မေ ၂၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-05-25

တနင်္ဂနွေ - စိတ်လည်း မလန်း၊ လူလည်း ပင်ပန်းလွယ်တဲ့နေ့ ဖြစ်တယ်။ အလုပ်အကိုင်၊ အကြံအစည်တွေလည်း ပျက်လွယ်မယ်။ ကြိုးစားမှုတွေ အရာမထင် ဖြစ်တတ်တယ်။ ငွေရေးကြေးရေးအတွက်လည်း သောကများမယ်။ မိတ်ဆွေချင်း စကားများရတတ်တယ်။ ကျန်းမာရေးပိုင်းမှာ နေရထိုင်ရ မသက်သာတာ၊ ရောဂါဟောင်းတွေ ပြန် ပေါ်တာမျိုး ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေ ရှိလာနိုင်တယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတွေကို အချိုရည် လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၂၂ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူဖျော့နဲ့ အပြာနုရောင် ဖြစ်တယ်။

ညံ့

တနင်္လာ - ဘယ်ကိစ္စမဆို အခြေအတင်လေးတွေ ဖြစ်ပြီးမှ အဆင်ပြေမယ့်နေ့ ဖြစ်တယ်။ မျက်နှာပူစရာတွေနဲ့ အားနာစရာကိစ္စတွေ ကြုံရလိမ့်မယ်။ လူကြီးသူမတွေနဲ့လည်း စကားများရတာမျိုး ဖြစ်မယ်။ အစိုးရပိုင်းကိစ္စတွေ လုပ်နေရရင် အဆင်မပြေ ဖြစ်တတ်တယ်။ အလုပ်တွေတော့ ကောင်းမယ်။ ငွေကြေးအရလည်း ကျေနပ်စရာ ဖြစ်မယ်။ နေရာကောင်းတွေ ရတတ်တယ်။ မေတ္တာရေးကိစ္စမှာ မျှော်လင့်တာထက် စိတ်ချမ်းသာရလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံကြော် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၉ နဲ့ ၁၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ နက်ပြာရောင်တွေ ဖြစ်တယ်။

သင့်

အင်္ဂါ - မိတ်ဆွေ၊ အဆက်အသွယ်တွေနဲ့ ပတ်သက်လို့ စိတ်မကြည်မလင် ဖြစ်ရတတ်တယ်။ ဒါပေမယ့် ဒီနေ့မှာ ကိုယ့်စိတ်ကြိုက်အခြေအနေတွေကို ဖန်တီးနိုင်မယ်။ လုပ်ကိုင်ကြိုးစားတာတွေလည်း အောင်မြင်တတ်တယ်။ အလုပ်နဲ့ ငွေကြေးပိုင်းမှာ အခက်အခဲကြားက အဆင်ပြေသွားမယ်။ လုပ်ချင်တာတွေကို ပုံသေ ချမှတ်မထားဘဲ ကြံဖန်ပြီး လှည့်ပတ်လုပ်တာ ပိုကောင်းမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာတွေ ဖြစ်မယ်။ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးနံ့သာ ၃ တိုင် ပူဇော်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၈ နဲ့ ၃၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်ရင့်နဲ့ စိမ်းဖန့်ဖန့် ဖြစ်တယ်။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - ရပ်နီးရပ်ဝေးက အဆက်အသွယ်တွေကြောင့် အစစအရာရာ အဆင်ပြေမယ့်နေ့ ဖြစ်တယ်။ လူမှုရေး အကူအညီတွေ ရလာတတ်တယ်။ မိတ်ကောင်းဆွေကောင်းတွေက ကူညီမစမယ်။ အလုပ်မှာ အဆင်မပြေမှု ဖြစ်တတ်ပေမယ့် ကိုယ့်အစွမ်းအစနဲ့ ဖြေရှင်းနိုင်မယ်။ ငွေအဝင်တော့ ခက်နေမယ်။ အသုံးအစွဲ များနေလိမ့်မယ်။ ပစ္စည်းအပျောက်အရှ ဖြစ်တတ်တယ်။ ချစ်ရေးချစ်ရာကိစ္စတွေမှာ အနှောင့်အယှက် ရှိမယ်။ စိတ်တိုနေရမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၅ နဲ့ ၄၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က စိမ်းပြာရောင်တစ်မျိုးပဲ ဖြစ်တယ်။

သင့်

ရာဟု - လုပ်ချင်တာလေးတွေ အတော်များများ လုပ်ဖြစ်ကိုင်ဖြစ်လိမ့်မယ်။ အလုပ်မှာ လက်ရှိအလုပ်တွေထက် အရင် လုပ်ဖူးတဲ့၊ အစောပိုင်းက ကြိုးစားထားတဲ့ အလုပ်တွေက အခြေအနေ ပြန်ပေးလာမယ်။ စီးပွားရေးထက် ပညာရေး၊ လေ့လာရေးပိုင်းမှာ ပိုကောင်းနိုင်တယ်။ ငွေကြေးကံဇာတာ ထူးခြားတယ်။ ရပေါက်ရလမ်းအသစ်တွေ ပေါ်ပေါက်လာနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အခြေအတင်လေးတွေ ဖြစ်ပေမယ့် ပြန်ပြေလည်မယ်။ ဒီနေ့ ညနေ ၄ နဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၈ နဲ့ ၈၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ မရမ်းရောင် ဖြစ်တယ်။

ကောင်း

ကြာသပတေး - အတွေးများ၊ အာရုံများပြီး ဘာမှ မလုပ်ဖြစ်ဘဲ အချိန်ကုန်သွားတတ်တယ်။ အကြံအစည်တွေ ပျက်မယ်။ လုပ်ချင်တာ လုပ်ခွင့်မရသေးဘဲ သည်းခံရလိမ့်မယ်။ လူငယ်တွေဆိုရင် အပျော်အပါးကိစ္စကြောင့် ထိခိုက်တတ်တယ်။ အသုံးအဖြုန်းတွေ လက်လွန်တတ်တယ်။ တစ်နေ့တာ အလုပ်အကိုင်၊ စီးပွားရေးမှာလည်း အာရုံမစိုက်နိုင်ဘဲ ဖြစ်နေမယ်။ မတော်တဆမှုတွေ ဖြစ်တတ်တယ်။ နှလုံးသားရေးမှာတော့ ကံကောင်းနိုင်တယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဗောဓိညောင်ပင်မှာ ရေ ၅ ခွက် သပ္ပါယ်ရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၂၃ နဲ့ ၄၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ အဖြူဆွတ်ဆွတ် ဖြစ်တယ်။

ညံ့

သောကြာ - အိမ်ထဲမှာ မပျော်ဘဲ အပြင်ချည်း သွားချင်စိတ် များမယ်။ ကိုယ့်အိမ်တွင်းရေးကလည်း ဆူဆူပူပူ ဖြစ်တတ်တယ်။ ဆွေမျိုးသားချင်း၊ အသိုင်းအဝိုင်းကြောင့် စိတ်ညစ်ရတတ်တယ်။ တစ်နေ့တာလုံးမှာ လုပ်သမျှ အလွဲတွေ များမယ်။ မျှော်လင့်သလောက် မဖြစ်တာတွေ ကြုံရမယ်။ အလုပ်စီးပွားကတော့ အတော်အသင့်လေး အဆင်ပြေမယ်။ ငွေဝင်ပေမယ့် ပြန်ကုန်လွယ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာလေးတွေ ရှိမယ်။ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ သီလရှင်တွေကို တတ်နိုင်တာ လှူဒါန်းပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၆,၄၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ပန်းရောင်၊ ငှက်ပျောဖူးရောင် ဖြစ်တယ်။

သင့်

စနေ - နိုင်ငံရပ်ခြားကိစ္စတွေ ကြိုးစားအောင်မြင်တတ်တယ်။ သတင်းကောင်းတွေလည်း ကြားသိရတတ်တယ်။ မိတ်ဆွေကောင်း၊ အဆက်အသွယ်ကောင်းတွေနဲ့ သိကျွမ်းရတတ်တယ်။ အကူအညီတွေလည်း ရလွယ်မယ်။ တစ်နေ့တာလုံးမှာ စိတ်ကျဉ်းကျပ်စရာလေးတွေတော့ ခံစားရတတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ ပင်ပန်းရတာ၊ သိပ်အကျိုးမရှိတာ၊ ငွေမမြဲတာတွေ ဖြစ်တတ်တယ်။ မေတ္တာရေးမှာလည်း စိတ်မကြည်စရာတွေ များလိမ့်မယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သောက်တော်ရေ၊ သုံးတော်ရေ ကပ်လှူရမယ်။ အကျိုးပေးဂဏန်းက ၇၀ နဲ့ ၇၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က နက်ပြာနဲ့ အစိမ်းရင့်ရင့် ဖြစ်တယ်။

ကောင်း

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..