ဇွန် ၂၀ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-06-20

တနင်္ဂနွေ - ကိုယ့်မိသားစုနဲ့ ပတ်သက်လို့ စိတ်မချမ်းသာစရာတွေ ဖြစ်ပေါ်ခံစားရတတ်တယ်။ အိမ်သူအိမ်သား၊ မိသားစုတွေချင်း စိတ်ဝမ်းကွဲတတ်သလို ချစ်သူရည်းစား၊ အိမ်ထောင်ဖက်တွေကြားမှာလည်း ပြဿနာလေးတွေ များတတ်တယ်။ တစ်နေ့တာ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာလည်း ကြိုးစားသလောက် အရာမထင် ဖြစ်နေမယ်။ ငွေကျပ်တာ၊ ငွေပြတ်တာတွေ ဖြစ်တတ်တယ်။ မိတ်ဆွေ၊ ဆရာတွေကတော့ အကူအညီတွေ ပေးလာလိမ့်မယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့် ၅ ချပ် ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဝါဖျော့နဲ့ ရွှေရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၁၅ နဲ့ ၁၁ အပူး ဖြစ်တယ်။

သင့်

တနင်္လာ - အလိုလိုနေရင်း စိတ်ထဲမှာ မွန်းကြပ်စရာတွေ ဖြစ်နေတတ်တယ်။ စိတ်ထဲ မကြည်မလင် ဖြစ်လွယ်လို့ ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်နေတတ်တယ်။ အလုပ်မှာလည်း အနှောင့်အယှက်တွေ များမယ်။ ကိုယ့်နေရာ ကိုယ့်အခွင့်အရေးအတွက် အပြိုင်အဆိုင်တွေကြားက ကြိုးစားယူရမယ်။ ကျန်းမာရေး ချူချာမှု ဖြစ်တတ်တယ်။ ငွေကြေးကိစ္စမှာ ပင်ပန်းမှု များတတ်တယ်။ နှလုံးသားရေးမှာတော့ အကောင်းရောအဆိုးပါ ကြုံရတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ အဖွားအိုတစ်ဦးကို ဓာတ်စာ၊ ဆေးဝါး လှူပေးရမယ်။ အကျိုးပေးဂဏန်းက ၃၀ နဲ့ ၃၇ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ နက်ပြာရောင် ဖြစ်တယ်။

ညံ့

အင်္ဂါ - တစ်နေ့လုံးမှာ ကိုယ့်ကို အတိုက်အခံ လုပ်တာ၊ ပြဿနာရှာတာတွေ ကြုံရတတ်တယ်။ ဒါပေမယ့် ဒီနေ့ ကိုယ်လုပ်သမျှတွေက အောင်မြင်တာ များမယ်။ အခက်အခဲတွေ ဘယ်လောက်များများ ဖြတ်ကျော်နိုင်မယ်။ တစ်နေ့တာ ငွေကြေးစီးပွား၊ လုပ်ငန်းကိစ္စတွေမှာလည်း ဖြစ်မြောက်အဆင်ပြေလိမ့်မယ်။ ငွေဝင်ကိန်း ရှိတယ်။ ယာဉ်၊ ခရီးနဲ့ ပတ်သက်ရင်တော့ သတိထားရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာမှု ရမယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ စာကလေးတွေကို ဆန်ကွဲ ကျွေးပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၈ နဲ့ ၂၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ကတ္တီပါရောင်တစ်မျိုးပဲ ဖြစ်တယ်။

သင့်


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - ကိုယ့်အိမ်ထဲမှာ စိတ်ညစ်စရာလေးတွေ ဖြစ်တတ်သလို ပြင်ပလူမှုရေးမှာလည်း ကတောက်ကဆတွေ ဖြစ်ရတတ်တယ်။ ကိုယ်တိုင်ကတော့ လုပ်ချင်တာတွေကို ပြတ်ပြတ်သားသား လုပ်နိုင်မယ်။ အလုပ်အကိုင်ရေး၊ ငွေရေးကြေးရေးတွေမှာ ကြိုးစားသလောက် ဖြစ်မြောက်လိမ့်မယ်။ အကျိုးတူလုပ်ငန်းတွေ အဆင်ပြေလိမ့်မယ်။ ရပ်ဝေးက မိတ်ဆွေ၊ အဆက်အသွယ်တွေ အကျိုးပြုမယ်။ မေတ္တာရေးမှာတော့ မကျေလည်စရာတွေ များမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မလိုင်လုံး ၅ လုံး ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ဖက်ဖူးရောင်၊ အဝါရောင် ဖြစ်ပြီး ၄၅ နဲ့ ၄၄ က အကျိုးပေးဂဏန်းတွေ ဖြစ်တယ်။

