မိမိရောင်းတဲ့ကုန်ပစ္စည်းကို ရောင်ကောင်းအောင် ပြုလုပ်နည်း
lotaya.mpt.com.mm
|
2023-05-19

လူမှုဘဝကိစ္စ အထွေထွေရှိတဲ့ အထဲကနေပြီးတော့ မိမိရောင်းတဲ့ကုန်ပစ္စည်းကို ရောင်ကောင်းအောင် ပြုလုပ်နည်း တစ်နည်းကို တင်ပြပေးလိုပါတယ်။

မိမိက ဘာပစ္စည်းပဲရောင်းရောင်း ရောင်းတဲ့အခါမှာ အဆင်ပြေအောင် ရောင်းကောင်းအောင် လုပ်တဲ့နည်းစနစ်ကို တင်ပြပေးချင်ပါတယ်။ မိမိရောင်းတဲ့ ကုန်ပစ္စည်းဟာ ဘာနံလည်းဆိုတာကို အရင်သိရပါမယ်။

ဥပမာအားဖြင့် ....

က ၊ ခ ၊ ဂ ၊ ဃ၊ င ဆိုတဲ့ အက္ခရာတွေနဲ့ မှည့်တဲ့နာမည်တွေက အက္ခရာနာမည်ပါတဲ့ ပစ္စည်းတွေက တနလာၤနံပစ္စည်းဟု မှတ်ယူပါ။ (ဥပမာ ။  ။ ကား ၊ ငွေ ၊ ကြက် ၊ ကြံ ၊ ဂျုံ ၊ ငရုပ်သီး .. စတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ )

စ ၊ ဆ ၊ ဇ ၊ ဈ၊ ည အက္ခရာတွေနဲ့ မှည့်ထားတဲ့ နာမည်တွေက ပစ္စည်းတွေက အင်္ဂါနံပစ္စည်းတွေ ဖြစ်ပါတယ်။ (ဥပမာ ။ ။ စိန်၊ ဆား ၊ ဆန် .. စတဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။)

ယ ၊ ရ ၊ လ ၊ ၀ အက္ခရာများနဲ့ မှည့်ခေါ်ထားတဲ့ ပစ္စည်းတွေဟာ ဗုဒ္ဓဟူးနံ ပစ္စည်းတွေ ဖြစ်ပါတယ်။ (ဥပမာ ။ ။ ရွှေ ၊ လှေ ၊ လှည်း ၊ ရှောက်သီး ... စတဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။)

ပ ၊ ဖ ၊  ဘ ၊ ဗ ၊ မ အက္ခရာများနဲ့ မှည့်ခေါ်ထားတဲ့ ပစ္စည်းတွေဟာ ကြာသပတေးနံ ပစ္စည်းတွေ ဖြစ်ပါတယ်။ (ဥပမာ ။ ။ မြ ၊ ဖက် ၊ ဘူးသီး ၊ ပေါက်ပေါက် .. စတဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။)

သ အက္ခရာ ၊ ဟ အက္ခရာနဲ့ မှည့်ခေါ်ထားတဲ့ ပစ္စည်းတွေဟာ သောကြာနံ ပစ္စည်းတွေ ဖြစ်ပါတယ်။ (ဥပမာ ။  ။ သစ် ၊ သံ ၊ သစ်သီး ၊ ဟင်းရွက် .. စတဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။)

တ၊ ထ၊ ဒ၊ ဓ၊ န အက္ခရာတွေနဲ့ မှည့်ထားတဲ့ နာမည်တွေက ပစ္စည်းတွေက စနေနံ ပစ္စည်းတွေ ဖြစ်ပါတယ်။ (ဥပမာ။  ။ ထီး၊ အထည်အလိပ်၊ နာရီ … စတဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။)

အ အက္ခရာနဲ့ မှည့်ခေါ်ထားတဲ့ ပစ္စည်းတွေဟာ တနင်္ဂနွေနံ ပစ္စည်းတွေ ဖြစ်ပါတယ်။ (ဥပမာ ။ ။ အိုး ၊ အိမ် ၊ အင် ... စတဲ့ ပစ္စည်းများ ဖြစ်ပါတယ်။)

ရောင်းကောင်းအောင် ၊ ရောင်းစွံအောင် ပြုနည်းမှာလည်း နံတစ်ခု ရောင်းချင်ရင် အဲဒီနံနဲ့တူတဲ့ နံတူကတ်ကင်း အညွန့်နဲ့ ရိုက်ပေးရပါမယ်။ နှစ်ဆတိုးပြီးတော့ မိမိကရောင်းချင်တယ် လိုချင်တယ်ဆိုရင် နှစ်ဆရိုက်ရပါမယ်။ သုံးဆတိုးပြီးတော့ လိုချင်တယ်ဆိုရင် သုံးဆတိုးပြီးတော့ ရိုက်ရပါမယ်။ လိုချင်တဲ့ အရေအတွက်အတိုင်း ရိုက်ရပါမယ်။ ရောင်းချင်တဲ့ကုန်ပစ္စည်းတွေဟာ အလျင်အမြန် ရောင်းထွက်သွားတတ်ပါတယ်။ ရောင်းစွံသွားပါလိမ့်မယ်။

