
တနင်္ဂနွေ - ကိုယ့်အတွက်သာမကဘဲ သူတပါးအတွက်ပါ စိတ်ပူပန်ရတာတွေ ဖြစ်လာမယ်။ တစ်နေ့တာအတွင်း ကိုယ်ရေးကိုယ်တာအတွက် မအားရတဲ့အထဲ သူများကိစ္စတွေမှာလည်း ဝင်ပါရတတ်တယ်။ နေထိုင်မကောင်းဘဲ ဖျားချင်နာချင်သလိုပါ ဖြစ်တတ်တယ်။ ကျန်းမာရေး ညံ့နေသူဆို ဂရုစိုက်ရမယ်။ အလုပ်စီးပွားကံ မဆိုးပေမယ့် ကြိုးစားသလောက် အဖတ်မတင်ဘဲ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံတွေ ကောင်းတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သရက်သီး ၂ လုံး ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၂ နဲ့ ၁၆ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်ကတော့ ပန်းရောင်၊ အဖြူရောင် ဖြစ်တယ်။
သင့်
တနင်္လာ - မျှော်လင့်သလို မဖြစ်တာလေးတွေ ရှိပေမယ့် ဒီနေ့မှာ ငွေကြေးပိုင်းရော အလုပ်အကိုင်ကိစ္စတွေမှာပါ အဆင်ပြေပြေ ဖြစ်နေမယ်။ လုပ်ကိုင်ဆောင်ရွက်တာလေးတွေ အပေါက်အလမ်းအတည့် အောင်မြင်နိုင်တယ်။ ကိုယ့်ကို နေရာပေးတာ၊ လုပ်ပိုင်ခွင့် ပေးတာတွေလည်း ကြုံရတတ်တယ်။ ဒါပေမယ့် အိုးအိမ်နေရာကိစ္စတွေမှာ စိတ်ညစ်ရတတ်တယ်။ အိမ်သူအိမ်သား၊ ပြင်ပလူမှုရေး အညံ့ ရှိတယ်။ မေတ္တာရေးလည်း ကံအားနည်းနေမယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံကြော် ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က နို့နှစ်ရောင်နဲ့ ကြည်ပြာရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၂၃ နဲ့ ၃၉ ဖြစ်တယ်။
ကောင်း
အင်္ဂါ - စိတ်ကူးထားတာလေးတွေကို အကောင်အထည်ဖော်ခွင့်ရမယ်။ အရင်ရက်တွေက ညှိနှိုင်းမရခဲ့တာတွေ ဒီနေ့မှာ ကြိုးစားကြည့်နိုင်တယ်။ မိတ်ဆွေ၊ အဆက်အသွယ်တွေက အကူအညီပေးလာမယ်။ မိတ်ဆွေသစ်တွေ တိုးပွားတတ်တယ်။ အဆက်အသွယ်ကောင်းတွေ ရရှိတတ်တယ်။ အလုပ်မှာတော့ အကောင်းနဲ့ အညံ့တွေက ယှဉ်တွဲနေလိမ့်မယ်။ ငွေအဝင်အထွက် မြန်နေတတ်တယ်။ နှလုံးသားရေးမှာ အနှောင့်အယှက်တွေ များမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ စပယ်ပန်းတွေ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၃ နဲ့ ၂၄ ဖြစ်တယ်။ ကံကောင်းစေနိုင်တဲ့အရောင်က အနီရင့်ရင့်၊ အဝါရင့်ရင့် ဖြစ်တယ်။
ကောင်း
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - ကိုယ့်အကြောင်းကိစ္စတွေမှာ စိတ်ရှုပ်ပင်ပန်းရတာတွေ ဖြစ်လာသလို သူများပြဿနာတွေထဲမှာလည်း ကြားဝင်ရှုပ်မိလို့ နစ်နာတတ်တယ်။ အထင်မှားခံရတာ၊ ဖြေရှင်းရတာတွေ ဖြစ်တတ်တယ်။ မဟုတ်တမ်းတရား စွပ်စွဲ ပြောဆိုခံရတတ်တယ်။ စာရင်းအင်းမှားတာ၊ အလွဲတွေ များတာမျိုး ကြုံတတ်တယ်။ အလုပ်အကိုင်ရေး၊ ငွေကြေးပိုင်းမှာလည်း အလွဲအချော်တွေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကံလေးတော့ ကောင်းနိုင်တယ်။ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ရေသတ္တဝါတွေကို အစာကျွေးတာမျိုး လုပ်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၂ နဲ့ ၄၉ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က စိမ်းပြာနဲ့ အနီရောင်တွေ ဖြစ်တယ်။
ညံ့