ကောင်း

ရာဟု - လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေက ပြန်အကျိုးပြုမယ့်နေ့ ဖြစ်တယ်။ အရင်က မပြီးပြတ်ခဲ့တဲ့ အလုပ်တွေ ပြန်လုပ်ရင် လက်စသတ် အောင်မြင်နိုင်တယ်။ သတင်းကောင်းတွေ ကြားရတတ်ပြီး ကိုယ့်အတွက် အကျိုးပြုမယ့် လူတွေနဲ့လည်း ချိတ်မိလိမ့်မယ်။ ဒီနေ့မှာ လူကြီးသူမတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရတဲ့အခါ သတိထားဖို့ လိုမယ်။ သဘောကွဲလွဲမှု ဖြစ်တတ်တယ်။ နှလုံးသားရေးမှာ ဝမ်းနည်းစရာတွေ ဖြစ်တတ်တယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးတိုင် ၉ တိုင် ပူဇော်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၈ နဲ့ ၈၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အညိုရောင်၊ အနက်ရောင် ဖြစ်တယ်။

ကောင်း

ကြာသပတေး - လုပ်နေကျမဟုတ်တာတွေ လုပ်ရတတ်တယ်။ ထူးထူးဆန်းဆန်းကိစ္စတွေ၊ ပုံမှန်မဟုတ်တာတွေ ကြုံရတတ်တယ်။ ဘာသာရေး၊ အလှူအတန်းတွေထဲ ပါဝင်ပတ်သက်ရတတ်တယ်။ ဘုန်းကြီး၊ ဆရာသမားတွေ နဲ့ မမျှော်လင့်ဘဲ ဆုံရတတ်တယ်။ ကံကောင်းတာလေးတွေ ရှိပေမယ့် အိမ်တွင်းရေးမှာတော့ သောက များမယ်။ အလုပ်တွေကလည်း ကမောက်ကမ ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘေးလူ သတိထားရမယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မြေပဲကြော် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၅၅ နဲ့ ၃၅ ဖြစ်တယ်။ ကံကောင်းစေနိုင်တဲ့အရောင်က အနီရင့်နဲ့ အဝါဖျော့ဖျော့ ဖြစ်တယ်။

သင့်

သောကြာ - ကိုယ်ရောစိတ်ပါ မသက်မသာတွေ ခံစားရတတ်တဲ့နေ့ ဖြစ်တယ်။ လူပင်ပန်းစိတ်ပင်ပန်းရတာတွေ များမယ်။ မနေမနား လှုပ်ရှားလုပ်ကိုင်ရတတ်တယ်။ တစ်နေ့လုံးမှာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရပြီး ငွေကြေးအကျိုးအမြတ်ကတော့ သိပ်မရေရာဘဲ ဖြစ်နေမယ်။ ငွေအတွက် တစ်ခါမက ပြောဆိုနေရလိမ့်မယ်။ ခရီးကိစ္စ၊ အပျော်အပါးကိစ္စတွေ သတိပြုရမယ်။ စိတ်ညစ်ရတတ်တယ်။ နှလုံးသားရေးမှာတော့ ကံပွင့်နေမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီမှာ သန့်ရှင်းရေး လုပ်ပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က စိမ်းပြာနဲ့ မီးကျီခဲရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၃၃ နဲ့ ၃၇ တွေ ဖြစ်တယ်။

ညံ့

စနေ - ဘယ်ကိစ္စမဆို သိပ်အလေးမထားမိဘဲ အေးရာအေးကြောင်း လုပ်မိလု့ိ နှောင့်နှေးရတတ်တယ်။ ဒီနေ့မှာ စိတ်တွေ ဂဏှာမငြိမ်ဘဲ ဟိုဟာလုပ်ရမလို၊ ဒါပဲ လုပ်ရတော့မလို ဖြစ်နေမယ်။ တစ်ခုခု လုပ်ပြီးရင် ပြန်ပြင်တာ၊ ပြန်ဖျက်တာတွေ လုပ်မိတတ်တယ်။ အလုပ်ကိစ္စမှာ ငွေကြေးကံလေး ရှိပေမယ့် မျှော်လင့်သလောက် မရဘဲနဲ့ ဖြစ်နေမယ်။ အသွားအလာတွေ များတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မကျေမနပ် ခံစားရတတ်တယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ထမင်း ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၄ နဲ့ ၅၅ အပူးတွေ ဖြစ်ပြီး အစိမ်းရင့်ရင့်နဲ့ ရွှေအိုရောင်က ကံကောင်းစေတတ်တယ်။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..