ဥပမာအားဖြင့် ပြုလုပ်ပုံမှာ -

အိုးရောင်းတဲ့သူ (အိုးကုန်သည်) ဆိုပါစို့ အိုးမှာ တနင်္ဂနွေနံ ပစ္စည်းဖြစ်ပါတယ်။ အဲဒီအိုးရောင်းချင်တယ်ဆိုလို့ချင်ရင် အင်ရွက်နဲ့ ရိုက်ပါ။

တကယ်လို့ ၂ ဆ ရောင်းချင်တယ် ဆိုရင် အုတ်ခဲပေါ်မှာ အိုးကိုတင်ပြီးမှ အင်ရွက်နဲ့ ရိုက်ရပါမယ်။

တကယ်လို့ ၃ ဆတက်ပြီးတော့ ရောင်းချင်တာဆိုရင် အုတ်ပေါ်မှာ အိုးကိုတင်ထားပြီးတော့ အုန်းရွက်ရယ် ၊ အင်ရွက်ရယ် ပူးပြီးတော့ ရိုက်ရပါမယ်။

တကယ်လို့ ၄ ဆတိုးပြီးတော့ လိုချင်တယ် ရောင်းချင်တယ် ဆိုရင် အုတ်ပေါ်မှာ အိုးကိုတင်ထားပြီးတော့ အိမ်ထဲမှာ အုန်းရွက်နဲ့ အင်ရွက်ပူးပြီးတော့ ရိုက်ပါ။ စိတ်ထဲကနေပြီးတော့ အမြန်ထွက်လိုသော ဆန္ဒပြင်းပြင်းနဲ့  အမြန်ထွက်စေလို့ စိတ်ထဲကနေဆိုပြီးတော့ ဒီအရွက်နဲ့ ရိုက်ပေးရပါမယ်။ အဲဒီတော့ မိမိရောင်းတဲ့ပစ္စည်းတွေ အိုး ၊ အင်တို့ ဒီပစ္စည်းတွေဟာ အမြန်ရောင်းထွက်သွားပါလိမ့်မယ်။

တခြားနံကုန်ပစ္စည်းတွေ ရောင်းထွက်အောင် ပြုလုပ်နည်းမှာလည်း အောက်ပါဇယားကို ကြည့်ပြီးတော့ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ဇယားကို ကြည့်ပြီးတော့ မိမိက ဘာပစ္စည်းရောင်းချင်တယ် မိမိရောင်းတဲ့ကုန်ပစ္စည်းတွေဟာ ဘာနံလည်းဆိုတာ ဇယားထဲမှာ မိမိနဲ့သက်ဆိုင်တဲ့ ဇယားကွက်ကို ကြည့်ပြီးတော့ အလွယ်တကူဆောင်ရွက်နိုင်ပါတယ်။ ရောင်းကောင်းအောင် ပြုလုပ်နိုင်ပါတယ်။

အားလုံး ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

နံ

နံချင်းတူတဲ့နံ

(တစ်ထပ်ရိုက်)

 

(နှစ်ထပ်ရိုက်)

 

(သုံးထပ်ရိုက်)

 

(လေးထက်ရိုက်)

၁နွေ

အိုး- ရောင်းချင်ရင် အင်ရွက်နဲ့ရိုက်ပါ။

အုတ်ပေါ်မှာ အိုးထားပါ

အုန်းရွက်နှင့်အင်ရွက် ပူးရိုက်ပါ

အိမ်ထဲမှာရိုက်ပါ

၂လာ

ငွေ- ရောင်းချင်ရင် ကြံရိုးနဲ့ရိုက်ပါ။

ကွမ်းရွက်ခင်းရိုက်ပါ

ကျောက်ခဲနဲ့ခုထားပါ

ခံရွက်နဲ့အုပ်ထားပါ

၃င်္ဂါ

စိန်- ရောင်းချင်ရင် ဆားဖြူးပေးပါ။

ဆန်းအိုးထဲမှာထားပါ

ဇီးရွက်ခင်းပေးပါ

ဆံညှပ်နဲ့အတူထားပါ

၄ဟူး

ရွှေ၊လှေ၊လှည်း- ရောင်းချင်ရင် ရွံ့လူးပေးပါ။

ရေလောင်းပေးပါ

ယပ်ခပ်ပေးပါ

ရွက်လှရွက်အုပ်ထားပါ

၅တေး

မြ- ရောင်းချင်ရင် ပေါက်သားနဲ့ရိုက်ပါ။

မြေဖြူနဲ့သုတ်ပါ

မြေအိုးထဲမှာထားပါ

မှန်ပေါ်မှာတင်ထားပါ

၆ကြာ

သစ်- ရောင်းချင်ရင် သံနဲ့ရိုက်ပါ။

သစ်သားပေါ်မှာထားပါ

သံပန်းကန်နဲ့အုပ်ထားပါ

သီးခက်နဲ့ထိုးထားပါ

၇စနေ

ထီး- ရောင်းချင်ရင် ဓားပြားနဲ့ရိုက်ပါ။

နာနတ်ရွက်ဖုံးထားပါ

ထုံးတို့ပြီး ထန်းရွက်အောက်က ခံထားပါ

တိုက်ထဲမှာရိုက်ပါ

ဆရာဉီးစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..