ဇွန် ၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-06-05

တနင်္ဂနွေ - စိတ်ရှုပ်စရာ၊ မွန်းကြပ်စရာအခြေအနေတချို့နဲ့ ရင်ဆိုင်ရတတ်တဲ့နေ့ ဖြစ်တယ်။ စိတ်ထဲရှိတဲ့အတိုင်း လုပ်ခွင့်မရလို့ အောင့်အီးသည်းခံရတတ်တယ်။ ဒီနေ့မှာ မိတ်ဆွေ၊ ဆရာသမားတွေရဲ့ကူညီအားပေးမှုကိုတော့ ရတတ်တယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာ ရည်ရွယ်သလို မဖြစ်တာ၊ အချိန်စောင့်ရတာ၊ သည်းညည်းခံရတာ ဖြစ်မယ်။ ငွေကုန်ကြေးကျလည်း များတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာလေးတွေ ဖြစ်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်အုန်းနို့ဆမ်း လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၅ နဲ့ ၅ပူး ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်ကတော့ အဝါနဲ့ လိမ္မော်ရောင်ပဲ ဖြစ်တယ်။

သင့်

တနင်္လာ - ကျန်းမာရေးရော ကိုယ်ရေးကိုယ်တာကိစ္စတွေမှာပါ အားနည်းတတ်တယ်။ ဖျားနာလွယ်တတ်တဲ့နေ့ ဖြစ်လို့ ရောဂါဝေဒနာအခံရှိရင် ပိုဂရုစိုက်ရမယ်။ သွားရေးလာရေး၊ ခရီးကိစ္စတွေမှာလည်း သေချာပြင်ဆင်ပြီးမှ ပျက်တာမျိုးတွေ ဖြစ်တတ်တယ်။ လမ်းပန်းခရီး သတိထားသွားရမယ်။ အလုပ်အကိုင်၊ စီးပွားရေးပိုင်းမှာလည်း အတိုက်အခိုက်တွေ များတတ်တယ်။ ငွေအတွက် အငြင်းပွားရတတ်တယ်။ မေတ္တာရေးကံပါ ရှုပ်ထွေးနိုင်တယ်။ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့အဘွားအိုတစ်ဦးကို ငွေလှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၃ နဲ့ ၃၇ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ အနက်ရောင် ဖြစ်တယ်။

ညံ့

အင်္ဂါ - တစ်နေ့လုံးမှာ ကိုယ်ဘာပဲလုပ်လုပ် အနှောင့်အယှက်ပေးမယ့်သူတွေက တန်းစီနေတတ်တယ်။ ဒီနေ့မှာ စွန့်စားရတဲ့အလုပ်တွေ ၊ စမ်းသပ်ကြိုးစားကြည့်မယ့်အရာတွေကို လုပ်နိုင်တယ်။ အောင်မြင်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ်။ လုပ်ငန်းစီးပွားကံလည်း ကောင်းမယ်။ လုပ်ကိုင်ထားတာတွေကနေ အကျိုးအမြတ် ဝင်လာမယ်။ ငွေ ကံကောင်းတတ်တယ်။ အခွင့်အရေးတွေ ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးပါ သာယာအေးချမ်းမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ ကံကောင်းစေနိုင်တဲ့အရောင်က စိမ်းပြာနဲ့ ကတ္တီပါရောင် ဖြစ်ပြီး ၃၄ နဲ့ ၃၁ က အကျိုးပေးဂဏန်းတွေ ဖြစ်တယ်။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - အိမ်ပူအိမ်ဆူစရာကိစ္စတွေ ပေါ်မယ်။ မိသားစုထဲမှာ မကျေနပ်စရာတွေကြောင့် စိတ်ဝမ်းကွဲတတ်တယ်။ ကိုယ့်ဖာသာ နေနေတုန်းက ဘာမှ မဖြစ်ပေမယ့် မိသားစုကိစ္စ ဝင်စွက်လာတာနဲ့ စိတ်တွေ ညစ်နွမ်းရလိမ့်မယ်။ အကြီးအကဲတွေနဲ့လည်း အမြင်မတူတာတွေ ဖြစ်မယ်။ အလုပ်အကိုင်ကိစ္စမှာ မျှော်မှန်းသလောက် မရပေမယ့် အတော်အသင့်တော့ အဆင်ပြေမယ်။ နှလုံးသားရေးကံ အားနည်းတတ်တယ်။ ဝမ်းနည်းစရာတွေ ဖြစ်နိုင်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်ယိုသုတ်ပြီး ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၄ နဲ့ ၄၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ အဝါရင့်တွေ ဖြစ်တယ်။

သင့်

ရာဟု - လုပ်စရာရှိတာတွေ ကိုယ့်ဖာသာ သီးသန့်လုပ်ကိုင်ဖြေရှင်းတာ ကောင်းမယ်။ အများနဲ့ ပတ်သက်မိရင် လုပ်ကိုင်တာတွေ အပေါက်အလမ်း မတည့်တော့ဘဲ ပျက်သွားတတ်တယ်။ ဘေးပတ်ဝန်းကျင်ကြောင့် ကိုယ့်မှာ ဒုက္ခ များတတ်တယ်။ အများနဲ့တစ်ယောက် မသင့်မမြတ် ဖြစ်တတ်တယ်။ အလုပ်စီးပွားကံလေး အသင့်အတင့် ကောင်းမွန်နိုင်တယ်။ အစိုးရကိစ္စတွေမှာ အထစ်အငေါ့ ရှိလိမ့်မယ်။ မေတ္တာရေးမှာ ကံခေတတ်တဲ့နေ့ ဖြစ်တယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားကျောင်းဆောင်ကို သန့်ရှင်းပေးရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၁၈ နဲ့ ၅၈ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနက်နဲ့ စိမ်းဝါရောင်အတွဲ ဖြစ်တယ်။

သင့်

ကြာသပတေး - စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိမယ့်နေ့ ဖြစ်တယ်။ တော်ရုံတန်ရုံ စိတ်ညစ်စရာတွေကိုလည်း အလွယ် ဖြေရှင်းသွားနိုင်မယ်။ တစ်နေ့လုံးမှာ ဘာတွေလုပ်လုပ် အနှောင့်အသွားမလွတ်တဲ့ပြဿနာလေးတွေ ရှိပေမယ့် လိုချင်တာကို ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ လုပ်ငန်းစီးပွား၊ငွေကြေးကံဇာတာပိုင်းမှာ ဒူးလောက်တင်မှ ရင်လောက် ကျန်တာမျိုး ဖြစ်မယ်။ ငွေအရ နည်းတတ်တယ်။ ချစ်ရေးချစ်ရာကိစ္စမှာ တကျက်ကျက် ဖြစ်နေမယ်။ နေ့လယ် ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ သံဃာတစ်ပါးကို ဝထ္ထုငွေ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၅ နဲ့ ၅၅ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ ရွှေဝါရောင်တွေပဲ ဖြစ်တယ်။

ကောင်း

သောကြာ - ကံသိပ်မကောင်းတတ်တဲ့နေ့ ဖြစ်လို့ တစ်နေ့တာအတွင်း စိတ်ရောလူပါ ညိုးနွမ်းသလို ဖြစ်နေမယ်။ လုပ်ကိုင်ကြံစည်သမျှ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတတ်ပြီး ဆုံးရှုံးမှုတွေလည်း ဖြစ်တတ်တယ်။ အပျော်အပါး အသွားအလာတွေ များသူဆိုရင် သတိထားရမယ်။ ပျော်ရာကနေ ပျက်တတ်လို့ မိမိကိုယ်ကို ဂရုစိုက်သင့်တယ်။ အလုပ်မှာ နေရာဌာနကိစ္စ ခေါင်းခဲစရာ ဖြစ်မယ်။ မေတ္တာရေးကံတော့ ကောင်းမယ်။ အကူအညီတွေ ရလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတစ်ဦးကို ဟင်းတစ်ခွက်စာ ဒါနပြုပေးရမယ်။ အကျိုးပေးဂဏန်းက ၇၄ နဲ့ ၀၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းနဲ့ အပြာနုရောင် ဖြစ်တယ်။

ညံ့

စနေ - ဒီနေ့မှာ အဆိုးအကောင်းတွေ မထင်ရှားပေမယ့် စိတ်တိုင်းမကျစရာတွေတော့ များမယ်။ စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ လုပ်ချင်တာတွေနဲ့ လုပ်ရမှာတွေကြား အာရုံများရတတ်တယ်။ လူငယ်တွေဆို နှလုံးသားရေးကိစ္စမှာ နားလည်မှု လွဲတာ၊ ညှိမရတာတွေ ဖြစ်လာနိုင်တယ်။ အိမ်ထောင်ရှင်တွေလည်း အချင်းချင်း သည်းမခံနိုင်ဘဲ ဖြစ်နေမယ်။ အလုပ်ကိစ္စမှာတော့ အတော်သင့် အဆင်ပြေမယ်။ လိုချင်တာလေးတွေ လက်ထဲရလာနိုင်တယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်အစုံသုပ် လှူပေးရမယ်။ ဒီနေ့ ကံကောင်းစေမယ့်အရောင်က အဝါတောက်တောက် ဖြစ်ပြီး ၇၅ နဲ့ ၃၈ က အကျိုးပေးဂဏန်းတွေ ဖြစ်တယ်။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..