမာသွေးအေးသူတွေလည်း ဖြစ်ပါသေးတယ်။
ဝန်ထမ်းဖြစ်လျှင် သူတပါးလက်အောက်ခံဘဝ ကြာရှည်မနေရဘဲ အလျင်မြန်အကြီးအကဲဘဝ ရရှိပိုင်ဆိုင်ခြင်း၊ စွန့်စားတီထွင်ကြံဆမှုအားကောင်းခြင်း၊ စီမံခန့်ခွဲမှုအားကောင်းမှုတွေကြောင့် အောင်မြင် မှုရလွယ်ပါတယ်။ M ပုံစံလက္ခဏာရှင်များသည် မိမိ၏အကြီးအကဲဆရာသမားများကပင် ပြန်ပြီးအထင်ကြီးလေးစားခြင်း ခံရတတ်ပါတယ်။ ထူးခြားချက်ကတော့ တစ်ဖက်လူရဲ့ စိတ်ပိုင်းဆိုင်ရာကို အလွယ်တကူ ခန့်မှန်းနိုင်တတ်ခြင်း၊ တစ်ဖက်လူမိမိအပေါ် လိမ်ညာစကားပြောနေရင် မိမိကအလိုလို သိနေတတ်သူမျိုးပါ။ ဘာသာရေးအားကောင်းသူများကတော့ရှေ့ဖြစ်မယ့် အကောင်းအဆိုးကို ကြိုတင်သိမြင်နိုင်တဲ့ စိတ်စွမ်းအင် ပိုင်ဆိုင်တတ်ပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။မိမိချစ်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက်တစ်ချက်ကို သိထားရပါမယ်။ နောက်ပြောင်ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်းနဲ့ ကလိမ်ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ပါပဲ။လုပ်မိသွားရင်တော့ သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။
M ပုံစံအမှတ်အသားက အမျိုးသားတွေထက် အမျိုးသမီးတွေကပိုပြီး အစွမ်းထက်အကျိုး ခံစားရတတ်ပါတယ်၊ ကိုယ်ပိုင်အစွမ်းအစဖြင့် တမိပေါက်တယောက်ထွန်းကြွယ်ဝချမ်းသာမယ့် သူများဖြစ်ပါတယ်။ ငယ်စဉ်က ဆင်းရဲပါစေ အသက်ကြီးပိုင်းပြည့်စုံကြွယ်ဝချမ်းသာမှုနှင့် အိုဇာတာကောင်းမယ့်သူများဖြစ်ပါတယ်။ သင်က လက်ဖဝါးမှာ M ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါက သင်ဟာ တမူထူးခြားသော လူပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိမှတ်ရပါမယ်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope