လက်ဝါးပြင်မှ ဂြိုလ်ခွင်/ဂြိုလ်ခုံတို့၏ ကောင်းကျိူး၊ဆိုးကျိူးများ
lotaya.mpt.com.mm
|
2023-05-30

လူတယောက်အတွက် လက်ဝါးပြင်မှာ ကောင်းကျိူး၊ ဆိုးကျိူး လက္ခဏာ‌တွေပြပေးတတ်တဲ့ ဂြိုလ်ခွင်‌ ၈ခုပါရှိပါတယ်။

အဲ့ဒီဂြိုလ်ခွင်/ဂြိုလ်ခုံ တွေကတော့ ကြာသပတေးဂြိုဟ်ခုံ၊ စနေဂြိုဟ်ခုံ၊ တနင်္ဂနွေဂြိုဟ်ခုံ၊ ဗုဒ္ဓဟူးဂြိုဟ်ခုံ၊ အင်္ဂါဂြိုဟ်ခုံ(အမ)၊ တနင်္လာဂြိုဟ်ခုံ၊ သောကြာဂြိုလ်ခုံ၊ အင်္ဂါဂြိုလ်ခုံ (အဖို) နဲ့ အင်္ဂါလွင်ပြင် (လွင်ပြင်ဒေသ)တို့ပဲဖြစ်ပါတယ်။

ဂြိုလ်ခုံရဲ့သဘောတရားက ပြည့်ပြည့်တင်းတင်းရှိနေလျှင် ဂြိုလ်ခုံအားကောင်းခြင်းဟု ယူဆပြီး... ဂြိုလ်ခုံနိမ့်ခွက်လွန်းနေလျှင် (သို့မဟုတ်)မို့မောက်လွန်းနေလျှင် ဂြိုလ်ခုံရဲ့မကောင်းသဘောကို လုပ်ဆောင်‌တယ်လို့ မှတ်ယူရပါမယ်။

ဂြိုလ်ခုံတွေရဲ့သဘောတွေကို အကြမ်းအားဖြင့်သိနိုင်အောင် အကောင်းလုပ်‌ဆောင်မှုနှင့် အဆိုးလုပ်‌ဆောင်မှု (၂)မျိုးလုံးယှဉ်တွဲပြီး တင်ပြပေးလိုက်ပါတယ်။

ကြာသာပတေးဂြိုလ်ခုံ။

အကောင်း - ဉာဏ်ပညာထက်မြက်ခြင်း၊အတတ်ပညာ၊အတွေးအခေါ်မြင့်မားခြင်း၊ ဦးဆောင်လိုစိတ်ရှိခြင်း၊ ဘာသာရေးအား‌‌ကောင်းခြင်း။

အဆိုး - ဂုဏ်ပကာသဏမက်‌‌မောခြင်း၊ ပညာဂုဏ်မောက်ခြင်း။

စနေဂြိုဟ်ခုံ။

အကောင်း - တည်ငြိမ်ခြင်း၊စာရိတ္တကောင်းမွန်ခြင်း၊ လောကီပညာတတ်ကျွမ်းခြင်း။

အဆိုး - စိတ်ဝေဒနာ၊ ပျင်းရိခြင်းနှင့် လေးဖင့်ခြင်း။

တနင်္ဂနွေဂြိုဟ်ခုံ။

အကောင်း - အောင်မြင်ကျော်ဇော်ခြင်း၊ ကြွယ်၀ချမ်းသာခြင်း၊ အိုးအိမ်နှင့်ဥစ္စာစည်းစိမ်ပိုင်ဆိုင်မှု။

အဆိုး- ဘ၀င်မြင့်ခြင်း နှင့် တယူသန်ဆန်ခြင်း။

ဗုဒ္ဓဟူးဂြိုဟ်ခုံ။

အကောင်း - ပါးနပ်လိမ္မာမှု၊ ကူးသန်းရောင်း၀ယ်ရေး/ နည်းပညာနှင့်အကျိုး‌‌ပေးခြင်း၊  ဖျတ်လတ်သွက်လတ်မှုရှိခြင်း။

အဆိုး - အကျင့်သီလပျက်ပြားခြင်း။

အင်္ဂါဂြိုဟ်ခုံ(အမ)

အကောင်း - ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း၊ အဟောအပြောကောင်းခြင်း၊ ရဲဝံ့ခြင်း၊ သတ္တိရှိခြင်း။

အဆိုး - ကြောက်တတ်ခြင်း၊ ပြောရဲဆိုရဲမရှိခြင်း၊ စိတ်ခံစားလွယ်ခြင်း။

တနင်္လာဂြိုဟ်ခုံ။

အကောင်း - စိတ်ကူးစိတ်သန်း၊ အနုပညာအမြင်၊ အနုပညာဗီဇ၊ နိုင်ငံခြားခရီးစဉ်၊ နိုင်ငံခြားခရီးစဉ်နှင့်ဆက်စပ်လုပ်ငန်း၊ ငွေကြေးကံ။

အဆိုး - မိုက်ရူးရဲဆန်မှု၊ အတွေးကြောင်မှု၊ စိတ်ပျော့ညံ့မှု၊ မူးယစ်သေစာစွဲလမ်းမှု။

သောကြာဂြိုလ်ခုံ။

အကောင်း - မိသားစု၊ဆွေမျိုး၊ အိမ်ထောင်ဖက် သမီးရည်းစားချစ်ခင်မှု၊ မေတ္တာတရားကြီးမားမှု၊ သနားကြင်နာမှု၊ အနုစိတ်မှု၊ သီချင်းနှင့်တူရိယာပစ္စည်းကျွမ်းကျင်မှု။

အဆိုး - ကာမဂုဏ်ခံစားမှုပြင်းထန်ခြင်း၊ မေတ္တာတရားခေါင်းပါးခြင်း။

အင်္ဂါဂြိုလ်ခုံ (အဖို)

အကောင်း - တိုက်ရည်ခိုက်ရည်၊ လက်ရုံးရည်၊ ရဲစွမ်းသတ္တိ။

အဆိုး -  လက်ရဲ‌ဇက်ရဲ၊မိုက်ရှုးရဲဆန်၊ မိမိကိုယ်ကို အထင်ကြီးခြင်း။

အင်္ဂါလွင်ပြင်

အင်္ဂါလွင်ပြင်ကတော့ ဂြိုလ်ခုံထဲမှာထည့်မတွက်ပေမယ့်၊ အင်္ဂါလွင်ပြင် ခွက်ခြင်း၊ပြည့်ခြင်း‌‌ပေါ်မူတည်ပြီးလည်း ကောင်းခြင်း၊ဆိုးခြင်းတွေရှိ‌နေပါတယ်။

အင်္ဂါလွင်ပြင်ခွက်လွန်းလျှင် ဘ၀တွင် မသေချာ၊မရေရာနှင့် အလုပ်တခုကို ၂ခါပြန်လုပ်တတ်ရပြီး ပင်ပန်းတတ်ခြင်း။

အင်္ဂါလွင်ပြင်ပြည့်တင်းလျှင်တော့ ဘ‌၀ကို စိုးရိမ်ပူပန်စရာမရှိဘဲ အေးအေးဆေးဆေးဖြတ်သန်းရတတ်ပါတယ်။

ဒါဟာ ဂြိုလ်ခုံတွေရဲ့လုပ်ဆောင်ချက်သဘောတွေဖြစ်ပြီး လက္ခဏာဖတ်ရာမှာအများကြီးအထောက်အကူဖြစ်တဲ့အချက်တွေဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..