နှလုံးသားလမ်းကြောင်းက ပြောနေတဲ့ သင့်အချစ်ရေး
lotaya.mpt.com.mm
|
2023-06-20

နှလုံးသားလမ်းကြောင်းကိုတော့ (Love Line) လို့လည်း ခေါ်ပါတယ်။ အကောင်းဆုံး နှလုံးသားလမ်းကြောင်းရဲ့ ပုံစံကတော့ လမ်းကြောင်းက နက်ရှိုင်းမယ်၊ ရှုပ်ထွေးမနေပဲ ရှင်းလင်းပြတ်သားမယ်၊ အကျိုးအပြတ် မရှိတာမျိုးပါ။ လက်ဖဝါးမှာရှိနေတဲ့ နှလုံးသားလမ်းကြောင်းက သင့်ရဲ့ အနာဂါတ်အချစ်ရေးကို ဖော်ပြပေးနိုင်ပါတယ်။

နှလုံးလမ်းကြောင်းဟာ လက်ညှိုးနဲ့လက်ခလယ်ကြားမှာ အဆုံးသတ်သွားတယ်ဆိုရင် သင့်ရဲ့ အချစ်ဟာ အဖြူထည်ပါ။ ဘာကိုမှ မျှော်လင့်မထားပဲ ချစ်သူကို အဖြူထည်သက်သက်၊ အချစ်စစ် အချစ်မှန်နဲ့ ချစ်တတ်တဲ့သူပါ။

နှလုံးလမ်းကြောင်းက အပေါ်ကို ခုံးပြီး တတ်သွားတယ်ဆိုရင် တော့ သင်ဟာ ရိုမန်တစ်ဆန်သူပါ။ ချစ်သူကို အမြဲတမ်း ရိုမန်တစ်ဆန်ဆန် ချစ်တတ်သူပါ။

နှလုံးလမ်းကြောင်းဟာ လက်ညှိုးအောက်မှာ အဆုံးသတ်သွားတယ်ဆိုရင်တော့ ဒါဟာ ကောင်းတဲ့လက္ခဏာပါ။ အချစ်၊ အိမ်မက်နဲ့ မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိသူပါ။ အရမ်းချစ်တတ်တဲ့သူမျိုးဆိုတာကို ပြနေတာပါ။

နှလုံးလမ်းကြောင်းတိုနေရင်..

နှလုံးသားလမ်းကြောင်းက အရမ်းတိုမယ်ဆိုရင်တော့ သင်ဟာ အထီးကျန်နေရတတ်တဲ့ သူမျိုးပါ။ အနားမှာ အပေါင်းအသင်းမိတ်ဆွေတွေ ရှိနေရင်တောင်မှ တစ်ယောက်တည်း အထီးကျန်ဝေဒနာကို ခံစားနေရတတ်တဲ့ သူမျိုးပါ။ သင့်ရဲ့ အချစ်ရေးကတော့ ပန်းခင်းလမ်းမဟုတ်ဘဲ၊ ဆူးခင်းလမ်းလို အချစ်ရေးမျိုးနဲ့ ကြုံရတတ်တယ်။ ချောမွေ့တဲ့ ချစ်ခရီးလမ်းမျိုးကို မပိုင်ဆိုင်ရတတ်ပါဘူး။

နှလုံးလမ်းကြောင်း ရှည်ရင်…

နှလုံးလမ်းကြောင်းရှည်တယ်၊ ဖြောင့်မတ်တယ်၊ ခွဲဖြာထွက်တာမျိုး မရှိဘူးဆိုရင်တော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ ဖြတ်ကျော်ပြီး အောင်မြင်မှုကို ပိုင်ဆိုင်ရတတ်ပါတယ်။ ဒီလိုလမ်းကြောင်းပိုင်ရှင်က ယောကျ်ားဆိုရင် မိန်းမ ကြောက်ရသူပါ။ မိန်းကလေးဆိုရင်တော့ ချစ်သူအပေါ် အရမ်းကို သစ္စာရှိသူပါ။ ဒါပေမယ့် သင့်ဘဝမှာတော့ မတည်မငြိမ် ကသောင်းကနင်း အခြေအနေမျိုးနဲ့ မကြာခဏ ကြုံရတတ်ပါတယ်။ ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေဟာ ချစ်သူ(သို့)လင်မယားနဲ့တစ်ကြိမ် ပြတ်စဲဖူးရင် သူများထက်ပိုပြီး နက်နက်ရှိုင်းရှိုင်းခံစားကြေကွဲတတ်သူပါ။

နှလုံးလမ်းကြောင်း ကွေးကောက်

နှလုံးလမ်းကြောင်းက အောက်ကို ကွေးကောက်သွားတယ်ဆိုရင်တော့ ဒါက မကောင်းတဲ့ negative character ကိုပြနေတာပါ။ ရင်ထဲက ချစ်မေတ္တာကို ထုတ်ဖော်ဖို့ ဝန်လေးတတ်၊ မဝံ့မရဲ ဖြစ်တတ်သူမို့ ဘေးကသူတွေရဲ့ အားမလိုအားမခြင်းကို ခံရတတ်သူပါ။ အချစ်နဲ့ပတ်သက်ရင် သွေးကြောင်တတ်တဲ့သူမျိုးပါ။

သင့်ရဲ့ လက်ဖဝါးမှာရှိနေတဲ့ နှလုံးသားလမ်းကြောင်းကနေ သင့်ရဲ့ အနာဂါတ်အချစ်ရေးကို သေချာလေ့လာ တိုက်ဆိုင် စစ်ဆေးကြည့်နိုင်ရန် ဖော်ပြလိုက်ရပါသည်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..