ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၁၉ ရက်ထိ တစ်လတာမှာ ကံမြင့်အောင် ပြုလုပ်နည်း
lotaya.mpt.com.mm
|
2023-06-19

ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၁၉ ရက်ထိ တစ်လတာမှာ ကံမြင့်အောင် ပြုလုပ်နည်း ယတြာလေးကို တင်ပြပေးမှာ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းဟာ လတိုင်းမှာ မိမိတို့ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့အခါမှာ ဒီနည်းစနစ်လေးက တစ်လတာအတွက် ကံအခွင့်အလမ်းကောင်းတွေ ကံမြင့်လာအောင် ၊ အိမ်ထောင်ရေးတွေ ၊ စီးပွားရေးတွေ ၊ ကျန်းမာရေးတွေ ၊ ပညာရေးတွေ ဒီလိုကိစ္စတွေမှာ အထောက်အကူဖြစ်ပြီးတော့ ကံကောင်းအောင် စွမ်းရည်မြင့်အောင် ပြုလုပ်တဲ့နည်းလေးဘဲ ဖြစ်ပါတယ်။

မိမိတို့ ကံမြင့်အောင် စီးပွားလာဘ်လာဘတွေ အထောက်အပံ့ဖြစ်အောင် အထူးသဖြင့် ဘက်စုံ (အိမ်ထောင်ရေး ၊ ပညာရေး ၊ ကျန်းမာရေး) မိမိမှာ ကံအခွင့်အလမ်းကောင်းတွေ မြင့်လာပြီးတော့ အားလုံးသာသာယာယာ ဖြစ်လာစေဖို့ ဒီနည်းစနစ်လေးကို တစ်လတာမှာ တစ်နေ့ကို (၁)ကြိမ်ဘဲ ဖြစ်ဖြစ် ဘုရားရှိခိုးတဲ့အခါမှာ ၊ အိမ်မှာ ဆွမ်းကပ် (ဆွမ်းတော်တင်) တဲ့အခါမှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဘယ်ကာလမှာ အဓိက လုပ်ပေးရမလဲဆိုရင် ၁၉ ရက် ၆ လ ကနေ ၁၉ ရက် ၇ လ (၁)လတာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာ ကိုယ်က ဘုရားဆွမ်းတော်တင်တယ် ၊ ပန်းကပ်တယ် ဒီလိုအမြဲတမ်းလုပ်နေတဲ့အခါမှာ လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်လို့ရပါတယ်။

ဒါပေမယ့် (၁)လတာ အတွင်း ယတြာအနေနဲ့ ဘာလုပ်ရမလဲဆိုရင် ရွှေစာရံဘုရားပုံကို အိမ်မှာ ရှိခိုးပူဇော်ပြီးတော့ အဓိဌာန်ဝင်ရမှာ ဖြစ်ပါတယ်။ အဓိဌာန်ကလည်း ကြီးကြီးမားမားလည်း မဟုတ်ပါဘူး။ အိမ်မှာ ဘုရားဆွမ်းကပ်တဲ့အခါမှာ ရည်မှန်းပြီးတော့ ကပ်လို့ရပါတယ်။ ရွှေစာရံဘုရားနားကို နီးတဲ့ ပုဂ္ဂိုလ်တွေကတော့ ရွှေစာရံဘုရားမှာ ပြုလုပ်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။

အဓိဌာန်အနေနဲ့ မြောက်အရပ်ကို မျက်နှာမူပြီး သာကူယိုဆွမ်းကို ကပ်လှူပါ။ ရတနသုတ် ပရိတ်တော်ကိုလည်း ရွတ်ဖတ်ရမှာ ဖြစ်ပါတယ်။ ရွတ်ဖတ်ပူဇော်ပြီး မိမိတို့ (၁)လတာအတွက် အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး စသဖြင့် အရေးကိစ္စတွေမှာ အဆင်ပြေပါစေကြောင်း ဆုတောင်း အမျှအတမ်း ပေးဝေရမှာ ဖြစ်ပါတယ်။

(၁) လတာ အတွင်းဖြစ်ပေါ်နေတဲ့ အမှုအခင်းပြဿနာဘဲ ဖြစ်ဖြစ် ၊ အိမ်ထောင်ရေး ပြဿနာဘဲဖြစ်ဖြစ် ၊ စီးပွားရေး ပြဿနာဘဲဖြစ်ဖြစ် ၊ ကျန်းမာရေး ပြဿနာဘဲ ဖြစ်ဖြစ် ၊ ဘယ်လိုကိစ္စတွေဘဲ ဖြစ်ဖြစ် ကံကြမ္မာတွေ ကောင်းလာပါမယ်။ ကံအထောက်အပံ့တွေ ကောင်းလာပြီး ကံတွေမြင့်မားလာကာ မိမိတို့ ဘဝဖြတ်သန်းမှုမှာ အေးချမ်းသာယာလာမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာဉီးစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..