ရာဟု - စိတ်လေလွင့်ပြီး မဟုတ်တာတွေ၊ ပေါက်ကရတွေ လျှောက်လုပ်မိတတ်တယ်။ အိမ် မကပ်ချင်တော့ဘဲ စိတ်ကူးပေါက်ရာ သွားလာမိတတ်တယ်။ ဘာကိုမှလည်း အာရုံစိုက်လို့ မရဘဲ ဖြစ်တတ်တယ်။ အလုပ်ကိစ္စမှာ ဝေ့လည်ကြောင်ပတ်နဲ့ အလုပ် မဖြစ်တာတွေချည်း လုပ်မိမယ်။ ငွေကြေးအရလည်း မရေမရာတွေ များနေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေမလိုလိုနဲ့ နောက်ပိုင်းကျမှ စကားများတတ်တယ်။ စိတ်ပင်ပန်းရမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ စေတီရင်ပြင်တော်မှာ သန့်ရှင်းရေး လုပ်ရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၈၈ နဲ့ ၈၉ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က ရောင်စုံကွက်၊ ကာလာစုံတွေ ဖြစ်တယ်။
ညံ့
ကြာသပတေး - အလုပ်ကိစ္စ အခွင့်အလမ်းတွေ ပေါ်မယ်။ အမြတ်အစွန်းများတဲ့အလုပ်တွေ လုပ်ခွင့်ရလိမ့်မယ်။ အကျိုးတူ၊ စပ်တူရှယ်ယာတွေလည်း အောင်မြင်တတ်တယ်။ လူအများနဲ့ ဆက်စပ်လေ ၊ အခွင့်အရေးတွေက ပို ရလေ ဖြစ်မယ်။ ဒါပေမယ့် မိသားစုကိစ္စ စိတ်ပူပန်စရာ ပေါ်မယ်။ အချင်းချင်း စကားများရတတ်တယ်။ ကိုယ့်ကို ရန်လိုအမုန်းပွားတာ ခံရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း နားလည်မှုမရဘဲ ဖြစ်နေတတ်တယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ခေါက်ဆွဲကြော် လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဖြူဆွတ်ဆွတ်တစ်မျိုးပဲ ဖြစ်ပြီး အကျိုးပေးဂဏန်းက ၂၂ နဲ့ ၂၅ ဖြစ်တယ်။
သင့်
သောကြာ - သွားလာလည်ပတ်စရာတွေ၊ ပျော်စရာခရီးတွေ ကြုံရတတ်တယ်။ တစ်နေ့တာလုံး ကိုယ်လုပ်သမျှ အဆင်ပြေတာ များပြီး စိတ်လည်း ချမ်းသာရမယ်။ မိတ်ဆွေတွေက ကောင်းကျိုးပြုမယ်။ ဒါပေမယ့် မိသားစု၊ အိမ်တွင်းရေးမှာ ပူပန်စရာ ဖြစ်တတ်တယ်။ စကားအခြေအတင်တွေ ပြောဆိုရလိမ့်မယ်။ အလုပ်အကိုင်ကိစ္စနဲ့ ငွေကြေးကိစ္စမှာ စောင့်ဆိုင်းရတာ၊ အနာခံရတာမျိုး ဖြစ်မယ်။ နှလုံးသားရေးမှာ အထင်မှားအမြင်မှား ခံရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သင်္ဘောသီး ၃ စိတ် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၆ နဲ့ ၆၆ ပူး ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က ပန်းဆီရောင်၊ ခရမ်းရောင် ဖြစ်တယ်။
ကောင်း
စနေ - အမှုအခင်း၊ ပြဿနာတွေ ဖြစ်လွယ်တတ်တယ်။ တစ်နေ့လုံးမှာ စိတ်ဖိစီးစရာတွေ၊ လူပင်ပန်းစရာတွေ သိပ်များလာနိုင်တယ်။ ကိုယ့်အတွက်ရော သူများတွေအတွက်ပါ ပင်ပန်းရတတ်တယ်။ အလုပ်မှာ အကြီးအကဲနဲ့ အုပ်ချုပ်သူတွေကြောင့် စိတ်ညစ်ရတတ်တယ်။ အတိုက်အခိုက်တွေကြားက လုပ်ကိုင်နေရမယ်။ ငွေကြေးကံပါ သိပ်မကောင်းဘဲ ငွေအတွက်နဲ့ပါ ပဋိပက္ခ ဖြစ်ရလိမ့်မယ်။ မေတ္တာရေးမှာလည်း စိတ်ရှုပ်စရာတွေ များလိမ့်မယ်။ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သန့်ရှင်းရေးသမားတွေကို စားစရာ လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၁ နဲ့ ၇၇ ပူး ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါရင့်နဲ့ အနီရောင် ဖြစ်တယ်။
ညံ့
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope